ခင်နှင်းလွင် ၊ ရန်ကုန် နိုဝင်ဘာ ၂၇၊ ၂၀၁၀
ထိုနေ့ တစ်နေ့လုံး မျှော်လင့်ချက်အပြည့်နဲ့ လမ်းမပေါ်မှာရော NLD ရုံးချုပ် ရှေ့တွင် မှာပါ လူအုပ်စုကြီးက စိတ်အား ထက်သန်စွာဖြင့် စောင့်ဆိုင်း နေသကဲ့သို့ အန်အယ်ဒီ ရုံးချုပ်ရဲ့ အပေါ်ထပ် ဒေါ်အောင်ဆန်းစုကြည် အတွက် ပြင်ဆင်ပေးထားတဲ့ ၈ ပေ x ၁၄ ပေ သာသာ အကျယ် ရုံးခန်းလေး အတွင်းမှာလည်း ပိတ်ဖြူစ ပန်းချီကားချပ် တစ်ခု ….ထို့နောက် ကမ္ဘာ့မိတ်ဆွေ ဗမာ့ကျက်သရေ ဆိုတဲ့ ကဗျာ ခေါင်းစဉ်နှင့် အန်တီ့ပုံကို ကမ္ဘာ့နိုင်ငံ အလံများအလယ်တွင် ထည့်သွင်းထားတဲ့ ဓါတ်ပုံကားချပ်တစ်ခုတို့က ပြည်သူများနှင့်အတူ ထိုရုံးခန်းငယ်ကလေးထဲမှ စောင့်ကြိုနေခဲ့သည်။
ရွှေဂုံတိုင် NLD ရုံးရဲ့ ပထမထပ်မှာ ရှိတဲ့ အန်တီ့အတွက် ရည်ရွယ်ထားတဲ့ ရုံးခန်းဆီကို ရွှေဂုံတိုင်ရုံးထဲ ၀င်ဝင်ချင်း ဘယ်ဘက်အကြား လှေခါးမှ တက်သွားလျှင် ရောက်နိုင်သည်။
ရုံးခန်းလို့ ခေါ်ပေမဲ့ ရုံးခန်း အပြင် အဆင် အဆောင်ယောင် ဆိုလို့ တယ်လီဖုန်းတွေ၊ ကွန်ပျူတာ၊ ဖက်စ်၊ မိတ္တူကူးစက်လို စာအုပ်စင်လို အရာတွေ ဘာမှမရှိဘဲ သန့်ရှင်း ရှင်းလင်းတဲ့ အဆင် အပြင်ကိုသာ မြင်တွေ့ရသည်။
စားပွဲခင်း အဖြူစ ခင်းထားသည့် စားပွဲလေးပေါ်မှာ ထိုးထားသော နှင်းဆီပန်းတပွင့်၊ ဖိုင်တွဲစင်၊ ဘောပင်ထည့်သည့် ခွက်တခု ရှိသည်။ ရေ ထည့်သုံးသည့် လေအေးပေးစက် တစ်လုံး နှင့် ကုလားထိုင် အနည်းငယ်ကိုသာ တွေ့ရသည်။ အန်တီထိုင်ဖို့ ကြိမ်ထိုး ကုလားထိုင်ကို ပန်းရောင် အစွပ် စွပ်ထားသည်ကို တွေ့ရပြီး လေ၀င်လေထွက် ကောင်းပြီး အလင်းရောင် ကောင်းကောင်းရသည့် အခန်းတစ်ခန်းဟု ဆိုနိုင်သည်။
`ဒီပန်းချီကားချပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၇နှစ်မြောက် မွေးနေ့အတွက် ဆိုပြီး အင်းစိန် အကျဉ်းထောင်နဲ့ အခြားအကျဉ်းထောင်က နိုင်ငံရေးနဲ့ အကျဉ်းကျသူတွေ စုပြီး ထိုးထားတဲ့ လက်ရာတွေပဲ။ ၂၀၀၂ ခုနှစ်ကတည်းက ပေးထားခဲ့တာ အခုမှ ဒေါ်အောင်ဆန်းစုကြည်ကို ပေးနိုင်မှာ။ ဒီထဲက တစ်ယောက်ဆို ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ရတယ်။ တစ်ချို့လည်း ထောင်ကလွတ်လို့ ပြည်ပ ရောက်တဲ့လူက ရောက်ကုန်ကြပြီ´ လို့ ပန်းချီကားကို လက်ညှိုးထိုးပြရင်း ဒေါက်တာဒေါ်မေ၀င်းမြင့်က ပြောသည်။
ချည်ထည် ပိတ်ဖြူစပေါ်တွင် ကမ္ဘာလုံးနှင့် ငြိမ်းချမ်းရေးပုံ၊ ခမောက်ပုံ၊ မန္တလေးနန်းတော် မျှော်စင်ပုံနှင့် ပစ်တိုင်းထောင်ပုံတို့ကို ရေးဆွဲထားပြီး ပုံများအားလုံးမှာ ချည်ရောင်စုံများနှင့် ရေးထိုးပုံဖော်ထားတာကို တွေ့မြင်နိုင်သည်။
ငြိမ်းချမ်းရေး ချိုးငှက် မြန်မာပြည်မှာ နားသင့်ပြီ ဆိုတဲ့ ခေါင်းစဉ်နှင့် ကမ္ဘာလုံးနှင့် ငြိမ်းချမ်းရေး ပုံကို ထောင် ၇ နှစ် ကျသူ မသန္တာဦး၊
ကျသည့် နေရာတွင် ထောင်နိုင်သည့် ပစ်တိုင်းထောင်၊ ရှားပါးတန်ဖိုး ကြီးသည့် နှင်းဆီနက် ပုံတို့ကို ထောင် ၂၉ နှစ် ချမှတ်ခံခဲ့ရသူ ဒေါ်ခင်ခင်လဲ့၊
