“မောင်ကျောင်းသား”
ကြားလိုက်ရပြန်ပြီ..၊ ပစ်သတ်လိုက်ကြပြန်ပြီတဲ့ ၊ ပဲခူးမှာ စစ်တပ်ကပစ်သတ်လို့ အပြစ်မဲ့ကျောင်းသား လူငယ်နှစ်ယောက် သေဆုံး ရပြန်ပြီတဲ့ ၊ အကြောင်း အရာအပြည့်အစုံမဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက် ၊ အသားတဆတ်ဆတ် တုန်နေအောင် ဒေါသထွက်ခံစားလိုက်ရပါတယ် ၊ နိုင်နေတယ် ဆိုပြီးထင်တိုင်းကြဲနေလိုက်တာကွာ ၊ စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေ ရဲ့အသက်ဟာ တိရိတ္ဆာန်တွေလောက်မှတန်ဘိုး မရှိတော့ဘူးလား ၊ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို ငါတို့ကျောင်းသားလူငယ်တွေ ဒီလိုပဲငြိမ်ခံနေကြတော့မှာလား ။
ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ည၁၂နာရီလောက်မှာ၊ ပဲခူးမြို့လယ်ခေါင်ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိတဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေမူးပြီး ထွက်လာတဲ့ ခလရ-၅၉(ပဲခူးဘူတာလုံခြုံရေး ယူထားတဲ့ နယ်မြေခံတပ်)က အရာရှိနှစ်ယောက် ငှားစီးတဲ့ ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ် ငါးယောက်စီး လာတဲ့ သုံးဘီးဆိုင်ကယ်(ပဲခူးအခေါ်တုတ်တုတ်)ချိတ်မိ စကားများရန် ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာတဲ့ စကားပြောစက်နဲ့ သိပ်မဝေးတဲ့တပ်အထိုင်ရှိရာ ပဲခူးဘူတာကစစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ခြင်းလို ရောက်လာချိန်မှာပစ်မိန့်ပေးခဲ့လို့ စစ်သားတွေကအချက်ပေါင်းများစွာပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသား လူငယ် နှစ်ယောက်ဖြစ်တဲ့ မောင်စိုးပိုင်ဇော်(၁၈) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ပွဲချင်းပြီးသေဆုံးခဲ့ရပါ တယ် ။
ပဲခူးမြို့ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊မင်္ဂလာလမ်း၊အိမ်အမှတ်၂၀၀နေ အဘဦးမြတ်သူရဲ့ သား မောင်အောင်သူ ဟိန်း က ၆ချက်ထိမှန်ပြီး ဇိုင်းဂနိုင်း(တောင်) ရပ် ကွက်၊မြလမ်း၊အိမ်အမှတ်၁၇၇နေ အဘဦးဟုတ်ကြည်ရဲ့ သားမောင်စိုးပိုင်ဇော်က ၄ချက် ထိမှန်ခဲ့ပါ တယ်၊ မြလမ်းထိပ်မှာပဲပစ်ခတ်မှုဖြစ်တာဖြစ်ပြီး သွေးသံတရဲ ရဲလမ်းမ ပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က “ စစ်တပ် ကိုစမ်းချင်တဲ့ ကောင်စမ်း သေချင်းဆိုးနဲ့သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ် ၊ ရဲတွေရောက်လာချိန်မှာ စစ်တပ် ကရှောင် ထွက်သွားပြီး ဘယ်သူမှထွက်ကြည့်လို့မရအောင်ရဲတွေက ပိတ်ဆို့ပေးထားပါတယ် ၊ အလောင်းကို ဆေးရုံသယ်တာ တောင် ကောင်းကောင်းမွန်မွန်ဆေးရုံကားနဲ့မသယ်ပဲ ဆိုက္ကားနဲ့ဖြစ်သလိုသယ်ခဲ့ပါတယ် ။
၅.၉.၂၀၁၀နေ့မှာချက်ချင်းအသုဘစီစဉ်ဘို့ အာဏာပိုင်တွေကဖိအားပေးခဲ့ပါတယ် ၊ မိဘတွေအဝေးရောက် နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ ၊ အိမ် ပြန်သယ်ခွင့်ပေးပါလို့ သက်ဆိုင်ရာမိသားစုဝင်တွေက အာဏာပိုင်အဆင့်ဆင့်ဆီခွင့်တောင်းခဲ့ပေမဲ့ (မတရားသတ်ဖြတ်မှုကိုဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေ ရဲ့ထုံးစံ အတိုင်း) အလောင်းကိုတော့ အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါ ဘူး၊ ပဲခူးတမြို့လုံးအုတ်အော်သောင်းနင်းဖြစ်ပြီး ထောင် ဂဏန်းရှိမဲ့လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံ ကို သတင်းစုံစမ်းသွားရောက်လေ့လာကြပေမဲ့ ရဲလုံခြုံရေး အများအပြားနဲ့အရပ်ဝတ်ထောက်လှမ်းရေးတွေက တားဆီးပိတ်ပင်ခဲ့ပါတယ်တဲ့ ။
သတင်းအပြည့်အစုံဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာကျည်းခံပြင်းစိတ် တွေကြောင့် ဒင်းတို့ကိုနိုင် အောင်ပြန်မတိုက်နိုင်သေးတဲ့အခြေအနေကိုပဲ တနုံ့နုံ့တွေး အားမလိုအားမရဖြစ်နေမိပါတယ်၊ စစ်အာ ဏာရှင် တွေရဲ့ ဒီ့ထက်ဆိုးတဲ့လုပ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို အခါခါမြင်ဘူး ကိုယ်တိုင်လဲခံစားဘူးပါရဲ့ ၊ ဟောဒီနှလုံးသားက ထုံကျင်အသားကျ မနေဘူး ၊ ကြားလိုက်ရ တိုင်းနာတယ် ၊ မြင်လိုက်ရတိုင်းနာတယ် ၊ တွေးမိ တိုင်းလဲနာတယ်ဗျာ ။
ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တည်တံ့ခိုင်မြဲရေး ဆိုတဲ့ သတင်း စာတွေ တီဗွီဖန်သားပြင်တွေ ပေါ်က ဟန်ဆောင်ပန်ဆောင်ပြောပြောနေတဲ့စကားတွေ ဘယ်မှာ လဲ ၊ ဒါလားတရားဥပဒေစိုးမိုး တာ ၊ ဒါလားပြည်သူတွေကိုကာကွယ်စောင့်ရှောက်တာ ၊ ဆင်းရဲမွဲတေမှု တွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကိုပိပြားနေအောင်နင်းဖိထားပြီး အများပြည်သူမမြင်ကွယ်ရာ ကျေးလက်တောရွာတွေမှာ ထင်သလိုလုယက် ၊ မုဒိန်းကျင့်လူသတ် လုပ်နေတဲ့ဇရိုက်တွေ ခုလို မြို့ပြပေါ်ထိ ပြောင်ပြောင်တင်းတင်းအတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိငြိမ်ခံနေကြ ရင်တော့ ရုပ်ရှင်တွေ ဗွီံဒီယိုတွေထဲ တွေ့ဘူးတဲ့ ဖက်စစ်ခေတ်ဂျပန်တွေထက်ဆိုးလာတော့မယ် ။
“စစ်တပ်ဆိုတာ လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်ဘူး ၊ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့် ဖိနှိပ်ဘို့မဟုတ်ဘူး ၊ စစ်တပ်ဟာ ပြည်သူရဲ့ အစေခံပဲဖြစ်ရမယ် ၊ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှ မဖြစ်ရဘူး ” လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာသက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေကိုသာသိရင် ဆရာတင်ခေါ်လာခဲ့တဲ့ ဂျပန်ကိုပြန်ချသလို သူတည် ထောင်ခဲ့တဲ့စစ်တပ်ကို “ရရာလက်နက်နဲ့ပြန်ချကြတော့”လို့ ပြည်သူကိုနှိုးစော်ပြီး သူကိုယ်တိုင် တော်လှန်စစ် ကိုဦးဆောင်ဆင်နွှဲမယ်ထင်ပါရဲ့ ။
“ညီအကိုတို့ ပေတရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး ၊ မတွေဝေနဲ့ ” တဲ့ ၊ ဒီလောက်ထပ်ထပ်သတ်ပြီး သွေးဟောင်း တို့စွန်းခဲ့တဲ့မြေပေါ် သွေးသစ် တွေအကြိမ်ကြိမ်စီးနေတာ အပြစ်မဲ့ကျောင်းသားလူငယ်တွေ ခုလိုရက်ရက်စက်စက်အသတ်ခံရ မှုမျိုးကို မကြုံဘူးမခံစားဘူးလို့ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလဲ သတိမူစဉ်းစားကြဘို့လိုပါပြီ ။
