Monday, October 11, 2010

အကျင့်ပျက်ဝန်ထမ်းများအား အရေးယူပေးနိုင်ပါရန် တိုင်ကြားခြင်း

Wednesday, 06 October 2010 15:09 မောင်ပွကြီး
သို့= သက်ဆိုင်ရာအာဏာပိုင်းများသို့
အကျင့်ပျက်ဝန်ထမ်းများအား အရေးယူပေးနိုင်ပါရန် တိုင်ကြားခြင်း

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အခြေချဗျူဟာထိုင်ထားသော စစ်ဗျူဟာမှူး ဗမကခင်မောင်စိုးသည် ယခင် ကျိုင်းတုံ၊ မိုင်းဖြတ် ထောက်လှမ်းရေးတပ်မှူးဘဝမှ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားသည့် ဒုဗိုလ်မှူး ကြီးပြုတ် ဦးကိုကိုအောင်နှင့်ပူးပေါင်းကာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ရန်ပုံငွေအတွက် အမည်ခ့လျှက် တာချီလိတ်မြို့၊ ဝမ်ကျောက်လုံဘုန်းကြီးကျောင်းနောက်ဘက် လျှိုထဲ၌ ကာစီနိုလောင်းကစားဝိုင်း လေးကောင်ဂျင်ဝိုင်းများကို တရားမဝင် သဖွယ်ဖွယ်လှစ်ထားရှိပြီး နိုင်ငံတော်မှ လိုင်စင်မဲ့ကားများ အခွန်ဆောင်ခွင့်ပေးနေချိန် တာချီလိတ်အမှတ် (၁) တံတားပေါ် မှနေ၍ ကုန်သည်များနှင့်ပူးပေါင်း လာဘ်ငွေရယူကာ အခြားအာဏာပိုင်အဖွဲ့အစည်းများအား အသိမပေးဘဲ လိုင်စင်မဲ့ ကားများတင်သွင်ခြင်းပြုလုပ်လျက် ရှိပါသည်။


၁၃.၉.၂၀၁၀ ရက်တွင် တာချီလိတ်မြို့၊ တံတား (၂) မှတဆင့် ထိုင်နိုင်ငံသား ချိုင်းဝပ်၊ အသက် (၃၀) နှစ်မောင်းနှင်လာ သော ထိုင်းနိုင်ငံလုပ်၊ အကောက်ခွန်မဲ့ လိမ္မော်ရောင် မြေထိုးဂေါ်ပါ ထွန်စက်(၁) စီးအား တာဝန်ကျအဖွဲ့မှ စစ်ဆေးခဲ့ရာ တွင် တာချီလိတ်ရေပူစမ်းပြည်သူ့စစ် ခေါင်းဆောင် ဦးဝေဇင်မိုးမှ စစ်ဗျူဟာမှူးထံ လာဘ်ငွေထိုးကာ ဝယ်ယူဖြတ်သန်း ခဲ့ကြောင်း သိရှိရသော်လည်း ဖမ်းဆီးခြင်းမပြုကျတော့ဘဲ ပြန်လွှတ်ပေးခဲ့ပါသည်၊ အလားတူ တံတား (၁) ပေါ်မှလည်း စစ်ဗျူဟာမှူး ခွင့်ပြုချက်ဖြင့်ဟုဆိုကာ တံတာအာဏာပိုင်များဖမ်းဆီးခြင်းမပြုဘဲ လွှတ်ပေးပြီးလိုင်စင်မဲ့ကားများတင်သွင်း ခဲ့သည်များလည်းရှိပါသည်။ တော်ဝင်နန်းကုမ္ပဏီ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နေ ကိုအားတီတို့နှင့်ပူးပေါင်းပြီး လာဘ်ငွေရယူ ကာ ၂၀၁၀ (၈) လပိုင်းအတွင်းက လိုင်စင်မဲ့ကား (၉) စီးတစ်ဘက်နိုင်ငံမှ တင်သွင်းခဲ့သည်။ ကိုအားတီဆိုသူမှာ လွန်ခဲ့ သော (၄) လခန့်က တာချီလိတ်ရဲစခန်းတွင် မူးယစ်မှုဖြင့် ဆက်နွယ်တရားဖြစ်ကြောင်းသိရှိပါလျက် တိုင်းမှူး၊ ဗျူဟာမှူး နှင့် တရားသူကြီးများထံ လာဘ်ငွေဘတ် (၃) သိန်းစီးပေးခဲ့သည်။ ကွင်းဆက်တရားခံအဖြစ်မှပျယ်ဖျတ်ပေးရန် တာချီလိတ် ရဲကိုလည်း (၁) သိန်းပေးခဲ့သည်ဟု အတွင်းလူများဆီကသိရပါသည်။ ရဲကတော့ငွေကို လက်မခံဘဲပြန်ပေးခဲ့သည်လို့ သိရပါသည်။ မိမိပိုင်ငွေများဖြင့် လိုင်စင်ဝင်ရန်ဝယ်ယူခဲ့သော်လည်း ရက်မမီလိုက်သောကားများကိုမူ သိမ်းဆည်းနေပြီး ယခုကဲ့သို့ လူကြီးများနှင့်အဆင်ပြေသူများကိုကျတော့ လိုင်စင်မဲ့ကားများတင်သွင်းခွင့်ပေးနေခြင်း၊ မူးယစ်ဆေးဝါး တရားခံကိုကယ်ထုတ်ပေးခြင်းများ ပြုလုပ်ပေးနေသည့် တာချီလိတ်စစ်ဗျူဟာမှူးနှင့်တရားသူကြီးတို့အား အရေးယူပေးနိုင် ပါရန် သက်ဆိုင်ရာနိုင်ငံတော် အာဏာပိုင်များထံ သတင်းဝဘ်ဆိုဒ်မှတစ်ဆင့် ဓါတ်ပုံများနှင့်အတူပေးပို့ တိုင်ကြားအပ်ပါ သည်။


မောင်ပွကြီး

ဆန်ဆိုင်း (ခ) တာချီလိတ်Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်