ပြည်ပအတိုက်အခံတွေအားလုံးအနေနဲ့ တပ်မတော်သားတွေကို အားပေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်ဒီလို ပြောရလဲဆိုရင် ပြည်ပ အတိုက်အခံတော်တော်များများဟာ ဘက်ပြောင်းလာတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေကို ကိုယ်ထိလက်ရောက် အားပေး အားမြှောက်လုပ်တာနည်းလို့ပဲ။ ဥပမာ- ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ တပ်မတော်သားတွေဟာ တတိယနိုင်ငံကို ထွက်လို့မရအောင် လိုဖြစ်နေတယ်။ သြစတျေးလျသံရုံးက စစ်သားဖြစ်တဲ့လူတွေဆိုရင် လက်မခံပါဘူး။ အလားတူအမေရိကန်သံရုံးလည်း ဒီအတိုင်းပါပဲ။ ဘာ့ကြောင့် ဖြစ်လဲတော့ မသိဘူး။
ညတုန်းက ဗိုလ်ထက်မင်း(ဖိုးတရုတ်) စည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုက်ကို တည်ထောင်သူနဲ့စကားပြောတယ်။ သူ့အပြောအရ ဗိုလ်မှုး အောင်လင်းထွတ်တောင် အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်အပြည့်မရသေးပါဘူး။ စစ်သားဖြစ်လို့လားမသိဘူး။ ၈၈-တုန်းက ပြည်သူ့ဘက်ကိုပြောင်းလာတဲ့ ဗိုလ်ကြီးစိုင်းဝင်ကျော်ရှိပါတယ်။ အခု အမေရိကန်နိုင်ငံ အင်ဒီယားနားမှာ နေပါတယ်။ သူလည်း အတိုက်အခံအင်အားစုကို တော်တော်လေးနာကျည်းသွားတယ်လို့ကြားရပြန်တယ်။ လက်ရှိအခြေအနေမှာ ပြည်ပမှာနေတဲ့ တပ်မတော်သားအရာရှိ၊ အရာခံ အကြပ်တပ်သားတွေရဲ့ နိုင်ငံရေးလှုံ့ ဆော်မှုက အရမ်းအရေးကြီးနေတယ်။
အထဲက စစ်သားတွေကလည်း ပြည်ပက စစ်သားတွေရဲ့ နိုင်ငံရေးဦးဆောင်မှုကို တောင်းတတယ်။
ဒီလိုအရေးကြီးတဲ့အချိန်မှာ တခါမှ တပ်မတော်သားတွေရဲ့ လုပ်ရပ်ကို ကြိုဆိုဂုဏ်ပြုပါကြောင်း...အကူအညီပေးမယ်ဆိုတဲ့အကြောင်း အတိုက်အခံ အင်အားစုက လက်တွေ့ကြကြမလုပ်သေးဘူး။ ကြားလည်းမကြားဘူး။ လက်ရှိရှိနေတဲ့လူတွေကို သံသယတွေ စောင့်ကြည့်နေကြတယ် ထင်တယ်။ ဒါက ဘာကိုပြလဲဆိုတော့ စစ်သားတွေကို ကိုယ့်ရဲ့ အင်အားစုတစ်ရပ်မဟုတ်ဘူးဆိုတာကိုပြတယ်။
ကျနော်တို့ သူပုန်တွေဘက်ကို ပြောင်းလာတဲ့ စစ်သားတွေရှိတယ်။ ရေတွက်လို့တောင်မရနိုင်ဘူး။ ဒီလူတွေဟာ လက်ရှိကာလတိုက်ပွဲမှာ အရေးကြီးတဲ့လူတွေလို့မြင်တယ်။ ပြည်တွင်းမှာရှိတဲ့ အပြောင်းအလဲကို လိုချင်တဲ့စစ်သားတွေ အများကြီးရှိတယ်။ အားလုံးသိတဲ့အတိုက်ပဲ...တပ်တွင်းပုန်ကန်မှုဖြစ်နေတာဆက်တိုက်ပဲ။ ဥပမာ တောင်ဥက္ကကလာကတပ်၊ ရခိုင်ဘက်ကတပ်ရင်း၊ ရဲမွန်ဘက်ကတပ်ရင်းတွေဟာ အပြောင်းအလဲလိုချင်လို့ တိုက်နေကြတဲ့တပ်ရင်းဖြစ်တယ်။ ဒါက ထမင်းငတ်လို့ထက် အခြားပုန်ကန်မှုရှိတယ်။ ဒီလူတွေက ကျနော်တို့အင်အားစုတွေပဲ။
တပ်မတော်သားများသို့...