၁၉၈၈ ကျွန်တော်တို့ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲသွေးသားထဲကပါနာခဲ့ကြလို့ ကျွန်တော်တို့ အောင်မြင်မှု တစ်စုံတစ်ရာရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ် ၊ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ရန်ကုန်စက်မှုတက္က သိုလ်ဝန်းထဲမှာ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံခဲ့ ရမှုကနေ ကျောင်းသားသပိတ် ၊ နောက်ဆုံးလူထုအုံကြွမှုကြီးဆက်ဖြစ်ပြီး စိန်လွင်လိုစစ်ခေါင်းဆောင် အစိုးရတွေနဲ့ နေ၀င်းရဲ့တပါတီအာဏာရှင်စနစ် ကိုဖြုတ်ချနိုင်ခဲ့တယ် ။
ဒါပေမဲ့ ကျွန်တော်တို့ တာဝန်မကျေခဲ့ပါဘူး ၊ ကျွန်တော်တို့မြင်ခဲ့မှီခဲ့တဲ့ ကိုဖုန်းမော်ကိုစိုးနိုင်ကစလို့ ၁၉၈၈မတ်လမှာအသတ်ခံ ခဲ့ရတဲ့ ကျောင်းသားတွေ ၊ ၁၉၈၈ ဇွန်လမှာအသတ်ခံခဲ့ရတဲ့ကျောင်းသားတွေ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရ တဲ့ကျောင်းသား လူငယ်တွေ ၊ ပြည်သူတွေ ၊ ဒီပဲရင်းမှာမတရားရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ ၊ ၂၀၀၇ စက်တင် ဘာမှာပစ်သတ်ခံရတဲ့ သံဃာတော်တွေ ၊ ကျောင်းသားလူငယ်တွေ ၊ တောထဲတောင်ထဲမှာကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသား တွေ ၊ အကျဉ်းထောင် တွေထဲမှာသေဆုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့တာဝန်မကျေသေးပါဘူး ၊ သူတို့သေဆုံးခဲ့ရမှုတွေ အတွက် တရားမျှတမှုကို မဖြစ်စေသေးသမျှ ကျွန်တော်တို့တာဝန်ကြေပြီမခေါ်နိုင်ပါဘူး ၊ ဒီအတွက် ကျွန်တော်တို့ဆက်လက် တိုက်ပွဲဝင်နေရဦး မှာပါ ။
စစ်အာဏာရှင်သက် တာရှည်ခဲ့ပြီ ၊ အနိဌာရုံတွေများပြီ ၊ လူပုံအလယ်ရက်ရက်စက်စက်ပစ်သတ်တာမျိုးကြောင့်မဟုတ်ပဲလဲ စစ်အာ ဏာရှင်တွေကြောင့် နေ့စဉ်လူတွေသေနေကြပါတယ် ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ ၊ နောက်ဆက်တွဲ ရောဂါ ဘယထူပြော ၊ ဆေးကုသစရိတ်မတတ်နိုင်တော့ ရောဂါကနိုင်သွားပြီးတဖြည်းဖြည်းသေ ၊ အဲလိုပြည်သူတွေလဲ အသတ်ခံ လိုက်ရတာပါပဲ၊ ကလေးမီး မဖွားနိုင်လို့သေတယ် ၊ မြွေဆိပ်မိလို့သေတယ် ၊ ဆေးရုံကိုအချိန်မှီမရောက်လို့သေတယ် ၊ ဆေးရုံ မှာဆေးမရှိလို့သေတယ် ၊ ဆေးရုံ ဆေးခန်းကိုမရှိလို့သေတယ် ၊ ဆရာဝန်မရှိလို့သေတယ် ၊ ၀ဋ်ကြွေးမဟုတ်ဘူး ၊ ကံကြမ္မာ မဟုတ်ဘူး ၊ ပြည်သူတွေဘာဖြစ်နေနေ ငတေမာပြီးရော ကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေသတ်တာ ။
နာတယ်..၊ လက်ထိပ်ကတင်မဟုတ်ဘူး ၊ ရင်ထဲအသဲထဲသွေးသားထဲကပါနာတယ် ၊ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံရ တာမျိုး ပိုနာတယ် ၊ မကြေ..ဘယ်တော့မှမကြေ..တစ်သက်တစ်ကမ္ဘာမကြေ..။
စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ
မောင်ကျောင်းသား
Tuesday, September 7, 2010
“သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
September
(171)
- တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား
- ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ
- ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် မြန်မ...
