ကချင်ပြည်နယ်၊ လွတ်မြောက်ရေးတပ်ဖွဲ့၊ ကေအိုင်အို ရဲ့ ကချင်ပြည်နယ် နေရာအနှံ့ထားရှိတဲ့ ဆက်သွယ် ညှိနှိုင်းရေးရုံးတွေကို ရုပ်သိမ်း လိုက်ဖို့ အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သတိပေး လိုက်ပါတယ်။
နှစ်ဖက်ကြားမှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နူးပန်က ပြောပြပေးပါမယ်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ကေအိုင်အိုကို မြန်မာနိုင်ငံတ၀ှမ်းမှာရှိတဲ့ သူတို့ရဲ့ ဆက်ဆံရေးရုံးတွေ ရှိသမျှအားလုံး အမြန်ဆုံးရုတ်သိမ်း ပေးဖို့အတွက် မြန်မာ စစ်အစိုးရက မြစ်ကြီနားဆက်ဆံရေးရုံးချုပ်က အရာရှိ ဂျီးနောင်ကို ဖုန်းနဲ့သတိပေးပြောဆိုလာတဲ့အတွက် ၂၅ ရက် နေ့နောက်ဆုံးထားပြီးပြောင်းပေးမယ်လို့ ရက်သတ်မှတ်လိုက်ပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အမိန့်အရ ပြောဆိုလာတာဖြစ်ပြီး ကေအိုင်အိုကတော့ အစောပိုင်းက ရုံးတွေ ရုတ်သိမ်းဖို့ကိစ္စအတွက် အ ကြောင်း ပြန်ခဲ့ပါသေးတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က အရေးပေါ်စည်းဝေးလုပ်ပြီး ဟိုပင်နဲ့ မိုးညှင်းမှာလို အရပ်ဘက်အုပ်ချုပ်ရေးရုံးအရာ ရှိတွေ လာနေတာမျိုးကိုပဲ တားမြစ်မယ်လို့ ရုတ်သိမ်း ဖို့ အဆင်သင့်မရှိသေးကြောင်း အကြောင်းပြန်ခဲ့ပေမဲ့ ငြိမ်းချမ်းစွာနဲ့မရုတ်သိမ်းရင် အကြမ်းဖက်သိမ်းယူမှု အထိ အခြေအနေ တင်းမာလာနိုင်ဖွယ် ပြောဆိုခဲ့တယ်လို့ ကေအိုင်အို အရပ်ဘက်အရာရှိတစ်ယောက်က ကချင် လို ပြောပါတယ်။
ပြန်အကြောင်းကြားလိုက်တော့ အကြမ်းနည်းနဲ့ သိမ်းယူနိုင်ဖွယ် ပြောဆိုမှုကြောင့် မနေ့တစ်နေ့ (စနေနေ့) ဗဟိုကော်မတီက စည်းဝေး ပြန်လုပ်လိုက်တော့ မြန်မာစစ်အစိုးရက မြစ်ကြီးနား ဆက်ဆံရေး ရုံးရယ်၊ ဘူးဂါး ရုံးကြီး( စီးပွားရေးဆက်သွယ်ရေးရုံး)၊ ဘူးဂါးလျှပ်စစ်ရုံး၊ အဲဒီသုံးခုက လွဲပြီး အားလုံးရုတ်သိမ်းလိုက်တယ်လို့ အမိန့်သက်မှတ်လိုက်ပါတယ်၊။ အဲဒါကြောင့် အရင်က သဘောတူ ကတိစာချုပ် ချုပ်ခဲ့ တာတွေ အခုကတော့ လုံးဝမရတော့ဘူးဆိုတဲ့သဘောတွေ ဖြစ်သွားပါတယ်။ ခုချိန် သူတို့ဖမ်းချင်ဖမ်း ဘာလုပ်ချင်လုပ် အခြေအနေဖြစ် နေပါတယ်လို့ ပြောသွားပါတယ်။