ကျနော်တော့ ခင်ဗျားတို့နဲ့အတူရှိတယ်။ ပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက် အမှန်တရားဘက်က ဆက်ပြီးရပ်တည်ကြဖို့ တိုက်တွန်းပါတယ်။ ပြည်ပမှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျနော့်လုပ်ချင်တဲ့အလုပ်ရှိပါတယ်။
အားလုံးစုပြီး Network တစ်ခုဖြစ်အောင်လုပ်ချင်တယ်။ စစ်မှုထမ်းဟောင်းအဖွဲ့လိုတော့ မသုံးချင်ဘူး။ ဥပမာ ဗိုလ်မှုးအောင်လင်းထွတ်တို့၊ ဗိုလ်ထက်မင်းတို့၊ ဗိုလ်မှုးစိုင်းသိန်းဝင်းတို့ ဦးဆောင်ပြီးစုစည်းစေချင်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြေအောက်တော်လှန်ရေးကို တပ်ထဲမှာလုပ်ဖို့ပါ။ အခုလည်း ကိုယ်လုပ်နိုင်သလောက် လုပ်နေကြတယ်လို့မြင်ပါတယ်။ ရည်ရွယ်ချက်နောက်တခုက ထွက်လာတဲ့ စစ်သားတွေ၊ တိုက်နေတဲ့စစ်သားတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအကူအညီပေးချင်ပါတယ်။ ဥပမာ တတိယနိုင်ငံကိုထွက်လို့မရသေးတဲ့ စစ်သားတွေကို ထွက်လို့ရအောင်ကူညီပေးတဲ့အနေထားဖြစ်ပါတယ်။ ပြည်ပရောက်မျိုးချစ်စစ်သားတွေအများကြီးရှိပါတယ်။ စုစည်းမှုမရှိတော့လို့ ဒီလိုပြောနေရခြင်းဖြစ်ပါတယ်။ ဒီအင်အားစုကို စုစည်းနိုင်မယ်ဆိုရင် တပ်မတစ်ခုတောင် ဖွဲ့လို့ရနိုင်ပါတယ်။ ကျနော်နဲ့ ဗိုလ်ထက်မင်းကတော့ အသင့်ရှိပါတယ်။ ကျန်တဲ့အရာရှိတွေကို ကျနော်ဆက်ပြီးဆက်သွယ်ပါ့မယ်။ ပြီးရင် အားလုံးကိုတင်ပြနိုင်အောင်၊ ချိတ်ဆက်နိုင်အောင် လုပ်ပေးပါ့မယ်။
အတိုက်အခံအင်အားစုများသို့...
