Tuesday, August 3, 2010

လုပ်မစားဘူး ပြည်သူ့ ငွေနဲ့ လူသတ်စားတယ်...ဒါ န-အ-ဖ ရဲ့တိကျတဲ့  အခြေခံမူဝါဒ

တရုတ်လုပ် စစ်ကား အစီး ၂၀ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ Tuesday, 03 August 2010 20:16 သျှမ်းသံတော်ဆင့်
မြန်မာစစ်တပ်က တရုတ်ထံမှ အပေါ့စားစစ်ထရပ်ကား အစီး ၂၀ ခန့်ကို သြဂုတ်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ကျယ်ဂေါင် - မူစယ် နယ်စပ်ဂိတ်မှတဆင့် လွဲပြောင်းယူခဲ့ကြောင်း တရုတ်နယ်စပ်ဒေသခံ မျက် မြင်များ အဆိုအရ သိရသည်။
IVECO တံဆိပ်အမျိုးအစား ၄ ဘီးတပ် အလေးချိန် ၂ တန်ခန့်ရှိ အဆိုပါ စစ်ယာဉ်များသည် ဂျူလိုင် ၂၉ ရက်နေ့ကတရုတ် နယ်စပ် ရွှေလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် တရုတ်ဘက်ကမ်း ကျယ်ဂေါင်မြို့မှတဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ဘက်သို့ မောင်းနှင်ထွက်ခွာသွား ကြောင်း သိရသည်။

ကိုယ်တိုင်မြင်တွေ့ရသူ တစ်ဦးက “ကားဘော်ဒီတွေမပါဘူး ဖရိန်ကြီးပဲ၊ သစ်သား သေတ္တာတွေ တင်ထားတယ်၊ ၂၉ ရက်နေ့က ဟိုင်းဝေးလမ်း အတိုင်းရွှေလီကို မောင်းလာတာ ကားခေါင်းပုံစံက အပြားအရှည်အစီး ၂၀ လောက်ရှိတယ် ဖရိမ်ပေါ်မှာ ကားခေါင်းတွေ တစ်စီးပေါ်တစ်စီးထပ်ပြီး ၃ စီး ၄ စီး အတွဲလိုက်တင်မောင်းလာတာ ” ဟု ပြောသည်။

ရွှေလီ၌ အဆိုပါ စစ်ယာဉ်များ ၂ ရက်ခန့်ထားပြီး နောက်တစ်ရက်တွင် မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ “စစ်ကားတွေ ရွှေလီဘယ်နားမှာ ထားမှန်းတော့မသိဘူး ရွှေလီကုန်သွယ်ရေးဂိတ်နားမှာ ခဏရပ်လာရပ်တာတွေ့တယ် အဲ ဒီကနေ နေ့လည်ပိုင်းလောက်မှာ ကျယ်ခေါင်ကိုမောင်းပြီး မူစယ်ဘက်ထွက်သွားတာ” ဟု နောက်ထပ်မျက်မြင်တစ်ဦးက ပြောသည်။

မြန်မာစစ်တပ်အသုံးပြုရန် အတွက် FAW , DongFeng , IVECO စသည့် တံဆိပ်အမျိုးအစားပါ တရုတ်လုပ်စစ်ထရပ်ကား အမြောက်အများကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ၀ယ်ယူခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ ၀ယ်ယူခဲ့သော တရုတ်လုပ်ကားတစ်စီး၏ တန်ဘိုးသည် ကားအမျိုးအစားအလိုက် အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၁၀၀ ခန့်နှင့် ညီမျှသော တရုတ်ယွမ်ငွေ ၆ သောင်းမှ ယွမ်ငွေ ၂ သိန်းအထက် အထိ တန်ဖိုးရှိနိုင်ကြောင်း ကား ကျွမ်းကျင်သူများ အဆိုအရ သိရသည်။

မြန်မာစစ်တပ်က တရုတ်ကားကုမ္ပဏီများထံမှ ကားဝယ်ယူရာတွင် တန်ဖိုးကျသင့်ငွေကို ပစ္စည်းဖြင့်လဲလှယ်၍ အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ၀ယ်ယူခြင်းဖြစ်ကြောင်း အကြားအမြင်များသူများက ဆိုသည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်