( ဗုံးပေါက်ကွဲပြီးနောက် ဖူးမြင်ရသော မန္တလေး အိမ်တော်ရာ ဘုရားပုံ ဖြစ်ပါသည်)
ယနေ့ (၂၀၊ နိုဝင်ဘာ၊ ၂၀၁၀) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေး အိမ်တော်ရာ ဘုရားဝင်း အင်္ဂါထောင့်တွင် ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ရာ လူတစ်ဦး၏ မျက်နှာနှင့် လက်တို့ ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
ဗုံးပေါက်ကွဲချိန်တွင် ဗုံးအနီးတွင် ဘုရားသန့်ရှင်းရေး ကုသိုလ်လာယူနေကျ ပြင်ဦးလွင်မြို့နယ်၊ ရေသယောက်ကျေးရွာဘက်မှ လင်မယား နှစ်ဦးရှိနေကြောင်း၊ ထိုလင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ အထက်ပါ လင်မယားက အ၀တ်စ တစ်စကို ဆွဲလိုက်ရာက ဗုံးထကွဲသည် (သို့) သေတ္တာငယ် တစ်ခုကို ဆွဲလှပ်လိုက်ရာမှ ဗုံးထကွဲသည် စသဖြင့်လည်း အမျိုးမျိုး ပြောဆိုနေကြသည်။
ဗုံးပေါက်ကွဲပြီး မကြာမီ မန္တလေးတိုင်းမှူးကိုယ်တိုင် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။ ဗုံးပေါက်ကွဲပြီးနောက် အိမ် တော်ရာဘုရားရင်ပြင်တော်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားလိုက်ပြီး နေ့လည်ပိုင်းတွင်မူ လုံခြုံရေးလျှော့ချကာ ရဲသားအနည်းငယ် ခန့်ကိုသာ ဆက်လက်ထားရှိတော့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
ယခုရက်ပိုင်းအတွင်း မန္တလေးသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဟု သတင်းများလည်း ကြားနေရပြီး အင်္ဂါသမီးဒေါ်အောင်ဆန်း စုကြည် မန္တလေး မလာမီ အိမ်တော်ရာဘုရား အင်္ဂါထောင့်တွင် ဗုံးခွဲခဲ့ရာ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ယတြာချေ ကြိုဆိုလိုက်ခြင်းလော၊ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ခြောက်လှန့်လိုက်ခြင်းလော၊ ဘုရားပေါ် ဗုံးခွဲကာ ဘာသာ၊ သာသနာကို စော်ကားလိုက်ခြင်းလော၊ မတော်တဆ ဗုံးထကွဲခြင်းလော ဆိုသည့် အချက်များမှာမူ ဗုံးကွဲစေသူကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။
အချို့သော မန္တလေးသားများကမူ စစ်အာဏာရှင်များက လူထုအင်အားပရိသတ် တစ်စတစ်စ တိုးသထက်တိုးလာနေသော ဒေါ်အောင် ဆန်း စုကြည် မန္တလေးမလာမီ ခြောက်လှန့်စေသည့်သဘောဖြင့် တန်ဆောင်တိုင်အကြိုဗုံးကို ခွဲခြင်းဖြစ်သည်ဟု ပြောဆိုနေကြပေ သတည်း။ ။
Nyo Gyi
20. 11. 2010 http://bigbbrown.blogspot.com/2010/11/pre-ta-saung-tine-bomb-from-mandalay.html
နောက်ဆက်တွဲ
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။
(မည်သည့် ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဆက်လက် စုံစမ်းဆဲဖြစ်ပါသည်။)
ဒါက http://www.news-eleven.com/index.php?option=com_content&view=article&id=5957%3Amandalay-bomb&catid=44%3A2009-11-10-07-31-38&Itemid=113&sms_ss=facebook&at_xt=4ce7c1067c240ee7%2C0&ref=nf မှာဖော်ပြထားတာပါ။
comment
Thiha2010
