ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အန်တီစုလို့ပဲ ခေါ်ပါတယ်။ သူ့ကိုသတိ စထားမိတာ ၁၉၈၀ကျော် ကာလ၀န်းကျင်လောက်ဖြစ်မယ်ထင်ပါရဲ့၊ ဦးအောင်ကြီးက ပေဖူးလွှာမဂ္ဂဇင်းကနေ အခန်းဆက်တွေကို ရေးနေတော့ အန်တီအကြောင်းကို စသိခဲ့ဖူးပါတယ်။
ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီးပေါ်ပေါက်လာတော့ အန်တီလူထုရှေ့ကို စထွက်လာတာ အားလုံးလည်းအသိပါပဲ။ အဲဒီအချိန်က ကျနော် သူ့ကိုသတိထားမိတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်အဖြစ်နဲ့ပဲ သတိထားခဲ့မိတာပါ။ နောက် ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
အဲဒီအထိလည်း ကျနော့်ရင်ထဲမှာ သိပ်အလေးနက်ကြီးတော့မရှိလှသေးပါဘူး ၊ ဒါပေမယ့် ဘယ်အချိန်ကစပြီး သတိထားမိလာသလဲဆိုတော့ ကျနော့် ဇာတိမြို့ ရေနံချောင်းကို စည်းရုံးရေးခရီးစဉ် အဖြစ်ရောက်ရှိလာတဲ့ ၁၉၈၈( နိုဝင်ဘာလများ ဖြစ်မလား မသိဘူး။) အဲဒီကစပြီး အန်တီရဲ့ နှလုံးသားပုံရိပ်တွေဟာ ကျနော့် ရင်ထဲထိုးဖောက်ဝင်ရောက်လာခဲ့တာပါ။
ကျနော် တင်ပြချင်တဲ့ အကြောင်းအရာက အန်တီစုရဲ့စိတ်နေစိတ်ထား (တနည်းအားဖြင့် ) နှလုံးသားပုံရိပ်တွေ အကြောင်းပါ၊။အမှန်ပြောရရင် အန်တီစုနဲ့ကျနော် ထိတွေ့ဖူးတဲ့ကာလက တော်တော်တိုတောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတိုတောင်းတဲ့ကာလလေးတစ်ခုအတွင်းမှာ ကျနော် အန်တီစုနဲ့ ကြိမ်ဖန်များစွာကြုံခဲ့ဖူးပါတယ်။
စကားတွေ အများကြီးပြောဖြစ်ခဲ့ဖူးတယ်၊ အလုပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်ကာလများက ကျနော်ဟာ အလယ်ပိုင်းမြန်မာပြည် ( မြေလတ် ဒေသက ) ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါ ။ NLD ပါတီဝင်တစ်ယောက်မဟုတ်ပါဘူး။ အန်တီစုနဲ့ပတ်သက်လို့ ထိတွေ့ဆက်ဆံဖူးတဲ့ အချိန်တွေကစလို့ အန်တီရဲ့ နှလုံးသားကို ထိုးဖောက်ဝင်ရောက်လေ့လာနေတာ အခုထိပဲ ဆိုပါတော့ ။
တနည်းအားဖြင့် စိတ်နေစိတ်ထားပေါ့။ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကို ဦးဆောင်မယ့် သူရဲ့စိတ်နေစိတ်ထား၊ စရိုက်သွင်ပြင်လက္ခဏာ။အရည်အချင်းဆိုတာတွေဟာ သိထားသင့်တဲ့ အချက်တွေလို့ ကျနော်ခံယူပါတယ်။
