By ဒေါ်ခင်မျိုးသက် ကြာသပတေး, 02 စက်တင်ဘာ 2010
မြန်မာစစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အကြံပြုချက်ကို ကနေဒါနိုင်ငံက ကြာသပတေးနေ့မှာ ထောက်ခံလိုက်ပါတယ်။ ဒါ့အပြင် မကြာခင် ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ဒီကိစ္စကို အရေးယူ ဆောင်ရွက်လာဖို့အတွက် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို သဘောတူကြတဲ့ တခြား နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးရုံးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက မြန်မာစစ်ခေါင်းဆောင်တွေဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေး ကောင်စီကို မတ်လတုန်းက အကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျနဲ့ စလိုဗက်ကီးယား နိုင်ငံတွေက ထောက်ခံခဲ့ပြီး ကြာသပတေးနေ့မှာတော့ ကနေဒါနိုင်ငံကပါ ပါဝင် ထောက်ခံလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားလေ့ရှိတဲ့ နိုင်ငံတွေထဲမှာ ကနေဒါနိုင်ငံဟာ ရှေ့ဆုံးက ပါဝင်ခဲ့ပြီး အခု မစ္စတာ ကင်တားနားရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံတယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန် (Lawrence Cannon) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ်စ် ကက်သရင်း လူဘီယဲ (Catherine Loubier) က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားရဲ့ လုပ်ငန်းတွေကိုရော မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စုံစမ်းမယ့် အကြံဉာဏ်ကိုပါ သဘောတူ ထောက်ခံပါတယ်။”
ဒါ့အပြင် ကနေဒါနိုင်ငံဟာ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေဖြစ်တဲ့ လွတ်လပ်မှုကို မြန်မာနိုင်ငံသားတိုင်း ရရှိစေဖို့နဲ့ မြန်မာစစ်အစိုးရက ဒီ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို လေးစားဖို့အတွက် တစိုက်မတ်မတ် တောင်းဆိုနေတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လျစ်လျူရှုထားတဲ့အပေါ် ကနေဒါနိုင်ငံက ရှုတ်ချတဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အတင်းကျပ်ဆုံး စီးပွားရေး ပိတ်ဆို့ တားမြစ်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အခု မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးယနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို သဘောတူတဲ့ တခြားနိုင်ငံတွေနဲ့အတူ လက်တွဲပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
“လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူးက တင်ပြမယ့် ထောက်ခံ အကြံပြုချက်တွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဘုံချဉ်းကပ်မှုမျိုးနဲ့ ဘယ်လိုထောက်ခံကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံက မဟာမိတ် နိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ တရားမျှတမှု မရှိကြောင်းနဲ့ ဒီရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည်မှု ရစေဖို့အတွက် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်နဲ့ လွတ်လပ်မျှတစွာ ကျင်းပပေးဖို့လည်း ကနေဒါ အစိုးရက လိုလားတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ လူ့အခွင့်အရေး အခြေခံမူတွေနဲ့အညီ လေးစားလိုက်နာဖို့အတွက် ကနေဒါနိုင်ငံက တိုက်တွန်းပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့၊ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်တဲ့၊ ပွင့်လင်း ထင်သာမြင်သာမှု ရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပဖို့လည်း ကနေဒါနိုင်ငံက တိုက်တွန်းပါတယ်။”
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြောသွားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်အမှတ် ၂၀ ကို EU ဥရောပသမဂ္ဂက ဦးဆောင် ရေးဆွဲနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ကိစ္စကို EU ဥရောပသမဂ္ဂက အခုထိ တစုံတရာ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးတဲ့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အပါအ၀င် လူ့အခွင့်အရေးအဖွဲ့ အတော်များများက တိုက်တွန်း ပြောကြားနေကြပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်တွေ ချဖို့ တောင်းဆိုထားပါတယ်။ သူတို့အဖွဲ့ရဲ့ ၂၀၀၈ ခုနှစ် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ အချက်အလက်တွေကို ဖော်ပြထားပြီး ဒီလို ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရဟာ ပြစ်ဒဏ်မခံရဘဲ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရနေတာမို့ ကုလသမဂ္ဂက အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။Rest of your post
Friday, September 3, 2010
မြန်မာ စစ်ခေါင်းဆောင်တွေ လူ့အခွင့်အရေး လေးစားမှု ရှိမရှိ စုံစမ်းရေး ကနေဒါထောက်ခံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
- ရန်သူနဲ့ တွေ့တော့ ပန်းလို၊ ပြည်သူနဲ့ တွေ့ တော့ မီး...
- မလွန်ဆန်နိုင် သင်္ခါရ ဆိုပေမယ့် မလွန်ဆန်နိုင် အာဏာရ ...
- ထားခဲ့ရင်..ကြားကားဆွဲသွားမှာ ကြောက်လို့ 
- အနုပညာသည်..ပြည်သူ့ အတွက်..
- ဂျပန်တွင် ဦးခွန်ထွန်းဦးမွေးနေ့ပွဲ ကျင်းပပြုလုပ်
- ဖိတ်ခေါ်စာ
- မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်...
- အထက်ဖားအောက်ဖိ
- စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပြီး သက်ဇိုးရှည်နေသ...
- ခွေးဘဝလောက်ဂုဏ်မရှိ။
- “ဗိုလ်ချုပ်မှူးကြီးသေမှ အပြောင်းအလဲဆိုတာမြင်တယ်”
- သံဃာတော်တွေကို အသတ်ခံခဲ့ရတာ ၃ နှစ်ရှိပြီ
- အဖေမှ အဖေ
- ကာတွန်းဘီရုမာ - ငရဲခွေးကြီး လွတ်နေပြီ၊ ခွေးတိုးပေါ...
- ဗမာပြည်အား ဈေးနုန်းချိုသာစွာရောင်းချ ရန် ကတိပြု
- အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားမှလွဲ၍ သူခိုး ...
- တရုတ်အဖေ တော် ရုရှား ပထွေးမှန်း...ကုလား အမေခေါ်မယ့်...
- အရက်လိုချင်လို့ ကလေးငယ်ကို သစ်ပင်နှင့်ဆောင့်သတ်
- ထိုက်တန်သည့် ခေါင်းစဉ်ရှာမရသော သတင်း
- ကဲ သန်းရွှေတော့ရောင်းနေပြီ ဗမာပြည်ဘာလုပ်မလဲ
- ABMA ဂျာနယ်
- ပြည်တွင်းက သူတွေကို သတိပေး ပေးကြပါ
- ပေါချောင်ကောင်းနဲ့ ရမဲ့ စွမ်းအင်ဘဲလိုတယ်..ခေါင်းမရ...
- အဇာတသတ်နဲ့  ဒေ၀ဒတ်..သူတော်ချင်းလွေ့ လွေ့ ပေါင်းဖော...
- သမိုင်းကွေးသူများ
- ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ
- ဒီလို ကျုပ်တို့ တော့ လက်ပိုက်မကြည့်နိုင်
- မြို့ လည်ခေါင်က cowboy များ...
-
▼
September
(171)
No comments:
Post a Comment