သက်တင်ကြည်ဖြူ စိန်သရဖူ၊ ပြည်သူကြားရောက် NLD ခမောက်နှင့် ပြည်သူနှလုံး စု သိမ်းကြုံးယူ အစရှိသော ပုံကို ထောင် ၇နှစ်သာ ချမှတ်ခံရသော်လည်း အင်းစိန်ထောင်တွင် ၁၁နှစ် နေခဲ့ရသူ ဒေါက်တာဒေါ်မေ၀င်းမြင့်၊
မြန်မာ့နိုင်ငံရေး အလင်းပေးတယ် သုံးရောင်ချယ် အမည်နှင့်ပုံကို ၇နှစ်ကျခံခဲ့ရသူ ဒေါ်တင့်တင့်ဟန်၊
လှေခွက်ကြီးကျန် အလံမလှဲသော NLD လှေကလေးအမည်နှင့် ရိုးသားဖြူစင်သော သူငယ်တော်ရုပ်ကလေးကို ထောင် ၇နှစ် ကျခံရသော မခင်မာရီ၊
သူ မပါ ဘယ်ဟာမှ မပြီး၊ ဒို့တိုင်းဌာနီ ဗဟိုစည် ပုံကို ထောင် ၂၉နှစ် ချခံရသူ မသီတာထွေး၊
မပျက်ရိုးရာ ပြည်မြန်မာ, သစ္စာစောင့်ရှောက် ထီးချက်စောင့်, ငြိမ်းချမ်းသော ကမ္ဘာကို ထောင် အနှစ် ၂၀ ကျ မကြူကြူမာ၊
မိခင်မေတ္တာ ကြီးမားစွာတည့် ပုံကို ၂၉နှစ်ကျ ဒေါ်အေးသန်း၊
ဒို့ရှမ်းတောင်သူ တုနိုင်ရိုးလားကို ၁၇နှစ်ကျ မသန်းသန်းဌေးက၊
၈၉ သေဒဏ် တကျွန်းစံပုံကို ပြစ်ဒဏ် သေဒဏ်နှင့် တကျွန်း ချခံခဲ့ရသူ ဒေါ်ညွှန့်
ညစ်ထေးမတင် မှိုသွင်ပြင်နှင့် လ၀န်းမကွယ် သုံးရောင်ချယ်ကို မခင်ဆွေရင် (ထောင်ဒဏ်) ၁၇ နှစ် ချခံရသူ၊
အမှန်အမှား လူထုအားတည့်ပုံကို ပြစ်ဒဏ် ၄၂နှစ်ကျ မခင်ဆွေထွန်း
စသည့် အမျိုးသမီး ၁၂ ဦးက ရေးထိုးထားခြင်း ဖြစ်ကြောင်း တွေ့ရသည်။
သာမန်အားဖြင့် ရိုးစင်းပြီးမထူးဆန်းလှသည့် ပန်းချီကားလေး တစ်ချပ် ဖြစ်သည်။ ရေးထိုးထားသည့် ခေါင်းစဉ်များကို ကြည့်ရှုခြင်းဖြင့် ဖန်တီးထားသူတို့၏ လူထုခေါင်းဆောင် တစ်ယောက်အပေါ် ထားရှိသည့် မေတ္တာ၊ သူတို့ကိုယ်တိုင် အကျဉ်းအကျပ်ထဲတွင် ရောက်နေသော်လည်း သူတို့ ထမ်းဆောင် နေသည့် သမိုင်းတာဝန်ကို ရုပ်လွတ်လပ်မှု နှင့် မိသားစုဘ၀ ကို စတေးပြီး ထမ်းဆောင်သွားမည့် မာန် စသည်တို့ကို ခံစားနိုင်သည်။
မနေသင့် မနေအပ်သည့်နေရာတွင် မနေထိုက်သူတို့ ရောက်ရှိနေရာ အရပ်၊ တရားမမျှတမှုများ ဖုံးလွှမ်းရာ အရပ်ကို မြန်မာနိုင်ငံမှ အကျဉ်းထောင်များက ညွှန်ပြနေသယောင် မြင်တွေ့နိုင်သည်။ နိုင်ငံရေးနဲ့ အကျဉ်းကျသူနေသူတွေ အတွက် အပ်နှင့် အပ်ချည် ကိုင်ဆောင်ဖို့ ခက်ခဲပြီး သူတို့အတွက် ယခုလို အ၀တ်ပန်းချီကားကို ရေးထိုးဖို့ရာ့  မလွယ်ကူတာအမှန်ပင်။
ထိုသို့ အခက်အခဲ ပေါင်းစုံကြားမှ ပြည့်သူ့ခေါင်းဆောင်ကို မမေ့လျော့သည့် စိတ်နှင့် ရေးထိုးပေးထားသော ပန်းချီကားလေးမှာ နိုင်ငံအတွက် အကျဉ်းကျနေသူ အားလုံး၏ စိတ်ကိုဖော်ဆောင် ပေးနေသကဲ့သို့ပင် ဖြစ်လေသည်။ ထို့အပြင် ပြင်ပကမ္ဘာမှ ခေတ္တ အမေ့ခံနေရသူတို့ရဲ့ ၀မ်းနည်းဖွယ် ပုံရိပ်လည်း ဖြစ်သည်။