ဖြစ်နိုင်ရင် ခင်ဗျားတို့ ကျနော်တို့ကို အားပေးပါ။ စတိတ်မုန့်ထုတ်ပြီးအားပေးလည်း ရပါတယ်။ ကိုယ်ထိလက်ရောက်အားပေးတယ်ဆိုရင် ပိုကောင်းပါတယ်။ စစ်သားတွေက ခင်ဗျားတို့အားပေးမှုကို အရမ်းလိုချင်ပါတယ်။
တချို့ အရာရှိတွေ တပ်ကထွက်ပြီး အတိုက်အခံနဲ့ပူးပေါင်းချင်တယ်။ သူတို့ကမေးတယ်။ ခင်ဗျားတို့နဲ့ ပူးပေါင်းရင် ကျနော့်ဘ၀အတွက် ဘာများအာမခံချက်လုပ်ပေးနိုင်မလဲလို့မေးတယ်။ ကျနော်ဘာမှ မပြောနိုင်ဘူး။ ထွက်မလာပါနဲ့လို့ပဲပြောနိုင်တယ်။ သူတို့တွေဟာ ကျနော်တို့ အတိုက်အခံအင်အားစုရဲ့ အားပေးမှု၊ စာနာနားလည်မှုကို အရမ်းတောင့်တတယ်။ ခင်ဗျားတို့ ၀ိုင်းပြီး အားပေး အားမြှောက် လုပ်သင့်တယ်။ ဒါ့ကြောင့် ဒီလိုစာကိုရေးပါတယ်။
အတိုက်အခံအင်အားစုအနေနဲ့ တပ်မတော်သားတွေ အာဏာရှင်ဘက်ကို ပြောင်းဝလှည့်ပါလို့သာပြောတယ်...ကျန်တာ ဘာမှ အားမပေး ဘူး။ အားပေးဖို့အတွက်လည်း မကျိုးစားဘူး။ တိုင်းပြည်ပြောင်းလဲဖို့အတွက် တပ်မတော်သားတွေဟာ အဓိကဖြစ်တယ် ဆိုတာ နားမလည်လို့လားမသိဘူး။ ကျနော် ဒီနေရာကနေ အတိုက်အခံအင်အားစုတွေကို မေတ္တာရပ်ခံချင်ပါတယ်။ ၀ိုင်းပြီးအားပေးကြပါ။
တပ်မတော်သားများအားလုံး ဆက်သွယ်ကြဖို့ မေတ္တာရပ်ခံပါသည်။
ဆက်သွယ်ရန်
ဘုန်းကျော်
ဖုန်း ၀၄၃၀၄၂၉၆၆၇
Email wgdperth@gmail.com
www.phonekyaw.blogspot.com
Sunday, October 3, 2010
ဆက်သွယ်ကြပါ မျိုးချစ်တပ်မတော်သားများ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
October
(215)
- ပစ်ဖို့  ထိုင်ခုံလုဖို့ သာ သိတာ ကယ်ဖို့ က န အ ဖ အလ...
- မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့
- ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက...
- NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်
- အကျင့်ဆိုး
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ
- ဖိလစ် ပိုင်ဝန်ကြီးနှင့် ဟေလောရီ ကလင်တန် မြန်မာ့အရေ...
- နိုဝင်ဘာ ၇ ရက်လိမ်ပွဲ ပြီးမှ ပြည်တွင်း အင်တာနက် ပြ...
- CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး
- ဘယ်သူပြောလဲ …တတောလုံးကြွေ
- “မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”
- ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 
- လက်ညိုးထောင်၍ ခေါင်းညိတ်ပါ ” သရော်စာ”
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ အပိုင်း(၅)
- အောင်သိန်းလင်းအတွက် ပြည်သူ့ မေတ္တာ
- ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ...
- ရခိုင် အင်တာနက်လိုင်း ဖြတ်တောက် ခံရ
- မြေပုံမြို့နယ်မှ သေဆုံး ၈၃ ဦး စာရင်း
- မိပြီ... မိပြီ...သူဘဲ...သူဘဲ
- ရန်ကုန် ကို ရ-၁၁-၁၀ အပြီးမှာ ကွပ်ကဲဖို့ မျောက်ဝံ အ...
- ဧရာဝတီဂျာနယ်
- အစိမ်းရောင်လူသား " ကျော်သူ "
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- ယခု လာမည့် အာဆီယံ ဆွေးနွေးပွဲမှာ မြန်ပြည်အကြောင်း ...
- နွားသီချင်း အဆိုသင်ပေးရင်တောင် တတ်ဦးမယ်
- မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန်...
- ၁ သောင်းပြန်အမ်းပြီးတွင်းထဲ ခုံချတာ ကောင်းဦးမယ်
- ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘေြာေ...
- မဲ ကလွဲရင် ဘယ်သူ့ မှ ဂရုမစိုက်
- ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်...
- ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသ...
- မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ...
- ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
- ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်
- ကျုပ်တို့ ဟုတ်ဖူး
- အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..
