Thursday, November 25, 2010

ရေဆန်ကို ဆန့် မယ် အား

အို..မိခင်
သင်၏ တည်ကြည်မှု့ဖြင့်
သားသ္မီးများကို စီမံခန့်ခွဲ၏..

အို..မိခင်
သင်၏အနစ်နာခံမှုဖြင့်
သားသ္မီးများကို အလုပ်ကြွေးပြု၏..

အို..မိခင်
သင်၏ မေတ္တာတရားဖြင့်
သားသ္မီးတို့အပေါ်နွေးထွေးစေ၏

အို..မိခင်
သင်၏ လမ်းပြမှု့ဖြင်
သားသ္မီးတို့ကို ဖြောင့်မတ်စေ၏

အို..မိခင်
သင်၏ ရုံးကန်မှု့ဖြင့်
သားသ္မီးတို့ကို လွတ်မြောက်စေ၏

အို..မိခင်
သင်၏ ကာကွယ်မှု့ဖြင့်
သားသ္မီးတို့ကို လုံခြုံ့စေ၏

အို..မိခင်
စစ်မြေပြင်၏ သူရဲကောင်း
များစွာတို့ထက် သာလွန်သော
မိခင်

ရဲရင့်ခြင်း နှလုံးသားကို
ပိုင်ဆိုင်သော
မိခင်

စွန့်လွှတ် အနစ်နာခံ
ပေးဆပ်နေသော
မိခင်

ပင်ပန်းဆင်းရဲမှု ကြားမှ
အပြုံးတေးနှင့်ချော့ခဲ့သော
မိခင်

လောကဓံ လှိုင်ကြမ်းကို
မကြောက်မရွံ့ တွန်းလှန်နေသော
မိခင်

အို.....မြန်မာပြည်၏ မိခင်
သင်သည် ကျွန်ုပ်တို့ သားသ္မီးများ အတွက်
သူရဲကောင်းမိခင် သာတည်း............


နေမျိုးသူရ(ပုသိမ်)
http://www.facebook.com/l/752a7khVykSpDTGgZrJDNYDE84Q;၂၅.၁၁.၂၀၁၀

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်