`ထောင်ဆိုတဲ့ အရပ်က မကောင်းမှန်း သိတယ်၊ ကြောက်တယ် ဒါပေမဲ့ ကိုယ်ဒီအရပ်ကို ရောက်ခဲ့ရတာဟာ အမှန်တရားအတွက် ဆိုတော့ မပျော်ပေမဲ့ ပျော်အောင်နေတတ်ခဲ့ပါတယ်´ ဟု NLD ရုံးမှ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ မပြီးဆုံးနိုင်သေးသည့် တိုင်းရင်းသားလူမျိုးစု ပြဿနာ၊ ဆင်းရဲမွဲတေမှု ပြဿနာများနှင့် နိမ့်ကျနေသည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဖြေရှင်းစရာ အခက်အခဲ ပေါင်းစုံက ဒီရုံးခန်းက ကုလားထိုင်မှာ ရုံးထိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်လင့်နေသည့် အသွင်မျိုး ခံစားရသည်။
ထည်ဝါမှုမပါ ခေတ်မှီ အသုံးဆောင်များမရှိ ရိုးစင်းတဲ့ အပြင်အဆင်နှင့် ဒီစားပွဲငယ်လေးတွင် ထိုင်ပြီး ပြည်သူတို့၏ မျှော်လင့်ချက်၊ ယုံကြည်ချက်တို့ကို ဒေါ်အောင်ဆန်းစုကြည်က လူထုနှင့် လက်တွဲပြီး ဒီနေရာမှ ရင်ဆိုင် ဖြေရှင်းသွားလိမ့်မည် ဖြစ်သည်။
ရုံးခန်းမှ ပြန်ထွက်အလာတွင်တော့ NLD ပါတီဝင်များ၊ NLD ကို အားပေးသူများ၏ မျှော်လင့်ချက်နှင့် တောက်ပနေသည့် မျက်နှာများကို ဖြတ်သန်းပြီး ရွှေဂုံတိုင်ရုံးချုပ် အပြင်ကို ရောက်ရှိခဲ့ပါသည်။Rest of your post
Saturday, November 27, 2010
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
- ချေးပေနေသော မြန်မာ့စာပေ စီစစ်ရေး..
- ဖြူသင်ရှင်းသန့် သော ချစ်ခြင်းမေတ္တာ
- နိုင်ငံတော် အစိုးရ၏ လှူသံမကြားရသေး
- ရွေးကောက်ပွဲပြီး ဒီမိုကရေစီ မြေပုံသို့ ဆို တဲ့  စိ...
- နိုင်ငံတော်ကြီးက မကူညီ မထောက်ပံ့တော့ ကိုယ့် အကြံဥာ...
- မေတ္တာ အရင်းခံပါပဲ...
- မယုံပေါင်.. အိုဘားမား ပြောလို့  နဲနဲလေး လေသံပြောင်...
- “ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”
- သားအမိတို့ ၏ ချစ်ခြင်းမေတ္တာ သန့်စင်ပါဘိ မြတ်ပီတိ
- ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်ေ...
- လွှတ်ပေးပါ။ ၂၂၀၀ ဦးသော နိုင်ငံရေးအကျဉ်းသား ( လားရှ...
- မင်္ဂလာပါ ချစ်သော မေမေ..
- ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်...
- လက်နက်ချမလား၊ စစ်တိုက်မလား။
- စလောင်းရှိုလည်း မ ကြည့်ရတဲ့
- U Gambira: “Please continue the peaceful movement
- ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခ...
- ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ...
- NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံး...
- N.Korea engaged in secret operations in Myanmar: L...
- Twitter’s hottest 10 trends of the week ( Daw Suu ...
- U.S. needs to investigate human rights claims
- VOTE for your woman of the year!
- MP to raise question of Burmese refugees on Thaila...
- An iron fist in gold leaf
- In New Jersey, UN Ban Speech Ignores Haiti, Congo ...
- ILO Governing Body concludes discussions on policy...
- Clinton Sends Personal Letter to Suu Kyi
-
▼
November
(423)


No comments:
Post a Comment