Tuesday, September 7, 2010

ဝမ်းနဲကြေကွဲခြင်း..

သို့ /
ပဲခူးမြို့ တွင် စစ်တပ်မှ လူမဆန်စွာ ရက်စက်ယုတ်မာ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ ရသော..မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော် တို့ ၏ ကျန်ရစ်သူ မိဘဆွေမျိုးများနှင့် ပဲခူးမြို့ သူမြို့ သားများ ခင်မျာ...ကျနော်အနေဖြင့် အားလုံးနည်းတူ ထပ်တူကြေကွဲ၊ ဝမ်းနဲစွာ ခံစားရပါကြောင်းအလေးအနက်ပြောကြားလိုပါတယ်.။
ကျနော်တို့  မြို့ ပြကြီးမှာတောင် အခုလို ရမ်းကား ရက်စက်မှုမျိုး ရှိနေတယ်ဆိုရင်..နယ်စပ်ဒေသ ကျေးလက်များမှာ ဒီထက်အဆပေါင်း များစွာ ဆိုးသွမ်းနေမယ်ဆိုတာ..ခန့် မှန်းလို့ ရပါလိမ့် မယ်..ကျနော်တို့ မြို့ မှာ လူထုရှေ့ က မားမားရပ်တဲ့  လမ်းပြကြယ် ဆိုတာ ရှိနေလို့ သာ အခုလို မျိုး အချိန်နှင့် တပြေးညီ သိရှိခွင့်  ဖော်ထုတ်တင်ပြခွင့် ရတာလို့ ယုံကြည် ပါတယ်..။ ဟိုး.....လွန်ခဲ့ တဲ့  ၂၂ နှစ် သြဂုတ်လ ၆ ရက်နေ့  ကို ပဲခူးမြို့ ဒေသခံ မိဘပြည်သူများ မှတ်မိကြပါလိမ့် ဦးမည် ဟုယုံကြည်ပါသည်။ အဲဒီနေ့ က အမှတ်(၃) ကျောင်းရှေ့ ကနေ ရဲများက မုဆိုးဒူးထောက် ထိုင်ပြီး ရိုင်ဖယ်သေနှက်များနှင့် ပစ်ခတ်ခဲ့ လို့ ကျဆုံးခဲ့ ရတဲ့  အလယ်တန်း အထက်တန်းကျောင်းသားများ ကိုလည်း သတိရနေကြဦးမှာပါ ၊အဲဒီတုန်းက ဘုရားကြီးက ကျားကြီးမောင် လို့ ခေါ်တဲ့ ဘတ်စ်ကားခေါင်မိုးပေါ်မှာ ကျနော် ရှိနေခဲ့ ပါတယ်.(ကျနော်က အမှတ်-၄-ကျောင်းကပါ).အဲဒီကာလက မြင်ကွင်းနဲ့  ပြည်သူတွေရဲ့ မကျေနပ်မှုတွေ၊တစ်မြို့ လုံးကြိမ်မီးအုံးသလို ခံစားချက်တွေ ကိုလည်း ပြန်လည် မြင်ယောင်နေမိပါသေးတယ်..အခုဖြစ်ရပ်ဟာ လည်း အဲဒီလို ဖြစ်ရပ်မျိုးနဲ့ မခြား..ပဲခူး-တမြို့ လုံး ခံစားနေရမယ်ဆိုတာ.ကျနော်သိနေပါတယ်.၊ လူ့ အခွင့် အရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ကိုယ်ကျိုးစွန့် ပြီးစစ်အစိုးရလက်ထက် ထောင်ထဲမှာ ကျဆုံးသွားတဲ့ ပဲခူးမြို့ မှ လူငယ်များ၊ လက်ရှိထောင်ထဲမှာ ကျန်ရှိနေသေးသော.ရဲဘော်များနှင့် တကွ ပဲခူးမြို့ သူ/သား အားလုံးကို ထောင်ထဲမှ လွတ်မြောက်ပြီး ပဲခူးမြို့ နဲ့ ဝေးရာ ကိုရောက်ရှိနေပေမဲ့ ..အားလုံးနည်းတူ ထပ်တူထပ်မျှ ခံစားဝမ်းနဲရပါကြောင်း ပေးပို့ လိုက်ပါတယ်..။

အားလုံးကို သတိတရဖြင့် ..
အဝေးရောက် ပဲခူးသား..
ဇော်ဝင်း(ခ) မင်းနိုင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်