Saturday, November 27, 2010

ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)

ယနေ့ထုတ်ဝေလျက်ရှိသောဟာသစာစောင်များတွင် နံပါတ်တစ်နေရာကိုပြိုင်ဖက်မရှိရရှိထားတဲ့မြန်မာ့အလင်း သတင်းစာမှာ ဒေါက်တာဝင်းနိုင်က ပီတိကိုမျှဝေပါတယ်ဆိုသော ဟာသဆောင်းပါးတပုဒ်ကို ရေးသားထားပါတယ်

့“ကြိုတင်မဲတွေဟာမိုးပေါ်ကကျလာတဲ့မဲတွေမဟုတ်ပါဘူး.ကြိုတင်မဲတပြားရဲ့ တန်ဖိုးနဲ့မဲရုံကမဲတပြားရဲ့ တန်ဖိုး ဟာတူညီပါတယ်။မဲဆန္ဒရှင်တွေရဲ့ အသည်းကြားကလာတဲ့မဲပြားလေးတွေပါ“

ဟုတ်ပါတယ် ။ပြိုင်ဖက်တွေကို အလဲထိုးလိုက်တာက ကြိုတင်မဲ(တနည်း ခိုးမဲ)တွေပါ။မိုးပေါ်ကကျလာ တာတော့မဟုတ်ဘူးပေါ့။ဒါပေမယ့်ဘယ်ကလာ တယ်ဆိုတာ--------

”အောက်တိုဘာ၂၀ရက်နေ့မှာတပ်ရင်းမှူးက မိန့်ခွန်းပြောမယ်ဆိုပြီး တပ်ရင်းကလူတွေကိုအကုန်စု ခိုင်းပြီး တော့ဒီနေ့ကြိုတင်မဲပေးရမယ်လို့ပြောတယ်.အဓိကကတော့ ခြင်္သေ့ဘေးမှာအမှန်ခြစ်ဖို့ပဲပြောတယ်။အကုန် သူ့အောက်ကလူတွေ ဆိုတော့ နားလည်တယ်မလား ဘာညာနဲ့ ဟိန်းလားဟောက်လားပေါ့။ နောက်ဆုံးသူဘာပြောလဲ ဆိုတော့ ”မင်းတို့ငါပြောတာနားလည်ပုံလည်းမပေါက်ဘူး.ကြာပါတယ်ကွာ. မင်းတို့ခြစ်နေရင် မခြစ်တတ် ခြစ်တတ် နဲ့ ပယ်မဲတွေဖြစ်နေဦးမယ်.အကုန်ငါပဲခြစ်လိုက်တော့မယ်ဆိုလို့ ကျနော်တို့မှာ မဲစာရွက်တောင်မမြင် လိုက်ရဘူးဗျာတဲ့ဗျား“ ရင်ဖွင့်သွားသူကတော့ မှော်ဘီမြို့ ရဲတပ်ရင်း ၅မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ထွန်းသိန်းပါ။မယုံရင် သွားမေးလို့ရပါတယ်။

ကန့်ကွက်မှုတွေမရှိဘဲ free and fair electionဖြစ်ခဲ့တဲ့နိုဝင်ဘာရရက်နေ့မှာမဲပေးနိုင်ခဲ့တဲ့အတွက် ကျနော်ပီတိ ဖြစ်မိပါတယ်“----ခွေးသား ငပေါ .ဘယ်လိုဒေါက်တာဘွဲ့ရလာခဲ့တာလဲ။free and fairဖြစ်မဖြစ် ကွန့်ကွက်တာ တွေရှိ မရှိ သိချင်ရင် ငွေဆယ်သိန်းနဲ့ ထောင်ဒဏ်မရှိပဲ လွတ်လပ်စွာကန့်ကွက်နိုင်ပါသည်လို့ တရားဝင်ကြေညာကြည့်ပါ လား။မင်းအဖေစိုးသိန်းတောင်စိတ်ပျက်သွားမယ်။

ဒါကြောင့်နောက်တခါဆိုရင် စဉ်းစားပြီးမှရေးပေါ့ကွာ။ငါ့စကားနွားရတွေလျှောက်မရေးနဲ့ .နွားသိက္ခာကျတယ်။
Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်