ဒီနေရာမှာ လက်ခံနိုင်တာတွေရှိသလို၊လက်မခံနိုင်တာတွေလည်းရှိခဲ့ပါတယ်။ ကြိုက်တာတွေ၊မကြိုက်တာတွေ၊သဘောတူတာတွေ၊ မတူတာတွေ စသဖြင့် ကြုံတွေ့ခဲ့ဖူးပါတယ်။ သို့သော်လည်း ကျနော့် အနေနဲ့ အန်တီစုကို လက်ခံနိုင်တဲ့အချက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း သမီးတစ်ယောက်၊ ပါတီခေါင်းဆောင်တစ်ယောက် ထက်ကျော်လွန်တဲ့ မှတ်ချက်တစ်ခုက ကျနော့်ရင်ထဲမှာရှိနေလို့ပါ။
ကျနော်လက်ခံထားတာက အန်တီစုဟာ ဒီနေ့အချိန်မှာ “ လူထုခေါင်းဆောင်တစ်ယောက်” ဒီလိုပဲ လက်ခံထားတယ်။ လူထုခေါင်းဆောင်တစ်ယောက်ဆိုတာ လူထုအတွက်အလုပ်လုပ်နေရတော့ အမှန်တွေရှိသလို အမှားဆိုတာလည်းကြုံတွေ့နိုင်တာပါပဲ၊ ဒါ သဘာဝတစ်ခုပါ ။ဒါကိုလည်း အန်တီကိုယ်တိုင်က ၀န်ခံပြောဆိုခဲ့တာတွေရှိပါတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့ကတော့ တင်ပြချက်များကို ဘာမှတ်ချက် တစ်စုံတစ်ရာပေးဖို့မှ အရည်အသွေးမရှိပါဘူး၊ အန်တီစုရဲ့နှလုံးသားပုံရိပ် ( တနည်းအားဖြင့် )ကျနော်နဲ့ဆုံတွေ့ခဲ့ရတဲ့ကာလများမှ တစ်စိတ်တဒေသကို ကောက်နှုတ်တင်ပြခြင်းမျှသာဖြစ်ပါတယ်။
ကျနော့်ရဲ့အတွေ့အကြုံများကိုတင်ပြရာမှာ ဖြစ်ရပ်မှန်တွေဖြစ်တယ်ဆိုတာကိုတော့ ရဲရဲကြီး အာမခံ ပြောနိုင်ပါတယ်။ အန်တီစုအပါဝင် ဘယ်တစ်စုံတစ်ယောက်ကိုမှ ဖော်လံဖား ရေးသွားမှာမဟုတ်ဘူးဆိုတာကိုလည်းကြိုပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုကို ဦးဆောင်မှု့ပေးနိုင်သူလား၊ မပေးနိုင်သူလား ဆိုတာကို သူ့ရဲ့နှလုံးသားကို ၀င်ရောက်ကြည့်ရအောင်ပါ။ အပြည့်အစုံ မဟုတ်ရင်တောင်မှ တစ်စိတ်တစ်ဒေသလောက်ပဲဖြစ်ဖြစ်ပေါ့ ။
နှလုံးသားပုံရိပ် ဒိုင်ယာရီ ( ၁ )
အန်တီစုမြေလတ်ခရီးစဉ် ထွက်လာခဲ့တဲ့ ၁၉၈၈ နိုဝင်ဘာလလောက်ထဲမှာပါ။ ၈၈လူထုအရေးတော်ပုံကြီးကလည်း ပြီးခါစ ဆိုတော့ နိုင်ငံရေး ဒီရေအဟုန်ကလည်း တအုံနွေးနွေး၊ ဒေသခံလူထုက အန်တီစု လာမှာကို အတော်လေးကို မျှော်လင့်နေကြတယ်။ သူ့မှာ ပါရမီ ပါလာလို့လား မသိဘူး။ တိုတောင်းလှတဲ့ နိုင်ငံရေးဖြတ်သန်းမှု့ ခဏလေးမှာ တစ်နိုင်ငံလုံး လူထုရင်ထဲ ထိုးဖောက်နေရာယူနိုင်ခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ရင်သွေးမို့ လူထုက ကြိုဆိုမိတယ်ဆိုရင် သားဖြစ်သူ ဦးအောင်ဆန်းဦး လာခဲ့ရင်ရော ဒီလို မျှော်လင့်ကြိုဆိုနိုင်မလားဆိုတဲ့ မေးခွန်းက မေးစရာပါ။ အဲဒီအချိန်ကာလက အညာဒေသမှာကလည်း ဆောင်းရနံ့သင်းတဲ့ အချိန်ဆိုတော့ အတော်လေးကို နေလို့ထိုင်လို့ ကောင်းတဲ့အနေအထားပါ။ ရေနံချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှု့ဆောင်လူကြီးအချို့နဲ့အတူ ကျနော်တို့ ကျောင်းသားအဖွဲ့က အန်တီစုလာမယ့် လမ်းခရီးမှာ သွားရောက်ကြိုဆိုပေးရပါတယ်။
