ကြံ့ဖွံ့ပါတီ ငွေလှူသူများကို နာဂစ်အမည်ခံ ဂုဏ်ပြု နရီလင်းလက် Friday, September 03, 2010 နိုင်ငံပိုင်သတင်းစာတွင် နာဂစ် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်ခဲ့သူများအား ဂုဏ်ပြုသည့် အခမ်းအနားဟု ဖော်ပြ ထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)အား ရန်ပုံငွေလှူဒါန်းသည့် စီးပွားရေး လုပ်ငန်းရှင်များကို ဂုဏ်ပြုဆုချီးမြှင့်သည့် ပွဲတခုဖြစ်ကြောင်း သိရသည်။
u thain gain
ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်က အလှူရှင် တဦးဖြစ်သည့် ဒိုင်းမွန်းမာကျူရီ ကုမ္ပဏီ ဥက္ကဌ ဦးစိန်လွင် ကို ဂုဏ်ပြု ဆုပေးအပ်စဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)
“သတင်းစာမှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်ခဲ့သူတွေကို ဂုဏ်ပြု ဆုချီးမြှင့်တဲ့ အခမ်းအနားလို့ တင်ထား ပေမယ့် အမှန်က ကြံ့ဖွံ့ပါတီကို ငွေလှူတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပြန်ဂုဏ်ပြုတဲ့ ပွဲပဲ”ဟု နေပြည်တော် စစ်ဌာနချူပ် မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။
ယင်းအခမ်းအနားကို သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာန၀န်ကြီးရုံး တွင် ပြုလုပ်ခဲ့ပြီး ၀န်ကြီးချုပ် ဦးသိန်းစိန် တက်ရောက် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်ပုံငွေလှူဒါန်းသည့် စီးပွားရေး လုပ်ငန်းရှင်များသည် စစ်အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ပြီး မြန်မာပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းကြီးများအား လုပ်ပိုင်ခွင့် ရရှိထားသူများလည်းဖြစ်သည်။
ယုဇန ကုမ္ပဏီ ဦးဌေးမြင့် ၊ ထူးကုမ္ပဏီ ဦးတေဇ ၊ ဧဒင် ကုမ္ပဏီ ဦးချစ်ခိုင်၊ အေးဝမ်း ကုမ္ပဏီ ဦးရန်ဝင်း၊ မက်စ်မြန်မာ ကုမ္ပဏီ ဦးဇော်ဇော်၊ အေးရှားဝေါ ဦးမောင်ကျေး၊ ရွှေသံလွင် ဦးဇော်ဝင်းထွန်း ၊ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ ဦးဝင်းအောင်၊ ဧရာ ရွှေမြေ ကုမ္ပဏီ ဦးအောင်သက်မန်း ၊ တက်လမ်း ကုမ္ပဏီ ဦးကျော်မင်းထွန်း ၊ မြတ်နိုးသူ ကုမ္ပဏီ ဦးကျော်စိုးလွင် ၊ FMI ကုမ္ပဏီ ဦးကျော်ပိုင်၊ ရွှေတောင် ကုမ္ပဏီ ဦးအောင်ဇော်နိုင်၊ မြနန္ဒာ ကုမ္ပဏီ ဦးဌေးလှိုင် ၊ ပြည့်ဖြိုးကျော် ကုမ္ပဏီ ဦးလှမောင်ရွှေ၊ ဒိုင်းမွန်းမာကျူရီ ကုမ္ပဏီ ဦးစိန်လွင်၊ မိုးကြယ်စင် ကုမ္ပဏီ ဦးပြည့်ဖြိုးအောင်၊ ၀ါဝါ၀င်းကုမ္ပဏီ ဦးအာကာကြိုင် ၊ T.Z.T.M ကုမ္ပဏီ ဦးသက်လင်း တို့အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းစာတွင်ဖော်ပြထားသည်။
“အရင်ကတည်းက ကြံ့ဖွံ့ပါတီ ရန်ပုံငွေ အတွက် စီးပွားရေးလုပ်ငန်းရှင် ၂၀က ငွေလှူမယ်ဆိုပြီး ကြားတာ။ ခု ဘယ်သူတွေ လှူတယ်ဆိုတာ တိတိကျကျထွက်လာတာပေါ့။ အာဏာပိုင်တွေအနေနဲ့က ကြံ့ဖွံ့ကို ငွေလှူလို့ ဂုဏ်ပြုတဲ့ အခမ်း အနားလုပ်ပေးတယ်ဆို သူများတွေ ပြောစရာ ဖြစ်လာမှာဆိုးလို့ နာဂစ်တုန်းက အဆောက်အအုံတွေဆောက်ပြီး ကူညီပေးခဲ့တဲ့ သူတွေကို ဂုဏ်ပြုတဲ့အခမ်းအနားဆိုပြီး ခေါင်းစဉ်တပ်လိုက်တဲ့ သဘောမျိုးပါပဲ ” ဟုအစည်းအဝေးတက်ရောက်ခဲ့သည် ဌာနဆိုင်ရာအရာရှိတဦးကပြောသည်။
