“တပ်တွင်းပြိုကွဲမှုတွေကတော့ဖြစ်မှာပါ၊ သေချာပါတယ်။ ထိပ်ပိုင်းဆိုင်ရာကွဲပြဲမှုတွေကတော့အမှန်ပဲဆိုတာကျွန်တော်တို့တွေ့နေရတယ် လေ။ လက်ရှိဆန္ဒပြပွဲတွေဟာ(၈၈)နဲ့မတူဘူး။ (၈၈)တုန်းကတော့ဆန္ဒပြသူတွေကို ကွန်မြူနစ်တွေလို့ စွပ်စွဲပြီး၊ လိမ်ညာသတ်ခိုင်း ခဲ့လို့ရခဲ့ပေမယ့်၊ ..အခုကျတော့မေတ္တာတရားကိုပွားပြီးတိုင်းပြည်မှာပြုပြင်ပြောင်းလဲဖို့လုပ်တဲ့သူတွေကသာမန်လူတွေမဟုတ်ဘူး။ ဘုရား သားတော်တွေလေ၊ ငြိမ်းချမ်းရေးကိုလိုလားတဲ့သူတွေ၊ သာသနာထမ်းရွက်နေသူတွေ၊ ဒီသံဃာတော်တွေကိုဘယ်လိုပုံစံနဲ့ စွပ်စွဲမလဲ၊ ဒါတွေကိုပစ်သတ်ခိုင်းတော့၊အမိန့်ပေးတဲ့နေရာမှာ၊ လူစိတ်ရှိတဲ့တပ်မှူးတွေနဲ့၊ ရမ်းကားလိုတဲ့တပ်မှူးတွေဆိုတာ၊ ဒီတိုက်ပွဲကတော့ဒီ လိုရှိနေမှာပဲ၊ ဒီမှာကိုကွဲနေပြီ။ ဥပမာ..ရန်ကုန်မှာပစ်တယ်၊ မန္တလေးမှာမပစ်ဘူး။ နယ်တွေမှာမပစ်ဘူး။ ပစ်မိန့်ပေးတာတော့အတူတူပဲ။ ပစ်တဲ့နေရာပစ်တယ်၊မပစ်တဲ့နေရာမပစ်ဘူးဆိုတော့၊ ဒါ.. တပ်တွင်းမှာအဓိကသဘောထားကွဲလွဲမှုကိုပြနေတာပဲလေ။ စိတ်ကောင်းရှိတဲ့ တပ်မှူးတွေကမြန်မာပြည်မှာပေါ်လာမှာပဲ။ ”
အဲဒီလိုဆွေးနွေးတဲ့အသံတွေကြားနေရတာနဲ့ပတ်သက်ပြီးတော့၊ မနေ့ကကြားရတဲ့သတင်းတစ်ခုကတော့ “ဟို..ဘုန်းကြီးတွေကိုပစ်ဖို့၊ စီမံချက်တွေဘာညာ..သိတယ်လေ၊ အဲ.. ဘုန်းကြီးတွေလမ်းလျှောက်တာလည်းတွေ့တယ်။ နောက်ဘုန်းကြီးတွေကိုရိုက်မယ်၊ ပစ်မယ် ဆိုတဲ့အမိန့်ပေါ့၊အဲဒါကိုသိတာနဲ့၊ အမိန့်ပေးတော့မယ်၊ လုပ်ရတော့မယ်ဆိုတော့ .. ဘုန်းကြီးတွေကိုမသတ်ချင်ဘူး၊ ဘုန်းကြီးဆိုတော့ ကိုယ့်ဗုဒ္ဓဘာသာပဲလေ၊ဘုရားရဲ့သားတော်တွေပဲ။အဲဒါကြောင့်ဒီဘက်ကိုတာဝန်..တာဝန်စွန့်လွှတ်ခဲ့တာ..။” မြန်မာ့တပ်မတော်ကထွက်ပြေးလာတယ်ဆိုတဲ့ ဗိုလ်မှူးဌေးဝင်းပြောသွားတာဖြစ်တယ်။ သူနဲ့အတူသားဖြစ်သူလည်းလိုက်ပါလာတယ်တဲ့။ တပ်မ(၉၉)က အဲဒီဗိုလ်မှူးဌေးဝင်းကို နော်ဝေးရုပ်မြင်သံကြားဌာန (တီဗွီ-၂)ကတွေ့ဆုံမေးမြန်းခဲ့တယ်။ အဲဒီအထဲမှာဗိုလ်မှူးဌေးဝင်း ကသူ့ရဲ့တပ်မတော်အရာရှိကဒ်ပြားကိုလည်းပြသခဲ့ပါတယ်။ ကိုယ်ပိုင်နံပါတ်(၁၇၆၈၃)ဗိုလ်မှူးဌေးဝင်းက သူဟာရဟန်းသံဃာတွေကိုပစ် ဖို့၊ရိုက်ဖို့ပေးတဲ့အမိန့်တွေကိုမလိုက်နာနိုင်တဲ့အတွက်ထွက်လာတာလို့ပြောခဲ့ပါတယ်။ ဗိုလ်မှူးဌေးဝင်းဟာ ပစ်မိန့်ပေးတာကိုငြင်းပယ်ခဲ့သ လား၊ ပစ်မိန့်မပေးခင်ကတည်းကထွက်လာခဲ့တာလားကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးတဲ့ခင်ဗျာ။
