Saturday, December 4, 2010

မြေမြုတ်မိုင်း ပိတ်ပင်တားဆီးရေး အိုဘားမားအား ဒေါ်စု တိုက်တွန်းမှု အောင်မြင်၊

၊ယခင်လက နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက်လာသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တွေပါဝင်တဲ့ "စစ်ပွဲများတွင်မြေမြုတ်လူသတ်မိုင်းတွေ ကို၎နှစ်အတွင်းဖျက်ဆီးအသုံးမပြုရေး" အတွက် အမေရိကန်သမ္မတအိုဘားမားထံ လက်မှတ်ထိုး တောင်းဆိုလိုက်သည်။

နိုဝင်ဘာ ၃၀ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဂျိုဒီဝီလီလျံ၊ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့နှင်အခြား နိုဘယ်ဆုရင်ရှင် ၁၆ယောက်တို့ဟာ လူသတ်မြေမြုတ်မိုင်းများ ဖျက်ဆီးပစ်ပြီး အသုံးမပြုတော့ရန် အိုဘားမားထံ လက်မှတ်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ အိုဘားမားလည်း မြေမြုတ်မိုင်းအသုံးမပြုရေး လှုပ်ရှားမှုတွင် တက်တက်ကြွပါဝင်မည်ဖြစ်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ၂ဦးရဲ့ ပဏာခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင်ပြည်တွင်းစစ်အတွင်း ယနေ့တိုင်မြေမြုတ်မိုင်းအသုံးပြုနေခြင်း တားဆီဖျက်သိမ်းသွားနိုင်ရန်မိမိတို့အမျိုးသမီး ၂ဦးဆောင်မှဦးဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မစ္စဝီလျံကိုဆက်သွယ် ပြော ဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖေါ်ပြောဆိုခဲ့သည်။

မြန်မာအမျိုးသားခေါင်းဆောင်ဒေါ်စုနေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာမှုကိုဂုဏ်ပြုကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား၂၀၀၀ကျော်အ မြန်ဆုံးလွတ်မြောက်ရေးကြိုးပမ်းမှုကိုလည်းညီအမရင်းသဖွယ် အကူအညီပေးမယ်လို့ မစ္စဝီလျံကပြောဆိုခဲ့ပါသည်။

မစ္စဝီလျံဟာ နိုင်ငံတကာ လူသတ်မြေမြုတ်မိုင်းအသုံးပြုနေမှုကို တားဆီးဖျက်သိမ်းမှုအတွက် လှုပ်ရှားနေတဲ့ICBLအဖွဲ့အစည်းဖြင့်တား ဆီးလုပ်ဆောင်မှုကြောင့်၁၉၉၇မှာငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ လူသတ်မြေမြုတ်မိုင်းများကို ၄နှစ်အတွင်းအသုံးမပြုရေး၊ အသုံးပြုထားသောမြေမြုတ်မိုင်းမိုင်းများ ဖျက်ဆီးရေးတို့ကို ကျယ်ကျယ်ပြန့် ဖွဲစည်းလုပ်ကိုင်ကြရန်နှင့် မြေမြုတ်မိုင်းဒါဏ်ကြောင့် ဒုက္ခိတဘဝရောက်နေသူများကို ကူညီသွားဖို့ ပြင်းပြင်းပြပြ ဆန္ဒပြုကြောင်း နယူးယောက် တိုင်း သတင်းမှာဖေါ်ပြခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်