ဘာသာရေး နိုင်ငံရေးလို့ ရောပြောနေသူတွေကို ပြောပါရစေ၊ ဒီလောက်တောင် လုံခြုံရေးတင်ြး ကပ်နေတဲ့ ကြားကဖြစ်တာဆိုရ င် ဘယ်သူ့လက်ချက်လည်းဆိုတာ ခင်ဗျားတို့ သဘောပေါက်သင့်ပါ တယ်။ ###။ ဧည့်စာရင်းစစ်လိုက်တာကလည်း ထမီလှန်မကြည့်ရုံတမည်ပဲ (ဒါတောင် လုံခြုံရေးအကြော င်းပြပြီး လှန်ချင်လှန်နေမှာ)၊ ကွဲတိုင်းလည်း ပြည်ပအဖွဲ့အစည်း ဆိုပြီး အလွတ်ကျက် အသေမှတ်ထားတဲ့ စကားတလုံးပဲ ပြောစရာရှိတယ်။ သိထားဖို့က အဲဒီလို ကောက်ကျစ်တဲ့ အလုပ်ကို ###ပဲ လုပ်တယ်။ သေချာချင်ရင် FBI က ဗုံး Expert တယောက်လောက်နဲ့ ခေါ်ပြီး စာမေးပွဲစစ်သလို စစ်ကြည့်လိုက်ပါ လား။ ဘယ်သူခွဲသလဲဆို တာ။ မင်းတို့ ကိုးကွယ်နေတဲ့ ### ကိုယ်ကိုယ်ကိုယ် သတ်သေသွားဦးမယ် ။
phola.moon
ဒေါ်စုလွတ်လာတာ တပတ်ဘဲရှိသေးတယ် ရန်ကုန်မြို့ ရဲ့ တကယ့် အချက်အချာနေရာမှာဗုံးတွေ့ တယ်တဲ့ ၊ အခုလဲ မန္တလေးမှာ ဗုံးပေါက်တယ်၊ ဒါတွေဟာသာမာန် တိုက်ဆိုင်မှုတွေ မဟုတ်ဘူး၊ ဒေါ်စုရဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း ရေး မိန့် ကြားချက်တွေကို ပြည်တွင်းပြည်ပ မှာရှိတဲ့ ပြည်သူအားလုံးက တညီတညွတ် တည်းထောက်ခံနေကြ ချိန်မှာ အခုလိုအဖျက်လုပ် ငန်းတွေကို ဘယ်သူတွေက လုပ်မှာလဲ၊ ပြည်သူတွေသတိရှိ ကြပါ၊ သူတို့ နှပ်ကြောင်းပေး နေပြီ၊ သူတို့ မှာဒေါ်စု ကို မဖြစ်မနေ လွှတ် လိုက်ရတဲ့ အစီအစဉ်ပြီး ရင် နောက်တဆင့် ဖြစ်တဲ့  Plan B ဆိုတာရှိသေးတယ်၊ ပြည်သူတွေ ဒေါ်စု ရဲ့ လုံခြုံရေးကိုဂရုစိုက် ကြပါ ၊သတင်းထောက်အပေါ င်းတို့  ဒေါ်စု ကိုတကယ် ချစ်ကြတယ်ဆိုရင် ဒေါ်စု ရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်မှု့ များအပေါ် နားလည်ပေးကြပါ ၊ ပြည်သူအပေါင်းတို့ သူတို့ ရဲ့ ပရိယာယ်ကို မျက်ခြေမပျက် ကြည့် ထားကြပါ၊ သူတို့ ယုတ်မာတော့ မယ်၊
Thiha2010 တခြားလူမပြောနဲ့ မင်းတို့ထဲက ကောင်းဖြစ်တဲ့ ###တောင် စွယ်တော်တုန်းက ဗုံးခွဲလုပ်ကြံတာ ခံရသေးတယ်။ သူ့သမီးက အိမ်မှာနေရင်း ပါဆယ်ဗုံးကြောင့် သေတယ်။ ဂျပန်က ဘယ်စာတိုက်က ပို့တယ် ဘာညာနဲ့ အခိုင်အမာလုပ်လိုက်သေးတယ်။ တကယ်စုံစမ်းကြည့် တော့ အဲဒီလိပ်စာနဲ့မဟုတ်ဘူး။ တကယ်က ### လုပ်ကြံတယ်၊ ပြည်ပအဖွဲ့အစည်း တွေကို စွပ်စွဲတယ်၊ နောက်ဆုံးတော့ အဲဒီ (၂) ကောင်ထဲက ###လည်း သူရက်စက်ထားခဲ့တဲ့ တရုတ်လှမှာပဲ သေ၊ ###လည်းထောင်ကျ၊ သံဝေဂ ရကြစမ်းပါကွာ။
all4egalitarian စိတ်တော့မရှိကျပါနဲ့ ဘွင်းဘွင်းပြောရ ရင် တရားခံတွေ့အောင် ရှာဖို့အော်နေတဲ့ သူတွေကို စိတ်ကူးယဉ်နေတယ် လို့ဘဲပြောပါရစေ ။ ဒီ၁၀နှစ်တာကာလအတွင်းမှာ ဗုံးအကြိမ်တော်ေ တ်ာများများ ပေါက်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဘယ်အခေါက်များ တရားခံမိတယ်ကြား ဖူးပါသလဲ။ ရှိသမျှ ဆန့်ကျင်ဘက်အဖွဲ့ အစည်းတွေကို လက်ညိုးထားပြီး ပြီးသွားတာဘဲ။ တခုရှိတာတော့ သူတို့ကိုယ်တိုင်ဖြစ်နေလို့မဖော်တာလည်း ဖြစ်နိုင်တယ်။
Saturday, November 20, 2010
တန်ဆောင်တိုင်အကြိုဗုံး မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်း ပေါက်ကွဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment