Tuesday, September 7, 2010

ဘာသာရေးသင်တန်းနဲ့ အခမ်းအနားတွေ သတင်းစာမှာ ကြော်ငြာထည့်မယ်ဆိုရင်

ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ဒီကနေ့ စစ်အုပ်စုက ပညတ်ချက်တွေလုပ်ပြီး အဟန့်အတားတွေ နဲ့ နှောက်ယှက်မှုတွေ များနေတာကို ဖေါက်သည်ချချင်လို့ပါ ။
ဘာသာရေးသင်တန်းနဲ့ ဘာသာရေးအခမ်းအနားတွေ သတင်းစာမှာ ကြော်ငြာ ထည့်မယ်ဆိုရင် (သာသနာရေး ဦးစီးဌာန) ရဲ့ ထောက်ခံချက်ပါမှ သတင်းစာတိုက်ကြော်ငြာလက်ခံဌာနက လက်ခံခွင့် ပြုတယ်လို့ သိရပါတယ် ။
ဒါနဲ့ပတ်သက်လို့ ဘာသာရေး သင်တန်းကျောင်း တစ်ခုက တာဝန်ရှိသူတစ်ဦးပြောပြချက်အရ “ကျွန်တော်တို့ သင်တန်းကျောင်းက တစ်နှစ်ပတ်လုံး ဓမ္မစာပေသင်တန်းတွေ ဖွင့်လှစ်ပို့ချ ပေးနေတာဖြစ်လို့ သတင်းစာတိုက် ကိုလည်း မကြာမကြာ ကြော်ငြာ သွားထည့် ဖြစ်တယ် ၊ ဒါကြောင့် သတင်းစာတိုက် ကြော်ငြာ လက်ခံဌာနက တာဝန်ရှိသူများနဲ့ မျက်နှာသိတွေဖြစ်နေပါတယ် ။
သြဂုတ်လကုန်လောက်က သင်တန်းတစ်ခုအတွက် ကြော်ငြာထည့်ရန် သတင်းစာတိုက် ကိုသွားပြီး ကြော်ငြာဌာနမှာ သတင်းထည့် ၊ ကျသင့်ငွေ ရှင်းခဲ့တယ် ။ အဲဒီနေ့ ညနေမှာ သတင်းစာတိုက် ၊ ကြော်ငြာဌာနကပါ ဆိုပြီး ဖုန်းဆက်ပါတယ် ။
မနက်က ပို့သွားတဲ့ ကြော်ငြာနဲ့ ပတ်သက်ပြီး သာသနာရေး ဦးစီးဌာနရဲ့ ထောက်ခံချက် ၊ ယူလာရန်ဖြစ်ကြောင်း ၊ ထိုထောက်ခံချက် ပါမှသာလျှင် သတင်းစာမှာ ဖေါ်ပြခွင့်ရမည်ဖြစ်ကြောင်း ကို အသိပေးလာပါတယ် ။ ယခင်က ကိုယ်ထည့်ချင်သည့် အကြောင်းအရာကို ရေးပေးပြီး ကော်လံခအတွက် ကျသင့်တဲ့ငွေ ရှင်းခဲ့ရင်ဆိုရင်ပဲပြီးနေပါပြီ ။ ဘယ်လိုဖြစ်တာလဲပေါ့ ။
ဒါနဲ့ပဲ ကမ္ဘာအေးမှာရှိတဲ့ တိုင်းသာသနာရေး ဦးစီးဌာနကို သွားပြီး အကျိုးအကြောင်းစုံစမ်း၊ ထောက်ခံချက်ရဖို့ လျှောက်လွှာထပ်တင်ရတာပေါ့၊ သတင်းစာမှာ ကြော်ငြာမည့်စာသား အပြည့်အစုံ ကိုလည်းထပ်ပြီးရေးသားတင်ပြရပြန်ပါတယ် ။
ကြော်ငြာထည့်မည့် သတင်းစာအမည်ကိုလည်း တင်ပြရတယ် ။ အခုဆိုရင်………..
မြို့နယ်(မ.ယ.က) ။ မြို့နယ် သာသနာရေးမှူးတို့ရဲ့ ထောက်ခံစာ ပါမှ သာသနာရေးဦးစီးဌာန အနေဖြင့် ဆက်လက်ဆောင်ရွက်ခွင့် ရှိကြောင်း သိရပါတယ် ။
( ဒါဘာကြောင့် စီစစ်ရသလဲဆိုတော့)….ဘာသာရေးသင်တန်းကို ခုတုံးလုပ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့….သာသနာရေးဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ် ။ဒါကြောင့်……….
သာသနာရေးဦးစီးဌာန မသွားခင် မြို့နယ် အာဏာပိုင် အဖွဲ့အစည်းတို့ရဲ့ ထောက်ခံစာ ကို ဦးစွာရယူပြီးမှ သာသနာရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူလို့ အဆင်ပြေမှာဖြစ်ပြီး တိုင်းသာသနာရေးဦးစီးဌာနရဲ့ (စီစစ်၊ခွင့်ပြု၊ထောက်ခံ) ချက်နဲ့မှ ၊ သတင်းစာတိုက်
ကြော်ငြာ လက်ခံဌာနမှာ သတင်းကြော်ငြာ ထည့်လို့ ရမည်ဖြစ်ကြောင်း “
အဆိုပါ ပုဂ္ဂိုလ်ထံမှ သိရှိရကြောင်း တင်ပြလိုက်ရပါတယ် ။
မှတ်ချက်။ ။ ဗုဒ္ဓဘာသာတိုင်းပြည်မှ ဟုတ်ပါလေစ ။ ကိုယ့်အရိပ် ကိုယ်ကြောက်နေကြ တာလား ။ ဘာသာသာသနာကို အနှောက်အယှက် ပေးပြီး ခက်ခဲ ညှိုးနွမ်းသိမ်ငယ်အောင် လုပ်နေတာလား ။ ဒါမှမဟုတ်..စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပဲလား ။(တွေးသာကြည့်တော့)

(သာသနာအရေးရင်လေးလှတယ်)
အ.ဘ.ယ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်