- ဒီမိုကရေစီ နှင့် မြန်မာပြည်
- ဘီဘီစီ(BBC) ကဘာပြောနေလဲ
- ဒီလိုပြော မှလည်း မိသားစုရေးချောင်လည်တာမို့ 
- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လှ...
- နွားလှည်းတော့ ယောင်လို့ တောင် မတက်လိုက်နဲ့ တခါတည်း...
- နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မြန်မာပြည် မူးယစ်ေ...
- မြန်မာ့နိုင်ငံအရေး သတင်း အမှန်တင်နေသော အင်တာနက်စာမ...
- ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်
- မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်တချို့ ဂျပန်ရောက်ပြီ
- မလွတ်လပ်သေးသော မြန်မာနိုင်ငံ
- "အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်...
- ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ေ...
- မှန်တာလေးတွေ အပြောခံရတော့ ရှက်ရမ်းလေးရမ်းတာပါ ။Mas...
- ဒါလေးဖတ်ကြည့်ပါဦး
- ကမ္ဘာပေါ်မှာ ကြားဖူးပေါင်
- ဥာဏ်ဝင်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့ မှာ ပေါ်တင်ြ...
- ဟုတ်ဘူး ဆိုဘဲ
- မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ ပွဲကြမ်းနေ...
- မကြာမှီလာမည်...မျှော်
- အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက...
- သံဃာတော်များသွေးမြေကျခဲ့ရသည့် နှစ်ပတ်လည်နေ့တွင် ဂျ...
- ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်ပြီး ...
- မပြောင်းရင် ဒုက္ခရောက်သွားမယ်
- မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
- ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော...
- အိုပါးသီလ( သီလေးသီးအဖွဲ့)
- အီရန် အာဏာရှင်သမ္မတ မိန့် ခွန်းကို ကမ္ဘာ့ နိုင်ငံတွေ...
- ပျော်လို့ ထိုင်နေတာမဟုတ်၊ လူသားချင်း မငှဲ့ ညာခံရတဲ...
- ဖြုတ် မျက်လုံးနဲ့ ရေတစက် ပင်လယ်ထင်နေ တော့ မခက်လား ?
- သဘောထားကြီးကြီးနဲ့ သံဃာတွေတော့ သတ်မိပါတယ်၊ သေဒဏ်ကျ...
- ရွေးကောက်ပွဲပြီးရင် ပြည်တွင်းစစ်ကြီးလာတော့မယ် (ရန်...
- စစ်ရာဇ၀တ်ကောင်တွေ ထုတ်ဖေါ်စုံစမ်းရေးအတွက် ပြင်သစ်ထေ...
- အော် ...ဒုက္ခ
- ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေး
- လူ့ အခွင့်အရေးချိုးဖေါက်မှု(လူမဆန်တဲ့ ရက်စက်မှု အတွ...
- ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ
- ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ ရေစက်ချကြွပါ။
- ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၆)
- ယုံချင်ယုံ မယုံချင်နေ..ယုံသူ အရူး..ဥာဏ်ဝင်း ငပြူး
- ကမ္ဘာငြိမ်းချမ်းရေး နေ့ ကျင်းပပုံ သတင်းမှတ်တမ်း
- လူတယောက်၏ဂုဏ်ရည်သည် အနုမြူဗုံးမဟုတ်၊အာဏာ မဟုတ် ၊စစ...