ဒီနေရာမှာပြောချင်တာတစ်ခုကတော့ ဗိုလ်မှူးဌေးဝင်းဟာတိုင်းပြည်ကနေထွက်ပြေးလာတာမဟုတ်ဘူးဗျ။ သူဟာလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကိုစံပြလုပ်ပြသွားတာ။ ကျန်တဲ့တပ်မတော်သားတွေအတုယူစေချင်စမ်းပါဘိတော့။ သူ့အနေနဲ့လုပ်ပိုင်ခွင့်ရှိခဲ့ပေမယ့်၊လုပ် လည်းလုပ်နိုင်ခဲ့ရဲ့သားနဲ့ ဗိုလ်သန်းရွှေလိုအ၀ိစိထိုးဆင်းဖို့မကြိုးစားခဲ့ဘူး။ ဦးညွတ်ဂုဏ်ပြုသင့်ပါတယ်။ အထဲမှာဒီလိုဗိုလ်မှူးတွေအများ ကြီးရှိနေသေးတယ်။ ထုံးစံအတိုင်းခေါင်းအဖြတ်ခံထားကြရတာဆိုတော့။ အချိန်အတိုင်းအတာတစ်ခုထိတော့စောင့်ကြရဦးမှာပေါ့။ တ ဆက်တည်း၊ ရုရှားကလက်တစ်ဆုပ်စာဆိတ်ဗိုလ်တို့ကရော.. (လျှာရှည်လိုက်ဦးမယ်၊မနေ့က၊ဒီဆိတ်ဗိုလ်ဆိုတာလေးကြားလိုက်ရလို့)၊ ဒီ ဗိုလ်မှူးဌေးဝင်းကိုဘယ်လိုသဘောရကြတုန်း၊ ထုံးစံအတိုင်းပြောဦးမှာပဲမဟုတ်လား၊ တိုင်းပြည်ကိုသစ္စာဖေါက်တာတို့၊ အလုပ်အကျွေး မပြုချင်တာတို့၊ သူများဆီကျွန်ခံတာတို့၊ ကြားယောင်နေတယ်နော်။ စကားလုံးလေးတွေပြောင်းသုံးကြည့်ကြပါဦးလား၊ သူများကတော့ လုပ်သင့်တာလုပ်လိုက်ပြီ။ အခုထက်ထိယောင်နေတုန်း။ စဉ်းစားကြပါ။ မြန်မာစစ်တပ်တစ်တပ်လုံးပေါင်းလိုက်ရင် ငါးသိန်းပြည့်ပါ့မလား၊ အဲဒီအထဲကမှတစ်နှစ်ထွက်ပြေးတဲ့စစ်သားကတပ်မတစ်တပ်စာ၊ ပြည်သူဘက်ပါချင်တဲ့တပ်မတော်သားကအနည်းဆုံးတစ်ဝက်လောက်၊ ဒါထက်တောင်ပိုဦးမယ်ထင်ပါ့။ ရုရှားမှာရောဘယ်လောက်လောက်ရှိနေမယ်မသိ၊ တစ်ဝက်တော့ကျော်မယ်ထင်တယ်နော်။ ဘာလို့လဲ ဆိုတော့၊ အစစအရာရာလွတ်လွတ်လပ်လပ်မြင်ခွင့်တွေ့ခွင့်၊ စဉ်းစားခွင့်တွေရနေကြတာလေ၊ ရုရှားရောက်တုန်းဘာလို့ဥခွံလေးထဲမှာ လိုကျင့်သုံးနေကြဦးမလဲ လက်တစ်ဆုပ်စာဆိတ်ဗိုလ်တို့၊ သူများတွေအလုပ်လုပ်နေတာပဲလျှောက်အော်နေတော့မှာလား၊ သေချာတယ်။ စာမေးပွဲတွေတိုင်း(ဒဗွား)ကနေတက်တော့မှာမဟုတ်ဘူး။
