Tuesday, September 7, 2010

အလာကကောင်းပေမဲ့ အခါကနှောင်း

ပေါက်ဖော်ကြီးတို့သဘောင်္တွေခုမှလာတော့ ဘာလုပ်ရမှာလဲဗျာ။နာဂစ်တုန်းကဘယ်များရောက်နေလဲ။ တစ်ခြားနိုင်ငံကသဘောင်္တွေက နာဂစ်တုန်းက ဘယ်လိုအကြောင်းကြောင်း ကြောင့်ဘဲ လာလာဆီကုန်ခံပြီးလာတာနဲ့ ကိုတင်ကျေးဇူးတင်လှပြီ။

မိတ်ဆွေကောင်းဆိုတာတကယ်လိုအပ်နေတဲ့အချိန်မှာကူညီတာမျိုးလို့ကျွန်တော်တို့နားလည်ထားတာ။ ခုတော့ပေါက်ဖော်ကြီးတို့ လုပ်ပေါက်က အိပ်စိုက်ဆို လက်ရှောင်နေပြီး ပြည် တွင်းစစ်ဖြစ်နေပါတယ် ဆိုတဲ့ မြန်မာနိုင်ငံ ကို မောင်းကြိုး မီးပျက်တစ်ပတ်ဟောင်း လက်နက် တွေရောင်းဖို့ကြ ရှေ့ဆုးံက ထောင်ထောင်နဲ့လုပ်နေတာ ဘာနဲ့တူသလဲ ဆိုတော့ နယ်လှည့် ပြီးအသုဘအိမ်ရှာဖဲရိုက်တဲ့သူ လိုမျိုးနဲ့တူနေပြီ။

တိဘက်အရေး၊ ထိုင်ဝမ်ရေးတို့ဆို ဆက်ဆက်ထိမခံဖြစ်ပြီး၊ သူများပြည်တွင်းရေးကိုဝင်မစွက်ပါဘူးလို့ လူကြားကောင်းအောင် တကြော်ကြော်အော်နေတဲ့ ပေါက်ဖော်ကြီးတို့ဟာ ဝလူမျိုးစု တွေကိုကြတော့မြန်မာပြည်ကနေခွဲထွက်ဖို့ကြ လက်နက်တွေ၊ စစ်သင်တန်းတွေ ထောက်ပံ့ပြီး ခြံစည်းရိုးခွထိုင်စားနေတာကိုက မြန်မာပြည်ပေါ် ဘယ်လောက်စေတနာရှိတယ် ဆိုတာသိရလို့လည်း ဝမ်းသာရပါတယ်။
မြန်မာပြည်သူတွေအပေါ်တကယ်စေတနာရှိတယ်၊ကူညီချင်တယ်ဆိုရင်မြန်မာပြည်မှာတစ်ချိန်ကခောတ်စားခဲ့တဲ့စကားလေးနဲ့ဘဲပြောပါရစေ၊ ဥပဒေဘောင်တွင်းက ကူညီပါလို့။ကုလသမဂ္ဂကတောင် လက်နက်တင်ပို့ရေးပိတ်ထားတဲ့မြောက်ကိုရီးယားနဲ့ သန်းရွှေကို အောင်သွယ်ပေးတာ ကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်၊ ဗီတိုပါဝါနိုင်ငံတစ်နိုင်ငဖြစ်ရက်နဲ့ ဒီဥပဒေမဲ့လုပ်ရပ်ကတော့ အံ့သြစရာပါဘဲ။ ပေါက်ထွက်လာတဲ့ ရွှေမန်းမြောက် ကိုရီးယားဓါတ်ပုံမှတ်တမ်းတွေက သက်သေပါ။

ပေါက်ဖော်ကြီးတို့မြန်မာပြည်မှာစီးပွားရေးလုပ်မယ်ဆိုလည်းမကန့်ကွက်ပါဘူး။အရည်သွေး ပြည့်ဝပြီးစားသုးံသူတွေဘေးဥပဒ် မဖြစ်စေမဲ့ ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားပါ ။ မြန်မာပြည်ကိုပိုက်ဆံချေးမယ် ဆိုလဲချေးပါ။ ဒါပေမဲ့လည်း အများပြည်သူ တွေအကျိုးရှိမယ့်လမ်းပန်းဆက်သွယ်ရေး၊ဆက်သွယ်ရေး စတဲ့စီမံကိန်းတွေမျိုးအတွက်စီဆစ်ပြီး ချေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဆိုသလိုကိုယ်ဆီက လက်နက်ဝယ်ဖို့ ကိုယ်က ပိုက်ဆံပြန်ချေးတာမျိုးဆိုရင်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုအပေါက်မျိုးဖြစ်နေတယ်။

ဘယ်သူမပြု မိမိမှု ဆိုသလိုကိုယ်လူကိုယ်တိုင်ကိုက မကောင်းလို့မြန်မာပြည်သူတွေ ကမ္ဘာလှည့် ကျွန်ခံနေရတာပါ။ ဒါကြောင့် အဓိကတရားခံဖြစ်တဲ့ အာဏာရှင်စနစ်နဲ့အတူ မိသားစုကောင်းစားရေးအတွက်ဆို သန်း ၅၀ ကျော်ပြည်သူတွေရဲ့မျက်နှာကို တောင် မထောက်ဘဲ သံဃာတောင် သတ်ရတ်တဲ့သန်းရွှေနဲ့ နောက်လိုက်တစ်စုကို ကြက်ပြေးက သူရဲ့လုံခြုံစိတ်အချရဆုးံလိုဏ်ဂူတွေထဲမှာ အဆုးံသတ်လိုက်ကြပါစို့လို့်မြန်မာပြည်သူတွေကို တိုက်တွန်း နှိုးဆော်အပ်ပါတယ်။

ရန်နောင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်