လူရွှင်တော် ဇာဂနာ ထောင်ဝင်စာ ပိတ်ခံရ -By ဦးကျော်အောင်လွင် အင်္ဂါ, 03 သြဂုတ် 2010
မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ လူရွှင်တော် ဇာဂနာကို အကြောင်းပြချက် မရှိဘဲ ထောင်ဝင်စာတွေ့ခွင့် မရတာ ၂ လနီးပါး ရှိလာနေလို့ တွေ့ခွင့်ရနိုင်ရေးကို ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ကြိုးစားနေကြပါတယ်။ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မိသားစုဝင် မငြိမ်းကပဲ ထောင်ဝင်စာ တွေ့နေကြ ဖြစ်ပေမဲ့ မငြိမ်းကို ထောင်ဝင်စာတွေ့ခွင့် မပေးတာဟာ ပြီးခဲ့တဲ့ မေလတုန်းက မြစ်ကြီးနား ထောင်ဝန်ထမ်းတချို့နဲ့ မငြိမ်းတို့အကြား စကား အချေအတင် ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ဖြစ်လိမ့်မယ်လို့ ရှေ့နေ ဦးအောင်သိန်းက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
လူရွှင်တော် ဇာဂနာရဲ့ ခယ်မတော်စပ်သူ မငြိမ်းဟာ ကိုဇာဂနာ ထောင်ကျကတည်းက ပုံမှန် ထောင်ဝင်စာ တွေ့နေခဲ့တဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး မငြိမ်း ထောင်ဝင်စာတွေ့ခွင့် မရတဲ့အကြောင်း တခြား ထောင်ဝင်စာ သွားတွေ့သူတွေကနေ တဆင့် မငြိမ်း သိခဲ့ရတာလို့ ဆိုပါတယ်။ ဒီလို ထောင်ဝင်စာတွေ့ခွင့် မရှိဘူးဆိုတဲ့ အကြောင်းကို အာဏာပိုင်တွေဘက်က မငြိမ်းဆီကို အသိပေး၊ အကြောင်းကြားတာ ဘာမှ မရှိဘူးလို့ ဆိုပါတယ်။
“ဇွန်လ ၂၅ ရက်နေ့မှာ တာဝန်ခံ အရာရှိနဲ့ ဖုန်းရတယ်။ ရတော့ မေးကြည့်လိုက်တော့ ဟုတ်တယ် မငြိမ်းတဲ့၊ ပိတ်ထားတယ်တဲ့၊ ပါဆယ်တော့ ပို့လို့ရပါတယ်တဲ့။ ဘာဖြစ်လို့ ပိတ်တာလဲလို့၊ အဲဒါတော့ ကျနော်တို့လည်း ပြောလို့မရဘူးတဲ့၊ သူ့အနေနဲ့ ပြောလို့မရတဲ့ အနေအထားပေါ့။ ဘယ်လောက်ပိတ်တာလဲ၊ တလလား၊ နှစ်လလားဆိုတော့ အဲဒါလည်း ကျနော် ပြောလို့မရဘူးတဲ့။ ထောင်မှူးလေးက အဲဒီလိုပြောတယ်။
“ဒီလ ၂၈ ရက်ကျတော့ ဦးစိန်လှိုင် အမတွေ သွားတွေ့မယ်ဆိုတော့ ကျမက ပါဆယ် ထည့်လိုက်တယ်။ ထည့်လိုက်တော့ အန်တီ သတင်းလည်း နည်းနည်း နားစွင့်ခဲ့ပါဆိုတော့၊ အခု အန်တီပြန်လာလို့ မေးကြည့်လိုက်တော့ ထောင်ဝင်စာ မပိတ်ဘူးတဲ့၊ သတင်းတပ်ဖွဲ့ကပြောတာ၊ ဇနီး၊ သားသမီးနဲ့ တွေ့ခွင့်ပေးထားပါတယ်တဲ့၊ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့အထိက ကိုယ်ပဲဝင်တာ။ အခုမှ ဒီလိုဖြစ်တာ ညစ်တာလို့ ကျမတော့ ထင်တာပဲ။ ဇနီး၊ သားသမီးက ဒီမှာမရှိဘူး၊ ပြည်ပမှာဆိုတာလည်း သိသိကြီးနဲ့၊ ကျမက အရမ်းအံ့သြတာပေါ့။”
ကိုဇာဂနာကို ထောင်ဝင်စာ တွေ့ခွင့်ရှိသူတချို့ သူတို့ရဲ့ မိသားစုထဲမှာ ကျန်သေးတယ် ဆိုပေမဲ့ သူတို့တွေက အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ရှိတယ်ဆိုပေမဲ့ ကလေးတွေက၊ ကျမ တူ၊ တူမ ၃ ယောက်က ၉ တန်းက ယောက်ျားလေး ၂ ယောက်၊ ၁၀ တန်းအောင်ကာစ တူမလေးတယောက်၊ ဒါပဲရှိတယ်၊ ဘယ်လိုလုပ်ပြီး သွားတွေ့နိုင်မလဲ။ ၁၈ နှစ် မပြည့်သေးတဲ့သူက ဘယ်လိုလုပ် ထောင်ဝင်စာ သွားတွေ့လို့ရမလဲ။”
ပြီးခဲ့တဲ့ မေလတုန်းက မြစ်ကြီးနားမှာ ထောင်ဝင်စာ သွားတွေ့တုန်း ထောင်ဝန်ထမ်းတဦးနဲ့ မငြိမ်းတို့ စကား အချေအတင် ဖြစ်ခဲ့ကြပါတယ်။ ဒီကိစ္စကို ထောင်ပိုင်ကြီးရော အထူးရဲတပ်ဖွဲ့က အရာရှိတို့ရော သိကြပါတယ်။ ဒီလို စကားများတဲ့ ကိစ္စကြောင့် မငြိမ်းကို ထောင်က အလာမခံတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်က ရှေ့နေ ဦးအောင်သိန်းက ယူဆပါတယ်။
“ဥပဒေအရတော့ တားမြစ်ပိုင်ခွင့် မရှိပါဘူး။ သန်းခေါင်စာရင်းဝင် မိသားစုဖြစ်ရင်၊ ပုံမှန်လာနေကျလူလည်း ဖြစ်တယ်လို့ ယုံကြည်ရလောက်ရင် ခွင့်ပြုတာပဲဗျ၊ ခွင့်ပြုရမှာပေါ့။ ခယ်မ မတွေ့ရဘူးတို့၊ ဘယ်သူ မတွေ့ရဘူးတို့ သတ်မှတ်ထားတာ မရှိပါဘူး။ မငြိမ်းနဲ့ ထောင်နဲ့ အဆင်မပြေတဲ့အခါ မငြိမ်းကို လာခွင့်မပြုနိုင်ဘူး ဆိုပြီးတော့ တခြားလူတယောက် ရွေးလွှတ်ပေါ့ဗျာ၊ သူတို့က ဒီလိုပုံစံမျိုး ချိုးတာပေါ့။ အဲဒီလိုပဲ မြင်ပါတယ်။”
ထောင်ဝန်ထမ်းတဦးနဲ့ မငြိမ်းတို့ စကားများရတဲ့ အကြောင်းက ထောင်ဝင်စာ တွေ့တဲ့အချိန်မှာ မငြိမ်းရဲ့ မှတ်ပုံတင် မပြနိုင်တာကြောင့်လို့ ပြောပါတယ်။
“ကျမ မေလ ၁၇ ရက်မှာ ထောင်ဝင်စာ သွားတွေ့တယ်။ တွေ့ပြီး နောက်ရက် ကျမတို့ ပါဆယ်ပို့တာပေါ့။ အဲဒီရက်မှာ ကျမက အ၀င်ပေါက်မှာ သူတို့ထောင်က ကိုလှဌေးဆိုတဲ့လူနဲ့၊ ကျမမှာ မှတ်ပုံတင်တော့ ပါမလာဘူး၊ ဒါပေမဲ့ ကျမမှာ ပုံစံ ၁၀ တော့ ပါလာတယ်။ ဟိုတယ်မှာတည်းရတော့ မှတ်ပုံတင် အစစ်ကို ပေးခဲ့ရတယ်။ ပေးခဲ့တော့ သူက ကျမကို တားတယ်။ ၀င်လို့မရဘူး၊ ဒါ စည်းမရှိ၊ ကမ်းမရှိ လုပ်လို့ရတဲ့နေရာ မဟုတ်ဘူးဆိုတော့ ကျမမှာ ပုံစံ ၁၀ ပါတယ်၊ အဲဒါ ပြမယ်ဆိုတော့ မှတ်ပုံတင်မပါရင် လွယ်မှာမဟုတ်ဘူး၊ ဘာညာဆိုပြီး ကိုလှဌေးဆိုတဲ့လူက ပြောတယ်။ အဲတော့ ကျမနဲ့သူနဲ့ စကားအရ ညိကြတာပေါ့လေ။”
