Wednesday, October 13, 2010

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး နယူးဇီလန်တောင်းဆို




2010-10-13

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ နယူးဇီလန် ပါလီမန်လွှတ်တော်က မြန်မာစစ်အစိုးရကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ခိုင်မင်းက သူ့ရဲ့ အကြမ်းမဖက် ဒီမိုကရေစီရေး လှုပ်ရှားခဲ့မှုနဲ ထောင်တွင်း အတွေ့အကြုံတွေကို နယူးဇီလန် လွှတ်တော်မှာ ပြောကြားခဲ့ပြီးနောက် အဓိက အတိုက်အခံ လေဘာပါတီနဲ့တကွ တခြားပါတီအားလုံးကနေ မြန်မာပြည်သူတွေကို လွတ်လပ်စွာ ဟောပြော စုရုံးခွင့်ပေးဖို့အချက် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ တညီတညွတ်တည်း ခုလို တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။



နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
နယူးဇီလန်အစိုးရဟာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျစတဲ့ နိုင်ငံတွေနဲ့အတူ မြန်မာ စစ်အစိုးရကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်တဲ့ ပြစ်မှုတွေအတွက် ကုလသမဂ္ဂက ကော်မရှင်ဖွဲ့စည်းစုံစမ်းရေးကိစ္စကို သဘောတူ ထောက်ခံထားပါတယ်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်