အန်တီက နတ်မောက်ကနေ ရေနံချောင်းကို ကူးလာမှာပါ။ အန်တီစု ကားတန်းဆိုက်လာတယ်ဆိုရင်ပဲ ခဏလေး ရပ်ခိုင်းပြီး နှုတ်ဆက်ကြ-လုပ်နေတဲ့အချိန်မှာ ကျနော်က ကျောင်းသားတစ်ဖွဲ့ကို “အန်တီလာပြီ“ဆိုတဲ့ အကြောင်း-လမ်းခရီးမှာရှိနေတဲ့ လူထုကို အကြောင်းကြားဖို့ လွှတ်လိုက်ပါတယ်။ အန်တီတို့ ကားတန်း မြို့ထဲကို ၀င်ရောက်လာတယ်ဆိုရင်ပဲ လမ်းဘေးဝဲယာ တစ်ဘက်တစ်ချက်မှာ လူထုတွေဟာ ထွက်လာကြ-အော်ဟစ်နှုတ်ဆက်ကြနဲ့ -အတော့်ကို ၀မ်းမြောက်စရာပါ။
ဒီလိုနဲ့ အန်တီစကားပြောမယ့် မြို့လယ်က ခန်းမတစ်ခုအရောက်မှာတော့ လူထုကြီးဟာ တစ်ယောက်နဲ့တစ်ယောက် လမ်းလျှောက်လို့ မရနိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ပါလာတဲ့ သုံးရောင်ခြယ်ကျောင်းသားလူငယ်အဖွဲ့နဲ့ ဒေသခံကျောင်းသားသမဂ္ဂက ကျောင်းသားတွေ၊ မြို့နယ်ပါတီက တာဝန်ရှိသူတွေ ၀န်းရံပြီး၊ အန်တီစုကို ကားထဲက ခေါ်လာခဲ့တယ်ဆိုရင်ပဲ “ ဒေါ်အောင်ဆန်းစုကြည် ----ကျန်းမာပါစေ ” “ဒေါ်အောင်ဆန်းစုကြည်----ကျန်းမာပါစေ ”ဆိုတဲ့ ဆုတောင်းထောပနာပြူတဲ့ အသံတွေမြည်ဟီးထွက်လာလိုက်တာ မိုးယံပွင့်သွားမတတ်ပါပဲ။
နောက် အန်တီစု ဟာ ခန်းမထဲမှာ ပထမ စကားပြောပါတယ် ။ပြီးတော့ ခန်းမ ပြတင်းပေါက်ကနေ ရပ်ပြီး လူထုကိုမိန့်ခွန်းခြွေပါတယ်။ လက်ခုပ်သံတွေ တစ်ဖြောင်းဖြောင်း ၊ ဆုတောင်းသံတွေ အလီလီနဲ့ ဟောပြောပွဲပြီးဆုံးသွားပါတယ်။ ဟောပြောပွဲပြီးလို့ ခန်းမပေါ်ကနေ အောက်ကိုဆင်းလာတယ်ဆိုရင်ပဲ အန်တီစု ထွက်လို့မရအောင် လူထုကြီးက ပိတ်စို့ ပြွတ်သိပ်နေပါတယ်။ “သူ့ကိုမြင်ဖူးချင်လို့ -တွေ့ဖူးချင်လို့...“ စသည် စသည်ဖြင့်ပေါ့ ။ ကျနော်တို့က အန်တီစုကို ၀န်းရံပြီး ကားရှိရာကို ခေါ်ဆောင်လာတဲ့ အချိန်မှာ-----------
