မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက် နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။
ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေး ပေးပါ တော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင်မြင်ချောမောစွာ လက်မှတ် ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။
‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလို ပေသည်။
(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ် ၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’သည် ပျက်ပြယ် မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံ ရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ် ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက် ၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ကို လက်မှတ် ရေးထိုး နိုင်ခဲ့ပါသည်။)
မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက် ပေးခဲ့ သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိ တော့လင့်ကစား သူ၏ဦးဆောင် ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြု တင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။
ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန် ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။
ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှ အစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်း ဘွင်း နှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်း ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေး ပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်း အပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်း ဖြစ် သည်။
ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့ သည်။
ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။
ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။
ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော် လည်း ဗိုလ်ချုပ်အောင်ဆန်းကမူ ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။
ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။
ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲ တစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်း သံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။
ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံး သိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေး များ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီး သီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက် သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီး တစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်း အပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက် ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံ များဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးရုံး ရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။
ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက်ဗိုလ်ချုပ်အောင် ဆန်း တို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။
ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ် ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။
သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲဆက်လက် ကျင်းပ နိုင်ခဲ့ ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက် သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။
‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် -
‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံ ကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။
ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံ အစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။
‘အောင်ဆန်းတို့ကို မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက် ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင် အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ အရောက် ခရီးထွက်ခဲ့ပါသည်။
ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီး တွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟု စိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။
ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည် ထောက်ခံ သူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။
ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များ နှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက် အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘော တူညီ သွားကြလေသည်။
ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။
တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။
ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာ သိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။
ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုး ပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီး တယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။
ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူး ကြိုးစား တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။
တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။
တက္ကသိုလ်နေဝင်း
စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)
http://www.demowaiyan.co.cc/
http://alinsek.blogspot.com
http://kamikaze-2010.blogspot.com
Sunday, October 3, 2010
ဗိုလ်ချုပ်အောင်ဆန်း ၏ စည်းရုံးရေးစွမ်းရည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
October
(215)
- ပစ်ဖို့  ထိုင်ခုံလုဖို့ သာ သိတာ ကယ်ဖို့ က န အ ဖ အလ...
- မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့
- ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက...
- NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်
- အကျင့်ဆိုး
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ
- ဖိလစ် ပိုင်ဝန်ကြီးနှင့် ဟေလောရီ ကလင်တန် မြန်မာ့အရေ...
- နိုဝင်ဘာ ၇ ရက်လိမ်ပွဲ ပြီးမှ ပြည်တွင်း အင်တာနက် ပြ...
- CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး
- ဘယ်သူပြောလဲ …တတောလုံးကြွေ
- “မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- လက်ညိုးထောင်၍ ခေါင်းညိတ်ပါ ” သရော်စာ”
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ အပိုင်း(၅)
- အောင်သိန်းလင်းအတွက် ပြည်သူ့ မေတ္တာ
- ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ...
- ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ
- မြေပုံမြို့နယ်မှ သေဆုံး ၈၃ ဦး စာရင်း
- မိပြီ... မိပြီ...သူဘဲ...သူဘဲ
- ရန်ကုန် ကို ရ-၁၁-၁၀ အပြီးမှာ ကွပ်ကဲဖို့ မျောက်ဝံ အ...
- ဧရာဝတီဂျာနယ်
- အစိမ်းရောင်လူသား " ကျော်သူ "
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- ယခု လာမည့် အာဆီယံ ဆွေးနွေးပွဲမှာ မြန်ပြည်အကြောင်း ...
- နွားသီချင်း အဆိုသင်ပေးရင်တောင် တတ်ဦးမယ်
- မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန်...
- ၁ သောင်းပြန်အမ်းပြီးတွင်းထဲ ခုံချတာ ကောင်းဦးမယ်
- ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘေြာေ...
- မဲ ကလွဲရင် ဘယ်သူ့ မှ ဂရုမစိုက်
- ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်...
- ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသ...
- မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ...
- ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
- ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်
- ကျုပ်တို့ ဟုတ်ဖူး
- အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..
- ရာဂုအိုးကြီး ကျကွဲမှ...ရွှေစည်းခုံကိုလှုပါ၏...
- ပုဆိုးခြုံထဲက လက်သီးကို ပုဆိုးလှန်ပြသော မြို့ တော်...
- ၀န်ခံတယ်..မီးရှို့ တာ...ကျုပ်တို့မြို့ တော်ဝန်ကြ...
- မဲခိုးပြီးရင်...ဒေါ်စုကိုလွှတ်မှာပါ...မရှိလို့ လုပ်စ...
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
- ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် cit...
- စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်...
- စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)
- ဘယ်တုန်းက အမှန်ပြောဖူးလို့ လဲ
- ဘင်ကီမွန်း လည်း ကိုယ်ဘာပြောနေမှန်း ကိုယ်ကိုယ်တိုင်...
- Myanmar TV airs cyclone footage
- ပြောရတာလည်း..မောပါ့ဗျာ..
- Nuke plan may speed up if...
- မြန်မာ့ ပြည်ပပို့ ကုန်..သတို့ သမီးရောင်းဝယ်ရေး
- မကောင်းတာမှန်သမျှ..ထိပ်သီးရတဲ့ ရွှေနိုင်ငံ
- မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်း...
- UN: 70,000 people in Myanmar are homeless in wake ...
- တိုးတက်နေသော..မြန်မာပြည်ကြီး။ ( Before and After)
- အမြင်မှားကို လက်ခံထားကြသူများ
- ဂီရိဒုက္ခသည်များ ထပ်မံတိုးပွါး၊ အကူအညီများ အကြီးအကျ...
- မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြ...
- ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ...
- ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ...
- 14 killed in oil well blaze
- မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရ...
- ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား(VOA)
- မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရိ...
- ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံး...
- မလေးသွားမယ့် သူတွေ သတိထား
- တရားဝင် ဆိုးသွမ်းတော့မည်
- အခွံကြီးပါဘဲ
- မဲရဖို့ ကလွဲရင် ဘာမှစိတ်မ၀င်းစားတဲ့  အာဏာရှင်နဲ့  ...
- မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်
- ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း
- ဂီရိ မုန်တိုင်း လူ ၅ဦးသေဆုံး
- အာဏာရှင် တွေ လက်ကိုင်တုတ်တွေတင်လိုက်တဲ့  အလံ အတွက်...
- တိုးတိုးတိတ်တိတ်လေး လုပ်မှာ
- သဘာဝဘေးတွေ့ လို့ ကတော့ အာဏာပိုင်တွေ မျှော်ဖို့  စိ...
- ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး
- အခွံကြီးပါဘဲ
- ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ အပိုင်း ၁ ...
- မွဲတာ ခြင်းလည်း တူ ပါ့
- ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
- ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအ...
- မြို့တော်ဟောင်းက ဇာတ်လမ်းသစ်
- ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်း...
- ဒီ အလံ ဘယ်တော့မှ အလေး မပြု
- ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ေ...
- နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
- စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်...
- ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြ...
- အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်
- ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
- ယတ်တော မွှေတဲ့မီးကြောင့် ဒေါ်စုတရားရုံးတက်နေရဆဲ
- တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော
- ဒေါင်းအလံ လွှင့်မည့် နေ့  တနေ့ တော့ရောက်လာမှာပါ
- အမြဲတမ်းဖြစ်ချင်တာဖြစ်နေတဲ့  မြန်မာပြည်
- နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆ...
- ကင်တားနား တောင် သိသေးတယ်
- အလံဟောင်းတောင်မလေးစားခဲ့တာ ဒံပေါက်ရောင် အလံသစ် လော...
- အလံသစ်နဲ့ ဒေါ်သန်းရွှေ
- အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
-
▼
October
(215)
No comments:
Post a Comment