အခုမစ္စတာပီညဲရိုးလည်း၊နောက်တစ်ခေါက်ပြန်သွားဦးမယ်တဲ့၊ ဂမ်ဘာရီကြီးကတော့ ကုလမှာနောက်နေ့တွေဆိုရင် အစီရင်ခံစာတင်ပြီ။ သူကတော့ဘယ်လိုပြောမယ်မသိသေးဘူး။ ပီညဲရိုးကအင်းစိန်ထောင်ထဲအသံခိုးဖမ်းခံထားရတဲ့ပုဂ္ဂိုလ်လားမသိဘူး၊ သိရင်ပြောကြပါဦး ဗျို့၊မြန်မာပြည်သွားပြီးလူ့အခွင့်အရေးကိစ္စစုံစမ်းချင်တာ၊ ဗိုလ်သန်းရွှေဗီဇာမပေးတာ(၄)နှစ်ရှိပြီတဲ့။ ဗိုလ်သန်းရွှေကဘုန်းကြီးတော့သတ် တယ်၊ပီညဲရိုးတော့ကြောက်လိုက်တာ၊ ပီညဲရိုးကြီးကလည်းမြန်မာပြည်အကြောင်းနဲ့၊ သန်းရွှေအကြောင်းကောင်းကောင်းသိတယ်။ သူ လားရှိုးသွားပြီး၊ ဖွတ်ညည်းတဲ့အသံသွားနားထောင်ရှာမယ်မထင်ဘူး။ စဉ်းစားမိတာ၊စိတ်လည်းပူမိပါတယ်။ ဆိတ်ဗိုလ်တွေအတွက်ပေါ့။ တကယ်လို့၊သူတို့ရုရှားရောက်နေတုန်း၊ နောက်တစ်ခါဆန္ဒပြပွဲတွေပြန်ဖြစ်၊ နိုင်ငံတကာကလည်းဝိုင်းဖိညှစ်လုပ်လာလို့၊ ပြီးတော့ဗိုလ်မှူး ဌေးဝင်းလိုပုဂ္ဂိုလ်တွေအလျှိုလျှိုပေါ်လာခဲ့ရင်ဗိုလ်သန်းရွှေတို့မြေမြိုပါပြီတဲ့။သူတို့ဘယ်လိုလုပ်မတုန်း၊ရုရှားမှာတော့ပတ်(စ်)ပို့အစိမ်းရောင် လေးတွေကိုင်ထားတာပဲ။ လာတုန်းကတော့ပိုက်ဆံပေါခဲ့လို့၊ ကိုယ့်ဘာသာကိုယ်လေယဉ်ငှားစီးလာတာ၊ အရေးရယ်အကြောင်းရယ်ဆို၊ ဘယ်နေရာသွားလို့၊ ဘယ်လေကြောင်းနဲ့ပြည်တော်ပြန်ရပါ့။ လက်ထဲလည်းလေယဉ်လက်မှတ်ဖိုးလုံလုံ လောက်လောက်ရှိတာမဟုတ်။ မစားမသောက်ပဲ (၅)လလောက်စုမှ ရန်ကုန်ပြန်ရောက်မဲ့ကိန်း၊ ပူတင်ကြီးကလည်း၊လေယဉ်လက်မှတ်ဖိုး စိုက်ပေးပါ့မလား။ ဒါမှမဟုတ်၊ တစ်ခုခုစီစဉ်ပေးပါ့မလား။ ချက်ချင်းကြီးဆိုတော့လည်းရန်ကုန်ကငွေလာမပို့နိုင်။ ဘဏ်တွေကလည်းသုံး မရ။ ရင်မောလိုက်တာ။ အရေးထဲလာမယ့်စာမေးပွဲတွေကလည်းရှိသေး။ အခုတလောအွန်လိုင်းမှာကလည်းလူရာမ၀င်။ ဆိတ်ဗိုလ်တွေပြောတာပါ။ စစ်ဗိုလ်စစ် စစ်တော့မဆိုလိုပါဘူး။
တစ်ခုတော့ရှိတယ်။ တကယ်လို့အဲလိုဖြစ်ခဲ့ရင်လေ။ တော်ကြာနေဆောင်းတွင်းရောက်ပြီမဟုတ်လား။ လမ်းတွေပေါ်မှာနှင်းတွေကျလို့၊ ရေခဲပြင်ကြီးပဲမြင်ရတော့မယ်။ရာသီဥတုကလည်းဆိုးလာလိုက်တာ၊ လမ်းဘေးရှုးရှုးထိုင်ပေါက်ရင်တောင်မထွက်ခင်ခဲသွားမဲ့အခြေအနေ မျိုးမှာ၊ အားတော့နာပါရဲ့၊ ရေခဲရှင်းတဲ့အလုပ်ဝင်လုပ်ကြပေါ့။ ရုရှားတွေကပြောသာပြောတာ၊ နှင်းတအားကျလို့၊ လမ်းတကယ်ရှင်းလာရ ပြီဆိုရင်ကားတွေနဲ့မနိုင်တော့ဘူး။ လူအားသုံးလာရတော့ လူလိုတယ်လေ။ တစ်နေ့ရူဘယ်(လ်) (200)ရလည်းမနဲဘူးပေပဲ။ သာမန်ရုရှား ၀န်ထမ်းတောင် တစ်လမှ ပျမ်းမျှ ဒေါ်လာ (200) ပဲရကြတာကလား။ တွေးရင်းတွေးရင်းရင်မောမိတယ်။ သူများတွေကိုလိုက်ပြီးပြည်ပြေး တယ်ဘာညာလျှောက်အော်နေ။ ၀ဋ်ဆိုတာချက်ချင်းလည်တယ်နော။ ငရဲသာကြာချင်ကြာမှာ။ သူများတွေပြည်ပြေးတယ်ဆိုတာကအ လုပ်လေးအကိုင်လေးနဲ့ပြောချင်တာပြော၊ လွတ်လွတ်လပ်လပ်နဲ့လူ့အခွင့်အရေးအပြည့်အ၀ရတယ်။ ဘယ်သူမှဘယ်သူ့ကိုလက်အုပ်ချီရ တာမျိုးမရှိဘူး။ ဘုရား၊ တရား၊ သံဃာကလွဲလို့ပေါ့။ နောက်ဆုံးကုန်ကုန်ပြောမယ်ဗျာ။ ကိုယ့်လူတွေသာရုရှားမှာပြည်ပြေးလုပ်ရမယ် ဆိုရင်တကယ်လို့အလုပ်လေးအကိုင်လေးပါရှာတွေ့မယ်ဆိုရင်၊ နေသာနေလိုက်တော့။ ဗိုလ်သန်းရွှေအုပ်ချုပ်တဲ့မြန်မာပြည်ထက်တော့ အဆတစ်သိန်းလောက်ပိုကောင်းတယ်။ နေစရာမရှိရင်လဲ၊ မြေအောက်ရထားမှာ ကရင်မလင်ပတ်တဲ့ အ၀ိုင်းလိုင်းရှိတယ်မဟုတ်လား။ သူကတစ်နေ့လုံးမနားပဲမောင်းနေတာလေ။ ရထားထဲတစ်နေရာရာမှာခွေသာအိပ်လိုက်နေတော့၊ အကြောင်းကြောင်းကြောင့်ရထား မပြောင်းမချင်းတော့၊ဘယ်ရဲကမှလာမနှောက်ယှက်ဘူး။ တစ်ခုတော့ရှိတယ်။ အလကားနေအသားအရောင်မတူတဲ့၊ ဗီယက်နမ်တွေကို အဓိကလိုက်ဖိုက်နေတဲ့ လူငယ်အုပ်စုတွေကိုတော့သတိထားပေါ့။ မြန်မာတွေအများကြီးမော်စကိုမှာရှိတယ်ဆိုတာဒီကောင်တွေကောင်း ကောင်းသိတယ်နော်။ ဗီယက်နမ်တွေကကိစ္စမရှိဘူး။ သန်းနဲ့ချီနေတာ၊ မေဖီး(လ်)မှာနေတဲ့ကျောင်းသားတွေကတော့ဒီကောင်တွေအ ကြောင်းကောင်းကောင်းသိပါတယ်။ အကိုကြီးတွေဘယ်လိုခံခဲ့ရတယ်ဆိုတာပါ။ ဒီလိုပဲပေါ့သူများဆီသွားနေရတာကိုး။ ကိုယ့်တိုင်းပြည် မှာတော့ဘုန်းကြီးလည်းသောက်ရေးမလုပ်၊ ကျောင်းသားလည်းသောက်ဂရုမစိုက်၊ မိုက်တွင်းနက်နေသမျှတော့၊ ငရဲနဲ့ဝဋ်ကတော့ လိုက် နေမှာပဲ။ ။ ((မှတ်ချက်။ ။ “ဒဗွား” ဆိုတာနံပါတ်(၂)ကိုဆိုလိုတာပါ။ စာမေးပွဲတွေမှာတော့ ဂရိတ်တူးပေါ့ဗျာ။))Rest of your post
Wednesday, September 1, 2010
ပြောချင်လွန်းလို့  (ကိုလျှာရှည်)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
-
▼
September
(171)
No comments:
Post a Comment