Tuesday, September 7, 2010

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်

ပဲခူးမြို့ကမတရားပြစ်သတ်ခံရတဲ့ကိစ္စကိုကာကွယ်ရေးဦးစီးချုပ်ကနေတောင်းပန်သင့် တယ်။ ဒါဟာစစ်ဦးစီးချုပ် အသစ် စက်စက်လေးအတွက် ဘယ်လောက်တာဝန်ယူနိုင်မှု ရှိသလဲ၊ ဘယ်လောက်တာဝန်သိတတ်သလဲဆိုတာ အဆုးံဖြတ်ပေးမဲ့ အရေးခင်းလဲဖြစ်တယ်။ ခေါင်း ဆောင်လား၊ ခေါင်းရှောင်လားဆိုတာ မကြာခင်မှာသိရပါတော့မယ်။


သာမန်အားဖြင့်ကြည့်ရင်တော့ဒါဟာအရက်မူးရာကနေပြစ်ကြခာတ်ကြဖြစ်ကြတယ် ထင်ရပေမဲ့သေချာစဉ်းစားကြည့်ရင်တော့ ဒီ ဗိုလ်ပေါက်စလေးတွေဟာ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စစ်သားတွေကဘဲ သူများထက် ခေါင်းတစ်လုးံ သာ သယောင်ယောင် ဖြား ယောင်း သွေးဆောင်အထင်ရောက်နေစေတာရယ်၊ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် မသွားသော် ဆိုသလို အရှေ့ကနွားကြီးတွေက ဥပဒေကိုမထီမဲ့မြင်လုပ်တာတွေကြောင့် အရာရှိငယ်တွေကလည်း အတုမြင်အတတ်သင် ဆိုသလိုဖြစ်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပါ။

ပြစ်မှုကျုးလွန်တဲ့စစ်သားတွေကို ဘယ်လိုအရေးယူမှာလဲဆိုတာ စဉ်းစာစရာပါ။ စစ်ဥဒေအရ အသက် ၆၀ ဆိုပင်စင်ယူရမယ်။ ခုတော့သန်းရွှေဆို ၈၀ နားနီးပြီး လမ်းတောင်ကောင်း ကောင်းမလျှောက်နိုင်တော့ဘူး။ အသက် ၁၈ နှစ်အောက်ဆို စစ်ထဲ ဝင်ခွင့်မပြုရဘူး။ ခုဆို ကလေး စစ်သားတွေက တပ်ထဲမှာတောင်ပုံ၊ ယာပုံ မမြင်ချင်မှအဆုးံ။ လူကုန်ကူးမှုဥပဒေ ဆိုတာရှိတယ် ။ ဒါပေမဲ့ စစ်တပ်ကနယ်တွေ ဆင်းပြီး အသက်မပြည့်တဲ့ကလေးတွေ ဝယ်တယ်၊ မတရားဖမ်းဆီး အတင်းအဓမ္မ စစ်ထဲသွငါးတယ်။

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက် ဆိုသလိုအရူးက၊ ငမူးကို ဘယ်လိုအရေးယူမယ် ဆိုတာ အချိန်ကုန်ခံပြီး စောင့်မကြည့်နေတော့ဘူး။ ကိုယ့်ကြမ္မာဆိုတာ..ကိုယ်ပိုင်ရမယ်.။ စွန့် ရဲသူသာ..အောင်နိုင်ကြစတမ်း ပေါ့။
ဘာတွေ စဉ်းစားနေပါသလဲ သူငယ်ချင်းများတို့ ရေ

ရန်နောင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်