“ အမေစု----အမေစု -ကျနော် အမေ့ကိုတွေ့ပြီး လက်ဆောင်ပေးချင်လို့ ရွာကနေ အပြေးလာတာပါ -----ဒီလက်ဆောင်လေးလည်း ပေးပါရစေ --ပြီးတော့ ကန်တော့လည်း ကန်တော့ပါရစေ ” ဆိုပြီး လူတစ်ယောက်ဆီက အသံပြာကြီးနဲ့အော်ဟစ်သံဟာ ရုတ်တရက် စူးထွက်လာပါတယ်။ ကျနော်တို့တစ်တွေ သတိထားကြည့်လိုက်တော့ သူ့ပုံက ကျေးလက်ဟန်အပြည့်၊ အသက်က ၂၀ကျော်အရွယ်။ ပုဆိုးဝတ်ထားပုံကလည်း ပိုသီပတ်သီနဲ့ အန်တီစု ရုတ်တရက် ရပ်ပြီးလှမ်းကြည့်လိုက်ပါတယ်၊ အဲဒီလူငယ်က လူတွေကြားကနေ ဇွတ် ရှေ့ကို ရုန်းထွက်လာပြီး အထုတ်တစ်ထုတ်ကို အန်တီစုဆီ လှမ်းကမ်းလိုက်ပါတယ်။ အန်တီက လှမ်းယူလိုက်တယ်ဆိုရင်ပဲ ကျနော်က သူ့ဆီကနေတစ်ဆင့် ချက်ခြင်းလွှဲပြောင်းယူလိုက်တယ်။
သေသေချာချာကြည့်လိုက်တော့ ကျွတ်ကျွတ်အိတ်အကြည်ရောင်လေးနဲ့ထုတ်ထားတဲ့ ထန်းလျှက် ( တစ်ပိသာလောက်တော့ရှိမလားမသိဘူး။) ၊ ပြီးတော့ အဲဒီလူငယ်က အန်တီရဲ့ခြေအစုံနားမှာထိုင်တဲ့ပြီး ၃ကြိမ်တိုင် ဦးချရှိခိုးခဲ့တယ်။ မတ်တပ်ထရပ်တော့ သူ့ရဲ့မျက်ဝန်းအစုံမှာ မျက်ရည်တွေနဲ့ရွှဲနစ်နေပြီး ငိုချလိုက်တယ် ။ ငိုသံပါအသံကြီးနဲ့- “ အမေ---ကျုပ်တို့ကို ကယ်ပါ ---ကျုပ်တို့ငတ်နေပြီ ” ဆိုပြီး ချုံးပွဲချငိုပါတော့တယ်။ လူထုကြီး ခမျာ ရုတ်တရက်အံ့အားသင့်သွားတယ်ထင်ပါတယ်။ အသံတွေဟာချက်ခြင်းဆိုသလို ခေတ္တ ငြိမ်သက်သွားတယ်။ ကျနော် အန်တီကိုကြည့်လိုက်တော့ အန်တီရဲ့မျက်ဝန်းအစုံမှာ ကြေကွဲနိမိတ်ပုံ အချို့ကို တွေ့လိုက်ရသလိုပဲ။ အန်တီစုက လူထုဆီကိုလှည့်ပြီး စကားပြောလိုက်တယ်။
“ ပြည်သူလူထုကြီးကို ကျမ တစ်ခုပြောချင်ပါတယ် ----- ဒီလူငယ်လေးလို ဒုက္ခတွေဝေနေတဲ့သူတွေဟာ မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာရှိနေပါတယ် -------ဒါဟာ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုရင် ---စနစ်မကောင်းလို့ပါ “( လက်ခုပ်သံများ )---------“ဒီစနစ်ကို ကျမတို့ပြူပြင်ဘို့လိုပါတယ်------ပြည်သူလူထုကြီးက - ကျမတို့ကိုဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါ------“ “( ပေးမယ်----ပေးမယ် )“ လူထုဆီက အသံကြီးက ဆောင့်ထွက်လာပါတယ်။ “ ကျမ အသက်နဲ့ခန္ဓာ ရှိနေသရွေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်သွားမယ်ဆိုတာ ------- ကတိပေးပါတယ် ။“( လက်ခုပ်သံများ ) နောက်ပိုင်းကျနော်သိတာကတော့ အဲဒီလူငယ်ဟာ မြို့နဲ့ သိပ်မဝေးလှတဲ့ ကျေးရွာတစ်ရွာကဖြစ်ပြီး ၊ ယာလုပ်ကိုင်စားနေတဲ့ ဆင်းရဲလှတဲ့ လူတစ်ဦးဖြစ်ကြောင်းနဲ့ အန်တီပြန်အသွားပြီးမှာတော့ ရဲစခန်းကနေ ခေါ်ယူစစ်ဆေးမေးမြန်းကြောင်းသိရပါတယ်။ ဒါပေမယ့် ထောင်ကျသံတော့ မကြားမိပါဘူး။
