10/14/2010 စံလင်း sittwe-graveyard in Arakan state Burma
ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာရေးကူညီမှု အသင်းကို စည်ပင်သာယာရေး အဖွဲ့မှ အလောင်း ဖျောက်ဖျက် သည်ဟု စွပ်စွဲကာ ခြိမ်းခြောက် ငွေတောင်းခံသည်ဟု သတင်းရရှိသည်။
အသင်း တာဝန်ရှိသူ တစ်ဦးက “ သူတို့က အလောင်းတစ်လောင်းကို စည်ပင်ကို အကြောင်း မကြားဘဲ မြုပ်နှံ တယ်။ ဒါကြောင့် ဒဏ်ငွေဆောင်ရမယ်။ ဒဏ်ငွေ မဆောင်ရင် အလောင်းဖျက်မူနဲ့ တရားစွဲမယ် စသဖြင့် ခြိမ်းခြောက်တဲ့ သဘော ပါတဲ့ စာတစ်စောင်ကို ကျွန်တော်တို့ ဆီကို များမကြာမှီက စည်ပင်မှ ရေးသား ပေးပို့ ခဲ့ပါတယ်” ဟု ပြောသည်။
အဆိုပါ စာကို စစ်တွေ စည်ပင်သာယာရေးမှ အမှုဆောင် အရာရှိ ဦးဝင်းနိုင်က ရေးသား ပေးပို့ခဲ့သည်ဟု သူက ပြောသည်။
ယခုကဲ့သို့ ဦးဝင်းနိုင်မှ စာရေးသား ပေးပို့ပြီး ဒဏ်ငွေ တောင်းခံခြင်းမှာ ဆင်းရဲချို့တဲ့သူ လူကြီး တစ်ဦး အလောင်းကို စစ်တွေ နာရေး ကူညီမူ အသင်းမှ သင်္ချိုင်းသို့ အခမဲ့ပေးပို့ခြင်းနှင့် သက်ဆိုင်ကြောင်း သူက ယခုကဲ့သို့ ရှင်းပြသည်။
“ စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက် ဓူဝံ ဆန်စက်ဝင်း အတွင်းမှာ နေထိုင်တဲ့ ဦးကြာစိန်အောင် အသက် ၇၂ နှစ်ဟာ ဒီလ ၃ ရက်နေ့မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဆင်းရဲ ချို့တဲ့သူ ဖြစ်တဲ့ အပြင် ဆွေမျိုး တွေလည်း မရှိတဲ့ အတွက် ရပ်ကွက်သူ ရပ်ကွက်သားတွေက ရ.ယ.က ဥက္ကဌရဲ့ ထောက်ခံစာနဲ့ နာရေး ကူညီမှုအသင်းကို အကူ အညီ တောင်းတယ်။ ဒါကြောင့် နာရေး အသင်းက သူ့အလောင်းကို မန်ဇီ သချိင်္ုင်းကို ကားနဲ့ ပေးပို့ခဲ့တယ်။ သချိင်္ုင်းကို ရောက်တဲ့ အခါ လူငယ်တွေက စည်ပင်ကို အကြောင်းကြားရင် ပိုက်ဆံပေးရမှာကို စိုးရိမ်ပီး စည်ပင်ကို အကြောင်း မကြားဘဲ သူတို့ဖါသာ သူတို့ တွင်းတူးပီး သဂြိင်္ုလ်လိုက်တယ်။ ခုလို သဂြိုင်္လ်ပီးတဲ့ နောက်ပိုင်းမှာ စည်ပင်က ကျွန်တော်တို့ကို ဒဏ်ငွေ ဆောင်ရမယ်။ ဒဏ်ငွေ မဆောင်ရင် အလောင်း ဖျောက်မူနဲ့ တရား စွဲမယ် ဆိုပီး ဖြစ်လာတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
စစ်တွေတွင် အသုဘ ချတိုင်း စည်ပင်အဖွဲ့သို့ သဂြိင်္ုလ်ခ ငွေ ၁၀၀၀ နှင့် တွင်းတူးခ ကျပ်ငွေ ၆၀၀၀ ပေးသွင်း ရသည်။
“ ဒီလို ငွေတွေ သွင်းရတဲ့ အပြင် စည်ပင်က အသုဘ ချတဲ့ကားကို ဌားရင် ကျပ် ၃၀၀၀၀ ပေးရတယ်။ အဲဒီ အဖိုးကြီးက ဆွေမျိုးလည်း မရှိဆိုတော့ စည်ပင်ကားကို မဌားနိုင်ဘူး။ ကျွန်တော် နာရေး အသင်းကို အကူ အညီ တောင်းတယ်။ ကျွန်တော်တို့က နာရေးအသင်းပိုင် ကားနဲ့ အသဘုကို လိုက်ပို့တယ်။ ဒါကို ဒဏ်ငွေ ဆောင်ရမယ်ဆိုပီး လုပ်လာတယ်။ နာရေး အသင်းက ကားနဲ့ လိုက်ပို့တာသာ ဖြစ်ပြီး သဂြိင်္ုလ်တာ မဟုတ်တဲ့အတွက် ဒဏ်ငွေကို မပေးနိုင်ဘူးလို့ အကြောင်း ပြန်ကြားထားပါတယ်” ဟု သူက ဆက်ပြောသည်။