- ရာဂုအိုးကြီး ကျကွဲမှ...ရွှေစည်းခုံကိုလှုပါ၏...
- ပုဆိုးခြုံထဲက လက်သီးကို ပုဆိုးလှန်ပြသော မြို့ တော်...
- ၀န်ခံတယ်..မီးရှို့ တာ...ကျုပ်တို့မြို့ တော်ဝန်ကြ...
- မဲခိုးပြီးရင်...ဒေါ်စုကိုလွှတ်မှာပါ...မရှိလို့ လုပ်စ...
- ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမ...
- အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
- ပြည်တွင်းမှာ သတင်းမှတ်တမ်းရယူ လက်စွမ်းပြကြမယ့် cit...
- စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်...
- စအိုပေါက်မပါတဲ့ ကလေးငယ်လေး အတွက် အကူညီလို(SOS)
- ဘယ်တုန်းက အမှန်ပြောဖူးလို့ လဲ
- ဘင်ကီမွန်း လည်း ကိုယ်ဘာပြောနေမှန်း ကိုယ်ကိုယ်တိုင်...
- Myanmar TV airs cyclone footage
- ပြောရတာလည်း..မောပါ့ဗျာ..
- Nuke plan may speed up if...
- မြန်မာ့ ပြည်ပပို့ ကုန်..သတို့ သမီးရောင်းဝယ်ရေး
- မကောင်းတာမှန်သမျှ..ထိပ်သီးရတဲ့ ရွှေနိုင်ငံ
- မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်း...
- UN: 70,000 people in Myanmar are homeless in wake ...
- တိုးတက်နေသော..မြန်မာပြည်ကြီး။ ( Before and After)
- အမြင်မှားကို လက်ခံထားကြသူများ
- ဂီရိဒုက္ခသည်များ ထပ်မံတိုးပွါး၊ အကူအညီများ အကြီးအကျ...
- မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြ...
- ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ...
- ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ...
- 14 killed in oil well blaze
- မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရ...
- ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား(VOA)
- မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရိ...
- ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံး...
- မလေးသွားမယ့် သူတွေ သတိထား
- တရားဝင် ဆိုးသွမ်းတော့မည်
- အခွံကြီးပါဘဲ
- မဲရဖို့ ကလွဲရင် ဘာမှစိတ်မ၀င်းစားတဲ့  အာဏာရှင်နဲ့  ...
- မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်
- ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း
- ဂီရိ မုန်တိုင်း လူ ၅ဦးသေဆုံး
- အာဏာရှင် တွေ လက်ကိုင်တုတ်တွေတင်လိုက်တဲ့  အလံ အတွက်...
- တိုးတိုးတိတ်တိတ်လေး လုပ်မှာ
- သဘာဝဘေးတွေ့ လို့ ကတော့ အာဏာပိုင်တွေ မျှော်ဖို့  စိ...
- ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး
- အခွံကြီးပါဘဲ
- ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ အပိုင်း ၁ ...
- မွဲတာ ခြင်းလည်း တူ ပါ့
- ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
- ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအ...
- မြို့တော်ဟောင်းက ဇာတ်လမ်းသစ်
- ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်း...
- ဒီ အလံ ဘယ်တော့မှ အလေး မပြု
- ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ေ...
- နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
- စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်...
- ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြ...
- အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်
- ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
- ယတ်တော မွှေတဲ့မီးကြောင့် ဒေါ်စုတရားရုံးတက်နေရဆဲ
- တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော
- ဒေါင်းအလံ လွှင့်မည့် နေ့  တနေ့ တော့ရောက်လာမှာပါ
- အမြဲတမ်းဖြစ်ချင်တာဖြစ်နေတဲ့  မြန်မာပြည်
- နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆ...
- ကင်တားနား တောင် သိသေးတယ်
- အလံဟောင်းတောင်မလေးစားခဲ့တာ ဒံပေါက်ရောင် အလံသစ် လော...
- အလံသစ်နဲ့ ဒေါ်သန်းရွှေ
- အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
-
▼
October
(215)
No comments:
Post a Comment