Sunday, November 7, 2010

မြဝတီမြို့ခံများ ထိုင်းဖက်ထွက်ပြေး ထိုင်း အာဏာပိုင်များ အဝင်မခံ

နောက်ဆုံး ဖုန်းဆက် မေးမြန်းချက်အရ မနေ့ညက ကော့ကရိတ်နှင့် မြ၀တီကြား သင်္ကန်းညီနောင်ရှိ နအဖ ဗျုဟာ ရုံးနားတွင် ပေါက်ကွဲမှု့တစ်ခုဖြစ်ခဲ့ပြီး နအဖ ဖက်မှ၎င်းသတင်းကိုဖုံးကွယ်ထားပါသည်။ မြ၀တီနီးနား ရွာများမှ ဒေသခံများသည် တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်လျက် နယ်စပ်ချောင်း ကူးပြီး ထိုင်းသို့ထွက်ပြေးခိုလှုံရန်ကြိုးစားသော်လည်း ထိုင်းအာဏာပိုင်မှ အ၀င်မခံဘဲ တပ်အင်အားဖြင့် ပိတ်ဆို့ထားပါသည်။
ယနေ့ နေ့ခင်းတွင် ကော့ကရိတ်မြို့ ရှိ ခလရ ၉၇ နှင့် DKBA တပ်မှတပ်ရင်း (၉၀၄) တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး DKBA မှမော်တာဖြင့် (၁၅)ချက်ခန့် ပစ်ခတ်ခဲ့ပါသည်။ အထိအခိုက်ကျဆုံးမှု့သတင်း မရရှိသေးပေ။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်