ယခင်က စစ်တွေတွင် စည်ပင်မှ အသုဘ ကားခမှာ ကျပ်တစ်သောင်း ပတ်ဝန်းကျင်တွင်သာ ရှိသော်လည်း စစ်တွေ သချိင်္ုင်းကို ဆယ်မိုင်ခန့်ဝေးသည့် မန်ဇီ နေရာသို့ ယခုနှစ် ဇန္န၀ါရီလက ပြောင်းရွှေ့ပစ်သဖြင့် စည်ပင်မှ အသုဘကားခမှာ ကျပ် ၃၀၀၀၀ ထိ ဈေးမြင့်တက်သွားခဲ့သည်။
သို့အတွက် ဆင်းရဲသော မိသားစုများအနေဖြင့် အသုဘ ချရာတွင် ငွေကြေး မတတ်နိုင်သဖြင့် စစ်တွေ နာရေး အသင်းမှ အသုဘ ကားကိုသာ အသုံးပြုနေကြသည်ဟု သိရသည်။
ငွေကြေး မတတ်နိုင်သူများ အနေဖြင့် စစ်တွေနာရေး အသင်း အသုဘ ကားကိုသာ အသုံးပြုသူများနေပြီး စည်ပင်ကားကို အသုံးပြုသူ နည်းလာသဖြင့် ၀င်ငွေမရသော စည်ပင် အဖွဲ့က စစ်တွေ နာရေး အသင်းအပေါ် မကျေနပ်မူများ ရှိနေကြောင်း သိရသည်။
သို့အတွက် ယခုကဲ့သို့ အချက်ရသည်နှင့် အပြစ်ရှာ စွပ်စွဲကာ ဒဏ်ငွေဆောင်ရန် အကြောင်းကြား စာရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း နာရေး အသင်းမှ တခြား တာဝန်ရှိသူ တစ်ဦးကလည်း ထောက်ပြ ပြောဆိုသည်။
ရွာကြီးမြောက်ရပ်ကွက်မှ လူကြီးတဦးကလည်း “ စစ်တွေ စည်ပင်က သဂြိင်္ုလ်ခ ငွေ ၁၀၀၀ နဲ့ တွင်းတူးခ ငွေ ၆၀၀၀ မသွင်းတဲ့ အတွက် စစ်တွေ နာရေး အသင်းကိုသာမက ရပ်ကွက်က ဦးဆောင်ပီး သဂြိုင်္လ်ခဲ့တဲ့ သူတွေကိုလည်း အရေးယူမယ်ဆိုပီး ရယက ဥက္ကဌကို အကြောင်းကြားထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
Rest of your post
Wednesday, October 13, 2010
အလောင်းဖျောက်သည်ဟု စွပ်စွဲပြီး စစ်တွေ နာရေးကူညီမှု အသင်းကို စည်ပင်မှ ခြိမ်းခြောက်ငွေတောင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
October
(215)
- ပစ်ဖို့  ထိုင်ခုံလုဖို့ သာ သိတာ ကယ်ဖို့ က န အ ဖ အလ...
- မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့
- ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက...
- NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်
- အကျင့်ဆိုး
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ
- ဖိလစ် ပိုင်ဝန်ကြီးနှင့် ဟေလောရီ ကလင်တန် မြန်မာ့အရေ...
- နိုဝင်ဘာ ၇ ရက်လိမ်ပွဲ ပြီးမှ ပြည်တွင်း အင်တာနက် ပြ...
- CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး
- ဘယ်သူပြောလဲ …တတောလုံးကြွေ
- “မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- လက်ညိုးထောင်၍ ခေါင်းညိတ်ပါ ” သရော်စာ”
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ အပိုင်း(၅)
- အောင်သိန်းလင်းအတွက် ပြည်သူ့ မေတ္တာ
- ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ...
- ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ
- မြေပုံမြို့နယ်မှ သေဆုံး ၈၃ ဦး စာရင်း
- မိပြီ... မိပြီ...သူဘဲ...သူဘဲ
- ရန်ကုန် ကို ရ-၁၁-၁၀ အပြီးမှာ ကွပ်ကဲဖို့ မျောက်ဝံ အ...