- ဗမာတွေ... အနှစ် ၆၀ ကျော်ဆိုတဲ့  သင်္ခန်းစာ ယူတတ်မယ်ဆ...
- မကြာမှီ မှာ မမျှော်ဘဲ လာတော့မည့်
- ကြောက်ချေး ပါလှချည်လား ရွှေရည်စိမ် ဘဘ..ဟာ ဟာ့
- ချီးမြှင့်ထိုက်သူအတွက် ဆု နောက်ထပ် တစ်ပြား..ဆုမရထိ...
- Aung San Suu Kyi barred from Burma election
- ကချင်တပ်ကိုချေမှုန်းမည်ဟု
- နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး
- UN inaction on Burma war crimes ‘unjustifiable’
- စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပြည်...
- အင်းလေးကန်ပြင်ဖို့ ဒေါ်လာ၁၅ သန်း နှင့် ပြင်ဆင်မွမ်း...
- ပုပ်ရဟန်းမင်း ၀တ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ...
- ကလေးတွေစာမတတ်တော့ ..အော် ဗမာပြည်ရယ်ဒုက္ခ
- ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်
- စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ်ဆိုတာမရှိ
- “ဆက်ပြောနေကြရဦးမည့် ဘုံရန်သူဦးတည်ရေး”
- န.အ.ဖ စစ်အုပ်စုရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတ...
- ဖမ်းမှာသိရက်..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သူများအ...
- ၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ Vol 6 No 5
- အိမ်ကျယ်ကြီး
- ကလိမ်စေ့ ငြမ်းဆင် နိုင်ငံရေးသမားများအားသတိထား
- တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့
- NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသ...
- အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ...
- န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
- ပါတီရောင်းတယ်...ပါတီဝယ်တယ်... အရုပ်နဲ့လဲတယ်.. မုန်...
- အဆိပ်ပင် ရေမလောင်းကြပါနဲ့
- လူယုတ်မာ အတွေး
- ပြည်ပရောက် အပျော်အပါးမက်တဲ့ မြန်မာတွေ ကိုယ်ခြင်းစာ...
- ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ
- ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသ...
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်
- သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လို...
- အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်
- မြန်မာပြည်မြေပုံအသစ်
- သမိုင်းကို ညာတာ မမေ့ကြနဲ့  အလိုတော်ရိလောက်ကောင်တွေ...
- ဒါဘဲထင်တယ် သက်ကြားအို ငသန်းရွှေ
- NLD ၏တရားဝင် မ၀င် တုန့် ပြန်ချက်
- သန်းရွှေ ဂုဏော..အယုတ် တရော..
- NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အေ...
- ဗိုလ်သန်းရွှေတရုတ်ပြည် ခရီးစဉ်သတင်းပေါ်ကတွေ့ရတဲ့အချက...
- အလံတော်လွှင့်ထူပွဲ. နွှဲကြရအောင် ကြွကြပါ
- အာဏာရှင် လက်အောက် ဗိုက်မှောက်နေရသည့် ဘဝများ...
-့  စပွန်ဆာ ကြောင့် အကြောတင်း တဲ့ ရွှေမင်းသမီး..
- လူထုတိုက်ပွဲ..နွှဲဖို့ လိုသည်။
- တရားဝင်ပါတီ အပေါ်နှင့်..တရားမ၀င်အစိုးရ၏ ဖိနှိပ်ချက်
- ကျွတ်ကျွတ်ရွရွ ပလပ်စတစ်ကြော် ပူပူနွေးနွေးလေး ရမယ်
- အရုဏ်ဦးမှာ ဖူးသည့်ကြာ မှ လောက်ကောင် စာရင်းများ..
- ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်...
- ကဲ....ခွေးမောင်းကြရအောင်။
- မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
- Hello! BBC
- မတရားတဲ့ ရွေးကောက်ပွဲကို..သပိတ်မှောက်...ဘွိုင်းကောက်
- အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်န...
- ဘဘနေကောင်းပါစေ...
- ကြံ့ဖွတ် အနုပညာသမား အလိုမရှိ
-
▼
September
(171)
No comments:
Post a Comment