Friday, September 3, 2010

အမျိုးသားသစ္စာဖေါက် စစ်တပ် နဲ့ အပေါင်းအပါများ ။

၀၃၀၊၉၊၂၀၁၀
အနှစ် ၂၀ လုံးလုံး ပါတီတွေကို ပြည်ပအားကိုးတွေလို့ပြောပြီး၊
သူတို့ကျတော့ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖေါက်ဘူးလို့ ပြော ။
ပြီးတော့ လူမှုရေးအဖွဲ့ဆိုပြီး အမျိုးသားနိုင်ငံရေးလုပ်မဲ့ ကြံ့ဖွတ်အဖွဲ့ထောင်၊
အဲဒီစစ်တပ် ဒီနေ့ အမျိုးသားနိုင်ငံရေး မလုပ်တော့ပဲ ပါတီနိုင်ငံရေးလုပ်ဖို့
သူတို့အဖွဲ့ကို ကြံ့ဖွတ်ပါတီလုပ်လိုက်ပြီ ။ မြန်မာတမျိုးသားလုံးကို ကိုယ်စား
မပြုတဲ့ ပါတီနိုင်ငံရေးလုပ်တော့မယ် ။ အမျိုးသားရေးမဟုတ်တော့ဘူး ။
ပါတီအရေး ဖြစ်လို့ ဒီပါတီကို အသက်သွင်းတဲ့ စစ်တပ်ဟာ အမျိုးသားရေး
ကို သစ္စာဖေါက်တဲ့ ကမျိုးသားသစ္စာဖေါက် ကြံ့ဖွတ်စစ်တပ်ဖြစ်သွားပြီ ။
အဲဒီစစ်တပ်နဲ့ ကြံ့ဖွတ်ပါတီ ခိုင်းတာလုပ်နေတဲ့ သူအားလုံး ကိုလည်း
ကြံ့ဖွတ်တွေ၊ ပါတီနိုင်ငံရေးလုပ်နေသူတွေ ၊အမျိုးသား သစ္စာဖေါက်တွေလို့
ပြောရင် မှားမလား ။ သူတို့ ဘယ်သူကို တိုးတက်အောင် ထောက်ပံ့နေ
တာလဲ ။ ဒီကြံ့ဖွတ်ပါတီ အာဏာတည်ဖို့ လုပ်နေတာများ တိုင်း ပြည်ချစ်တဲ့
သူတွေလို့ ညာနေကြသေးတာလား ။ ကြံ့ဖွတ်ပါတီကို ထောက်ကန်ပေးပြီး
အာဏာရအောင် ၀ါဒဖြန့် စည်းရုံးရေးတွေ လုပ်ပေးနေကြပြီး ၊ ဒါကို ကိုယ့်
တိုင်း ပြည် နဲ့ လူမျိုးကိုချစ်လို့ တိုင်းပြည်အတွက် လုပ်ပေးရသလိုလို မလိမ့်
တပတ် နဲ့ မရှက်မကြောက် ပြည်သူ့ အနုပညာရှင် လို့ ကိုယ့်ကိုယ်ကိုယ်
ထင်နေသူတွေနဲ့၊ အဲဒီ ကြံ့ဖွတ်ပါတီအောက်က အနုပညာရှင်ဆိုတာတွေကို၊
သူတို့တွေဟာလည်း ကြံ့ဖွတ်တွေ၊ အမျိုးသားရေးကို သစ္စာဖေါက်နေတဲ့
ပါတီနိုင်ငံရေးသမားတွေ ပါလို့၊ ထင်ထင်ရှားရှား မမြင်တဲ့ အမှောင်ဖုံးနေသူတွေ
ကို ပြောလိုက်ချင်တယ် ။ သူတို့တွေဟာ အမျိုးသားရေးကို သစ္စာဖေါက်ပြီး
ပါတီ တစ်ခု ကောင်းစားဖို့ တိုင်းပြည်ကို အမှောင်တိုက်၊ အယုံသွင်းနေတဲ့
အမျိုးသား သစ္စာဖေါက်တွေပါလို့ ။
(ပြည်သူ့အရေးကို ကြည့်သော အနစ်နာခံ ပြည်သူ့ အနုပညာရှင်များ ကို စာနာလျက်)

(အ.ဘ.ယ)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်