- ဧရာဝတီဂျာနယ်
- အစိမ်းရောင်လူသား " ကျော်သူ "
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- ယခု လာမည့် အာဆီယံ ဆွေးနွေးပွဲမှာ မြန်ပြည်အကြောင်း ...
- နွားသီချင်း အဆိုသင်ပေးရင်တောင် တတ်ဦးမယ်
- မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန်...
- ၁ သောင်းပြန်အမ်းပြီးတွင်းထဲ ခုံချတာ ကောင်းဦးမယ်
- ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘေြာေ...
- မဲ ကလွဲရင် ဘယ်သူ့ မှ ဂရုမစိုက်
- ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်...
- ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသ...
- မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ...
- ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
- ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်
- ကျုပ်တို့ ဟုတ်ဖူး
- အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..
- ရာဂုအိုးကြီး ကျကွဲမှ...ရွှေစည်းခုံကိုလှုပါ၏...
- ပုဆိုးခြုံထဲက လက်သီးကို ပုဆိုးလှန်ပြသော မြို့ တော်...
- ၀န်ခံတယ်..မီးရှို့ တာ...ကျုပ်တို့မြို့ တော်ဝန်ကြ...
- မဲခိုးပြီးရင်...ဒေါ်စုကိုလွှတ်မှာပါ...မရှိလို့ လုပ်စ...
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
- ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် cit...
- စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်...
- စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)
- ဘယ်တုန်းက အမှန်ပြောဖူးလို့ လဲ
- ဘင်ကီမွန်း လည်း ကိုယ်ဘာပြောနေမှန်း ကိုယ်ကိုယ်တိုင်...
- Myanmar TV airs cyclone footage
- ပြောရတာလည်း..မောပါ့ဗျာ..
- Nuke plan may speed up if...
- မြန်မာ့ ပြည်ပပို့ ကုန်..သတို့ သမီးရောင်းဝယ်ရေး
- မကောင်းတာမှန်သမျှ..ထိပ်သီးရတဲ့ ရွှေနိုင်ငံ
- မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်း...
- UN: 70,000 people in Myanmar are homeless in wake ...
- တိုးတက်နေသော..မြန်မာပြည်ကြီး။ ( Before and After)
- အမြင်မှားကို လက်ခံထားကြသူများ
- ဂီရိဒုက္ခသည်များ ထပ်မံတိုးပွါး၊ အကူအညီများ အကြီးအကျ...
- မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြ...
- ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ...
- ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ...
- 14 killed in oil well blaze
- မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရ...
- ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား(VOA)
- မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရိ...
- ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံး...
- မလေးသွားမယ့် သူတွေ သတိထား
- တရားဝင် ဆိုးသွမ်းတော့မည်
- အခွံကြီးပါဘဲ
- မဲရဖို့ ကလွဲရင် ဘာမှစိတ်မ၀င်းစားတဲ့  အာဏာရှင်နဲ့  ...
- မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်
- ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း
- ဂီရိ မုန်တိုင်း လူ ၅ဦးသေဆုံး
- အာဏာရှင် တွေ လက်ကိုင်တုတ်တွေတင်လိုက်တဲ့  အလံ အတွက်...
- တိုးတိုးတိတ်တိတ်လေး လုပ်မှာ
- သဘာဝဘေးတွေ့ လို့ ကတော့ အာဏာပိုင်တွေ မျှော်ဖို့  စိ...
- ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး
- အခွံကြီးပါဘဲ
- ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ အပိုင်း ၁ ...
- မွဲတာ ခြင်းလည်း တူ ပါ့
- ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
- ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအ...
- မြို့တော်ဟောင်းက ဇာတ်လမ်းသစ်
- ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်း...
- ဒီ အလံ ဘယ်တော့မှ အလေး မပြု
- ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ေ...
- နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
- စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်...
- ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြ...
- အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်
- ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
- ယတ်တော မွှေတဲ့မီးကြောင့် ဒေါ်စုတရားရုံးတက်နေရဆဲ
- တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော
- ဒေါင်းအလံ လွှင့်မည့် နေ့  တနေ့ တော့ရောက်လာမှာပါ
- အမြဲတမ်းဖြစ်ချင်တာဖြစ်နေတဲ့  မြန်မာပြည်
- နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆ...
- ကင်တားနား တောင် သိသေးတယ်
- အလံဟောင်းတောင်မလေးစားခဲ့တာ ဒံပေါက်ရောင် အလံသစ် လော...
- အလံသစ်နဲ့ ဒေါ်သန်းရွှေ
- အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
-
▼
October
(215)
No comments:
Post a Comment