Sunday, November 7, 2010

ကြက်ခြေခတ်ထည့်လိုက်တယ် ကိုယ့် စိတ်ထဲရှိရာကိုယ် လုပ်ခွင့်ရှိတယ်လေ

လုံခြုံရေးနဲ့ ဘီးလင်းမဲ
မွန်ပြည်နယ် ဘီးလင်းမြို့ရဲ့ ဒီကနေ့ ရွေးကောက်ပွဲကို စစ်သားတွေက လှည့်ပတ်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကား ၂ စီးနဲ့ ပတ်နေတယ်။ အနက်ရောင်နဲ့။ ကားပေါ်မှတော့ စစ်သားတွေက သေနတ်တွေနဲ့ အလုံးကြီး ခြေထောက်တွေ (အမြောက်) လည်း တွေ့တယ်။ လိုအပ်ရင် သုံးမယ့် သဘောမျိုးပေါ့။ မနက်ကတော့ လူတော်တော်ကျတယ်၊ ညနေဘက်ကတော့ လူတော်တော် ကျဲသွားတယ်’’ လို့ ဒေသခံတယောက်က ပြောပါတယ်။

မဲရုံတွေကိုတော့ ရယက ကော်မရှင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ၊ ဆရာမတွေ၊ ကြက်ခြေနီတွေ၊ ပြည့်သူ့စစ်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်ပေးပါတယ်။ ဘီးလင်းမှာ ကြံ့ဖွံ့နဲ့ တစည နှစ်ပါတီပဲ ယှဉ်ပြိုင်ကြမှာပါ။

“ကျနော်ကတော့ ကြက်ခြေခတ် ထည့်ခဲ့တယ်။ ပထမတော့ သွားမထည့်ဘူးလို့ နေတာ။ သူတို့ဆီမှာ စာရင်းရှိနေတော့ မထည့်ရင် တခုတခု လုပ်မှာ ကြောက်တယ်လေ။ မထည့်ဘူးဆိုရင် တခုခုဖြစ်မှာ စိုးရိမ်ပြီး သွားထည့်လိုက်တာ” ဘီးလင်းမြို့ပေါ်မှ မဲဆန္ဒရှင် တယောက်က မဇ္ဈိမကို ပြောပါတယ်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်