Monday, November 29, 2010

တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် သိန်းစိန်

ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ်)

ကျောက်ဖြူ ပညာရေး ကောလိပ်တွင်လည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ကျောင်းဆောင်ကို ပြန်ပြင်ရန် လိုအပ်ကြောင်း ဆရာ ဆရာမများက တင်ပြရာ ကုန်ကျစရိတ်အသီးသီးနှင့်လိုအပ်သည်များကိုရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတွင်သွားရောက် တောင်းကြ ဟု ၀န်ကြီးချုပ် သိန်းစိန်မှ ပြောကြောင်း သိရသည်။

နိုဝင်္ဘာလ ၂၅ ရက်နေ့က ၀န်ကြီးချုပ် သိန်းစိန်၏ ကျောက်ဖြူခရီးစဉ်တွင် ကျောက်ဖြူ ပြည်သူ့ ဆေးရုံကြီးတွင် လူနာတင်ကား လိုအပ်နေသဖြင့် တောင်းဆိုရာ ၀န်ကြီးချုပ်သိန်းစိန်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ သွားရောက် တောင်းယူကြရန် တင်းတင်းမာမာ ပြောဆိုခဲ့သည်ဟု ဆေးရုံဝန်ထမ်း တစ်ဦးမှ ပြောသည်။

- နိရဉ္စရာ သတင်းဌာန မှ.

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်