ဒီလိုနဲ့ အန်တီစု ဟာ ချောက်မြို့ကို ဆက်လက် ခရီးနှင်ခဲ့ပါတယ်၊ ချောက်က ကျောင်းသားအဖွဲ့တစ်ဖွဲ့က ရေနံချောင်းမှာ လာကြိုပါတယ်။ ချောက်က ကျောင်းသားတွေက ကျနော့်ကိုပြောလာပါတယ် ။ “ချောက်မှာတော့ ပြဿနာရှိကြောင်း ၊ အုပ်စုနှစ်အုပ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် နှစ်ခု ကွဲနေကြောင်း ၊ တစ်ခုက ကျောင်းသားလုငယ်များအပါဝင် မြို့မိမြို့ဖ လူထုအများဆုံးပါဝင်တဲ့ ( ၈၈ လူထုအရေးတော်ပုံက အုပ်စု ) နဲ့ နောက်တစ်အုပ်စုက ရှေ့နေမ ဒေါ်မြင့်မြင့်ကြွေ ဦးဆောင်တဲ့ အုပ်စု -ဆိုပြီး ကွဲနေကြောင်း။ ပြဿနာကြီးကြောင်း...“ စသဖြင့်ပြောလာတော့ ကျနော်လည်းခေါင်းတော်တော်စားသွားပါတယ်။
အဲဒီသတင်းစကားကို ကျနော်က မသိင်္ဂီ ( အဲဒီကာလက အန်တီစု အနီးနားမှာနေသူ ) ကို အကြမ်းပြောပြပြီး ကားပေါ်မှာ အန်တီစုကို ပြောပေးဘို့ အကြောင်းကြားခဲ့ပါတယ်။ ဖြစ်ချင်တော့ ချောက်မြို့ရောက်တယ်ဆိုရင်ပဲ ညနေ ၆နာရီကျော်လောက်ရှိပြီ ။ အုပ်စုနှစ်အုပ်စုမှာ လူနည်းစုအုပ်စုဖြစ်တဲ့ ဒေါ်မြင့်မြင့်ကြွေတို့ အဖွဲ့ကြိုဆိုတဲ့နေရာက အများစုကြိုဆိုမယ့် နေရာရဲ့ ထိပ်မှာရှိနေတော့ အန်တီ စီးနင်းလိုက်ပါလာတဲ့ကားတန်းကြီးက ဒေါ်မြင့်မြင့်ကြွေ တို့ ကြိုဆိုတဲ့နေရာမှာပဲ ရပ်ပြီး ကားပေါ်ကလူတွေဆင်း- စတင်နားတော့မယ့် အရိပ်အရောင်တွေတွေ့နေရတော့ ကျနော် ခေါင်းတွေကြီးလာတယ် ။ ပြဿနာက စတော့မယ်
အန်တီကတော့ ဒေါ်မြင့်မြင့်ကြွေတို့ အိမ်အပေါ်ထပ်တက်သွားပြီး အေးအေးလူလူရှိနေပြီ ၊ ကျနော့်စိတ်ထဲမတော့ မသိင်္ဂီ မပြောလို့သာဖြစ်မယ်ဆိုပြီး သူ့ကို မေးကြည့်တော့ “သူလည်း အန်တီကိုပြောထားတာပဲ..“ တဲ့ ။“အန်တီကဘယ်လိုစဉ်းစားထားသလဲ ၊ သူလည်း မသိဘူး..“ ပြောတော့ ကျနော်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး ။---- အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ကျနော့်ကို လာပြောတယ် ။“ကျောင်းသားလူငယ်တွေ အယောက် ၁၀၀လောက် ဒီကို ချီတက်လာနေပြီ ..“ တဲ့----------။
အပိုင်း ( ၂ ) ကို မကြာခင် ဆက် တင်ပြပေးပါ့မယ်၊
( မောင်မောင်ဝမ်း)
မူပိုင် ဟစ်တိုင်
Friday, October 8, 2010
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
October
(215)
- ပစ်ဖို့  ထိုင်ခုံလုဖို့ သာ သိတာ ကယ်ဖို့ က န အ ဖ အလ...
- မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့
- ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက...
- NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်
- အကျင့်ဆိုး
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ
- ဖိလစ် ပိုင်ဝန်ကြီးနှင့် ဟေလောရီ ကလင်တန် မြန်မာ့အရေ...
- နိုဝင်ဘာ ၇ ရက်လိမ်ပွဲ ပြီးမှ ပြည်တွင်း အင်တာနက် ပြ...
- CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး
- ဘယ်သူပြောလဲ …တတောလုံးကြွေ
- “မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- လက်ညိုးထောင်၍ ခေါင်းညိတ်ပါ ” သရော်စာ”
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ အပိုင်း(၅)
- အောင်သိန်းလင်းအတွက် ပြည်သူ့ မေတ္တာ
- ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ...
- ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ
- မြေပုံမြို့နယ်မှ သေဆုံး ၈၃ ဦး စာရင်း
- မိပြီ... မိပြီ...သူဘဲ...သူဘဲ
- ရန်ကုန် ကို ရ-၁၁-၁၀ အပြီးမှာ ကွပ်ကဲဖို့ မျောက်ဝံ အ...
- ဧရာဝတီဂျာနယ်
- အစိမ်းရောင်လူသား " ကျော်သူ "
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- ယခု လာမည့် အာဆီယံ ဆွေးနွေးပွဲမှာ မြန်ပြည်အကြောင်း ...
- နွားသီချင်း အဆိုသင်ပေးရင်တောင် တတ်ဦးမယ်
- မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန်...
- ၁ သောင်းပြန်အမ်းပြီးတွင်းထဲ ခုံချတာ ကောင်းဦးမယ်
- ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘေြာေ...
- မဲ ကလွဲရင် ဘယ်သူ့ မှ ဂရုမစိုက်
- ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်...
- ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသ...
- မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ...
- ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
- ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်
- ကျုပ်တို့ ဟုတ်ဖူး
- အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..
- ရာဂုအိုးကြီး ကျကွဲမှ...ရွှေစည်းခုံကိုလှုပါ၏...
- ပုဆိုးခြုံထဲက လက်သီးကို ပုဆိုးလှန်ပြသော မြို့ တော်...
- ၀န်ခံတယ်..မီးရှို့ တာ...ကျုပ်တို့မြို့ တော်ဝန်ကြ...
- မဲခိုးပြီးရင်...ဒေါ်စုကိုလွှတ်မှာပါ...မရှိလို့ လုပ်စ...
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
- ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် cit...
- စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်...
- စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)
- ဘယ်တုန်းက အမှန်ပြောဖူးလို့ လဲ
- ဘင်ကီမွန်း လည်း ကိုယ်ဘာပြောနေမှန်း ကိုယ်ကိုယ်တိုင်...
- Myanmar TV airs cyclone footage
- ပြောရတာလည်း..မောပါ့ဗျာ..
- Nuke plan may speed up if...
- မြန်မာ့ ပြည်ပပို့ ကုန်..သတို့ သမီးရောင်းဝယ်ရေး
- မကောင်းတာမှန်သမျှ..ထိပ်သီးရတဲ့ ရွှေနိုင်ငံ
- မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်း...
- UN: 70,000 people in Myanmar are homeless in wake ...
- တိုးတက်နေသော..မြန်မာပြည်ကြီး။ ( Before and After)
- အမြင်မှားကို လက်ခံထားကြသူများ
- ဂီရိဒုက္ခသည်များ ထပ်မံတိုးပွါး၊ အကူအညီများ အကြီးအကျ...
- မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြ...
- ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ...
- ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ...
- 14 killed in oil well blaze
- မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရ...
- ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား(VOA)
- မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရိ...
- ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံး...
- မလေးသွားမယ့် သူတွေ သတိထား
- တရားဝင် ဆိုးသွမ်းတော့မည်
- အခွံကြီးပါဘဲ
- မဲရဖို့ ကလွဲရင် ဘာမှစိတ်မ၀င်းစားတဲ့  အာဏာရှင်နဲ့  ...
- မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်
- ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း
- ဂီရိ မုန်တိုင်း လူ ၅ဦးသေဆုံး
- အာဏာရှင် တွေ လက်ကိုင်တုတ်တွေတင်လိုက်တဲ့  အလံ အတွက်...
- တိုးတိုးတိတ်တိတ်လေး လုပ်မှာ
- သဘာဝဘေးတွေ့ လို့ ကတော့ အာဏာပိုင်တွေ မျှော်ဖို့  စိ...
- ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး
- အခွံကြီးပါဘဲ
- ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ အပိုင်း ၁ ...
- မွဲတာ ခြင်းလည်း တူ ပါ့
- ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
- ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအ...
- မြို့တော်ဟောင်းက ဇာတ်လမ်းသစ်
- ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်း...
- ဒီ အလံ ဘယ်တော့မှ အလေး မပြု
- ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ေ...
- နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
- စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်...
- ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြ...
- အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်
- ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
- ယတ်တော မွှေတဲ့မီးကြောင့် ဒေါ်စုတရားရုံးတက်နေရဆဲ
- တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော
- ဒေါင်းအလံ လွှင့်မည့် နေ့  တနေ့ တော့ရောက်လာမှာပါ
- အမြဲတမ်းဖြစ်ချင်တာဖြစ်နေတဲ့  မြန်မာပြည်
- နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆ...
- ကင်တားနား တောင် သိသေးတယ်
- အလံဟောင်းတောင်မလေးစားခဲ့တာ ဒံပေါက်ရောင် အလံသစ် လော...
- အလံသစ်နဲ့ ဒေါ်သန်းရွှေ
- အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
-
▼
October
(215)
2 comments:
အပိုင်း၂ရှာမတွေ့ပါခင်ဗျာ။
အပိုင်း၂ရှာမတွေ့ပါခင်ဗျာ။
Post a Comment