NDF အဖွဲ့ဝင်တချို့ကို အသနားခံစာ တင်ခိုင်း ဧရာဝတီ Saturday, July 31, 2010
နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်ကျခံဖူးသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အဖွဲ့ဝင်များ ရွေးကောက်ပွဲဝင်လိုလျှင် အသနားခံစာ တင်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ခေါ်ယူပြောဆိုကြောင်း သတင်းရရှိသည်။
၁၉၉၀ ပြည့်နှစ်တွင် စင်ပြိုင်အစိုးရ တည်ထောင်ရန် ကြိုးပမ်းမှုဖြင့် ထောင်ကျခဲ့ဖူးသည့် NDF ခေါင်းဆောင်ဦးခင်မောင်ဆွေ အပါအဝင် ဦးတင်အောင်၊ ဦးသာဆိုင်နှင့် ဦးစိန်လှဦးတို့ကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက နေပြည်တော်သို့ ခေါ်ယူ၍ “အစိုးရနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း” ဖော်ပြထားသည့် အသနားခံစာကို တင်ပြရမည်ဟု ပြောဆိုကြောင်း သိရသည်။
“ဒါကတော့ ရှင်းပါတယ်။ စာတင်ရင် သူတို့က ခွင့်ပြုမယ်၊ မတင်ရင် ခွင့်မပြုဘူးပေါ့။ ဒါပေမယ့် အခု ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာကို မပြောနိုင်သေးပါဘူး” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
NDF
ပြီးခဲ့သည့် ၆၃ နှစ်မြောက် အာဇာနည်နေ့က NDF အဖွဲ့အာဇာနည် ခေါင်းဆောင်များကို လွမ်းသူ့ပန်းခွေချ အလေးပြုရန် လာရောက်စဉ်(ဓာတ်ပုံ - ဧရာဝတီ)
NDF ပါတီဝင် ၄ ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော လွှတ်တော် အမတ်များလည်း ဖြစ်ခဲ့ကြသည်။ ယခု အဝေးရောက် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းနှင့် နိုင်ငံတော် သစ္စာဖောက်မှု အမှုတတွဲတည်း ဖြစ်ခဲ့ကြပြီး ဒေါက်တာ စိန်ဝင်းက ပြည်ပသို့ တိမ်းရှောင် လွတ်မြောက်သွားသည်။
အသနားခံစာတွင် နိုင်ငံတော် သစ္စာဖောက်မှုအတွက် သတ်မှတ် ထောင်ဒဏ်များ ကျခံခဲ့ရပြီးဖြစ်ကြောင်းနှင့် ထိုကိစ္စမျိုး နောက်တကြိမ် မပတ်သက်တော့ကြောင်း ထည့်သွင်းဖော်ပြရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း NDF ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးသာဆိုင်က ပြောသည်။
“မျှော်လင့်မထားပါဘူး။ စိတ်မကောင်း ဖြစ်ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်လို့မရရင်တောင်မှပဲ ပါတီမှာ တာဝန်ဆက်ယူသွားပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နာမည်တွေကို ဖော်ပြပြီးတော့ ပါတီ မှတ်ပုံတင်ခွင့်ကို အစိုးရက ခွင့်ပြုပြီးသားလေ” ဟု ဦးသာဆိုင်က ဆိုသည်။
NDF ခေါင်းဆောင် ၄ ဦးသည် ရှေ့နေများနှင့် တိုင်ပင်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းပြန်ရန် ဆွေးနွေးနေကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် NDF ခေါင်းဆောင်များက မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှာ စစ်အစိုးရ ကျောထောက်နောက်ခံရှိသည့် အဖွဲ့များမှ ပုဂ္ဂိုလ်များ ဖြစ်နေခြင်း၊ စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်လျှက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် တရားဝင် ပြောင်းလဲခဲ့ခြင်းများကို ပြောဆိုခဲ့သည်ဟု သိရှိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်းများ တည်ထောင်ခဲ့သော NDF ပါတီသည် ဇူလိုင်လ ၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ကျခဲ့သည်။
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်း ၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။Rest of your post
Sunday, August 1, 2010
ဒီခေတ် ဒီစနစ် ဒီလူတွေကြည့်ပြီး လူဖြစ်တာ မှားပါတယ်။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
-
▼
August
(242)
No comments:
Post a Comment