အဆိုပါ စီးပွားရေး လုပ်ငန်းရှင်များသည် ကြံ့ဖွံ့ပါတီ ငွေကြေးအင်အားတောင့်တင်းစေရန် လှူဒါန်းမှုများ ပြုလုပ်သကဲ့သို့ တချို့ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကြံ့ဖွံ့ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် သက်ဆိုင်ရာ ဒေသများမှဝင်ရောက် ယှဉ်ပြိုင်သွားမည် ဟု သူက ဧရာဝတီကိုပြောသည်။
စစ်အစိုးရ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် ငွေအင်အား လူအင်အား အပြည့်ဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ရန် အသင့်ဖြစ်နေသော်လည်း ရွေးကောက်ပွဲဝင်ရောက်မည့် အခြားပါတီများမှာမူ ရန်ပုံငွေ မလုံလောက်ခြင်း၊ ကိုယ်စားလှယ် လောင်း တဦးလျှင် ကျပ်ငွေ ၅ သိန်း ပေးသွင်းရန်အခက်အခဲရှိခြင်းတို့ ကြုံတွေ့ခဲ့ရသည်။
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ ရှိသကဲ့သို့ ရွေးကောက်ပွဲမ၀င်ရောက်ဘဲ ပါတီ ရန်ပုံငွေ သာ လှူဒါန်းလိုသူများရှိကြောင်း သိရသည်။
“နှစ်ဆန်းပိုင်းတုန်းက အာဏာပိုင်တွေကနေ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး မ၀င်မနေရဆိုပြီးပြောခဲ့ဖူးတယ်။ အဲဒီတုန်း ကတည်းက ဦးတေဇ က ရွေးကောက်ပွဲ မ၀င်ချင်ဘူး။ ဦးဇော်ဇော်ကတော့ ၀င်ပါ့မယ်ဆိုပြီး ပြောခဲ့တယ်။ အခု နောက်ဆုံး အာဏာပိုင်တွေက သူတို့ ကြံ့ဖွံ့ပါတီက ဘယ်လိုပြိုင်ပြိုင်နိုင်နေတဲ့ အနေအထားမှာ ရှိနေပြီဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ကို မ၀င်ချင်လည်းနေလို့ရတယ်လို့ ပြန်ပြောလိုက် တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်သည် ကြံ့ဖွံ့ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအနေနှင့် တနသာင်္ရီတိုင်း မြိတ်မြို့မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ယင်းနှင့်နီးစပ်သူများထံမှ သိရသည်။
အခမ်းအနားတွင် ၀န်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး ကောက် ပွဲကြီး အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူတရပ်လုံး ၀ိုင်းဝန်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြော ကြားခဲ့သည်။
စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ၊ တစည ပါတီက နိုင်ငံ တ၀န်း ကိုယ်စားလှယ်ပေါင်း ၉၇၅၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၆၀ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ(SNDP)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၅၇ ဦး ဖြင့် ပါဝင် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း People's Daily online တရုတ် သတင်းတွင် ဖော်ပြထားသည်။Rest of your post
Friday, September 3, 2010
သူတောင်းစားပါတီနှင့် မြီးချင်းလိမ်သူနေများ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
-
▼
September
(171)
No comments:
Post a Comment