Monday, November 8, 2010

နအဖ ဒုရင်းမှူး နှစ်ယောက် အရှင်ဖမ်းမိထား

ဝေါလေခီးဒေသအခြေစိုက် နအဖ ဒုရင်းမှူး သက်နိုင် ဦးဆောင်တပ်ဖွဲ့ နှင့် ကေအဲန်ယူ တပ်ရင်း ၁၀၁ ရှေ့တန်းနယ်မြေတွင် လှုပ်ရှားနေသောရဲဘော်များနှင့် ကလော်ခီးအရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ဒုရင်းမှူးသက်နိုင် အရှင်ဖမ်းဆီးခံရကြောင်း သတင်းရရှိပါသည်။ လက်နက်မျိုးစုံ ၁၁ လက် ကေအဲန်ယူဖက်မှ သိမ်းဆီးရရှိကြောင်း သတင်းရရှိပါသည်။ နှစ်ဖက် အသေအပျောက် သတင်းမရရှိသေးပါ။

(၇ နာရီ ၂၃ မိနစ်) ထိုင်း-မြန်မာ နယ်စပ် တခုဖြစ်တဲ့ ဘုရားသုံးဆူဘက်မှာ ဒီကေဘီအေ တပ်တွေက နအဖ စစ်တပ်မှ ဒု-ရင်းမှူး ဗိုလ်မှူးနေထူး အား ဖမ်းဆီးရမိထားတယ်လို့ သိရှိရပါတယ်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ရုပ်သံစတေးရှင်နဲ့  စရဖရုံး အကောက်ဂိတ်တွေကို ဒီကေဘီအေဘက်မှ သိမ်းဆည်းထားကြောင်း သိရသည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်