လူရွှင်တော် ဇာဂနာဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမိ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်နေရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပြီး လောလောဆယ် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရပါတယ်။ သူ အကျဉ်းကျခံနေရတုန်းမှာပဲ သူ့ရဲ့ မိခင်နဲ့ ဖခင် ကွယ်လွန်ခဲ့ပြီး သူကိုယ်တိုင်လည်း ထောင်တွင်းမှာ ကျန်းမာရေး ကောင်းတဲ့သူ မဟုတ်ဘူးလို့ ခယ်မဖြစ်သူ မငြိမ်းက ဆိုပါတယ်။ အဲဒါကြောင့်လည်း ထောင်ဝင်စာ ပုံမှန်တွေ့ချင်တယ်၊ တွေ့ခွင့်မရလို့ မိသားစုတွေနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းက စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ထောင်ဝင်စာ အမြန်ပြန်တွေ့ခွင့်ရရေး အကျဉ်းဦးစီးဌာနကို စာတင်ဖို့ မငြိမ်းတို့က ရှေ့နေတွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နေကြပါတယ်။Rest of your post
Tuesday, August 3, 2010
စစ်အာဏာရှင်ကြောင့် ရှင်ကွဲကွဲနေ ကြရတဲ့ ပြည်သူတွေအထဲက ဇာဂနာရဲ့ မိသားစု ကလည်းဤသို့ 
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
- စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ...
- လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု
- မုဒိန်းမှု ခိုးမှု ၀ှက်မှုနှင့် ကမ္ဘာ့ ရေပန်းစား အေ...
- ရတာအကုန်ရောင်း အိပ်ထဲထည့်
- စစ်အစိုးရ၏ရွေးကောက်ပွဲအခြေအနေ ကနေဒါစိုးရိမ်
- လူ ၁၀၀ ကျော်အလိုအလျောက်သဘောထားမပါဘဲ ကြံ့ ဖွတ်ဖြစ်သွား
- ပြည်သူတွေခင်မျာ ကုန်းကောက်စရာမရှိ -ရောင်းစားမည်..ခ...
- ကရင်ပြည်သူတွေအတွက် ရင်လေးမိပါသည်
- ယ္ခုပြိုင်ပွဲမှာအရင်ဆုံး ပန်းဝင်မယ့်သူကတော့
- အနှစ်၆၀ ကျော်လည်းမမှတ်
- အသိ တတ်ပညာသည် ခန္တာတွင်းမှာ။
- မိခင်တစ်ဦး၏သောက..ဘယ်သူကတရားမှန် စီရင် မလည်း...
- ကြွက်ပြေးပြီး ကြက်ပြေး
- အပြစ်မဲ့ သွေးစက်နဲ့ စတေးရတဲ့ အသက် မေ့ရက်ကြမလား...
- ဆင်နဲ့ ကြွက် ဘယ်သူ နိုင်ငံကို ဖျက်မလဲ
- ဆင်ဖြူတော်ထက် ယုတ်ညံ့သော မင်းတြားကြီး..လားဟဲ့
- အေအိုင်အဖွဲ့ကြီး၏ Burma and The Three Freedom ကမ...
- မှန်သောစကား
- အနှစ် ၆၀ကျော် မသမာတဲ့ နည်းတွေနဲ့ .. ခုလည်း (ဒီမိုက...
- အုတ်ဂူကို တံတွေးနဲ့ထွေးရုံတင် မကဘူး
- နိုင်ငံရေးအကျဉ်းသားမလွှတ် မချင်းရွေးကောက်ပွဲ တရားဝင...
- တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ပြည်သူသာ အမိြ...
- စည်းလုံးခြင်းသည်အင်အား
- Unfair election
- ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေ...
- U.N. calls for fair vote as Myanmar announces elec...
- ထိုင်စရာလေး ၁၀ နေရာဘဲရခဲ့တာ ..နိုင်တဲ့ သူတွေကို အက...
- တေးရေး စိုင်းခမ်းလိတ်နှင့် တွေ့ဆုံခြင်း
-
▼
August
(242)
No comments:
Post a Comment