အခုအစိုးရက ချန်ထားတဲ့ မြစ်ကြီးနားကရုံးတွေကတော့ ဘူးဂါးကုမ္မဏီတို့ဟာ ငွေကြေးများစွာနဲ့ ရင်းနှီးထားတာဖြစ်ပြီး ရေအားလျှပ်စစ်နဲ့  သကြားစက်တွေ လည်ပတ်နေသလို ကျောက်စိမ်းအပြင် စီးပွားရေး ဆက်သွယ်ရေးတွေ လုပ်နေပြီး အစိုးရကတော့ လိုရင်လိုသလိုဆက် သွယ်ဖို့ကိစ္စ ရှိသေးတဲ့အတွက် ချန်ထားတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် နေပါတယ်။
ကချင်ပြည်နယ် နေရာအနှံ့ရုပ်သိမ်းလိုက်ရတဲ့ ကေအိုင်အိုဆက်ဆံရေးရုံးတွေအားလုံး ၂၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အခုလို ရုတ်သိမ်းလိုက်တဲ့အတွက် ကေအိုင်အိုလည်း ထိခိုက်နစ်နာသလို ကချင်ပြည်သူလူထုအတွက်လည်း နစ်နာတာတွေရှိတယ်လို့ အရာရှိတွေကပြောပါတယ်။
တကယ်တမ်း ရုံးတွေရှိတဲ့အချိန်မှာလည်း စစ်အစိုးရဘက်က ဆက်သွယ်မှုတွေ လုံးဝ ရပ်ထားတယ်လို့ အစောက အရာရှိကပဲ ကချင်လို ဆက်ပြောပါတယ်။
ကျနော်တို့သတ်မှတ်ထားမျိုး သူတို့ဘက်ကတော့ စာမရေးဘူး။ ကျနော်တို့ပဲ ရုံးလို သက်မှတ်ထားတာ၊ စက်တင်ဘာကုန်က ရဲမြင့်ပြော ထားတာဟာ သူတို့ ပြောသလို လက်မခံလို့ရှိရင် ၉၄ ခုနှစ် မတိုင်ခင်က အခြေအနေတရပ်လို ဖြစ်မယ်လို့။ အဲလိုပြောတာ။ ကျနော်တို့ဘက်က ငြိမ်းချမ်းရေးလည်းရုတ်သိမ်းပြီ။ တိုင်းပင်ဆွေးနွေးတာလည်း မရှိတော့ဘူးလို့ ကျနော်တို့က အဲလို သတ်မှတ်ယူလိုက်တာ။ စကားနဲ့ အကြောင်းကြားပြီဆိုတော့ ကျနော်တို့ ငြင်းဆန်နေရင်၊ ပြန်ခံရရင် သူတို့ပြောတာကို ကျနော်တို့ပြန်ကြည့်ရင် တော်တော်လေး မြန်ဆန်ရ တော့မဲ့ အပိုင်းရောက်နေတယ်။ မေးမြန်းဖို့ အကြောင်းလည်း မရှိတော့ပါဘူး။ တစ်ချို့တော့ ပြန်ပြီး ဆွေးနွေးစေချင်နေတယ်လို့ ပြောသွားတာပါ။
သူတို့ဘက်က ရုတ်သိမ်းတာ၊ ရှောင်ဖယ်တာ မလုပ်ဘူးဆိုရင် နည်းအမျိုးမျိုးနဲ့ ရုတ်သိမ်းအောင် အစီ အစဉ်ရှိနေတယ်ဆိုတော့ ဒဲ့ မျက်နှာ ချင်းဆိုင်ဆွေးနွေးတာမလုပ်ဘဲ အမိန့်ပေးလာတာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒါကြောင့် ကေအိုင်အိုက သူတို့ ရုံးတွေရှိနေတဲ့ရာကနေ ပစ္စည်းတွေသိမ်းဆည်းပြီး ဌာနဆိုင်ရာဆီကို ပြန်နေကြပါပြီ။ ပိုမို တင်း မာလာ တဲ့အခြေအနေဖြစ်လာတဲ့အတွက် အမြန်ဆုံးရုတ်သိမ်းနေတာဖြစ်ပါတယ်။ နောက်ပြီး မြန်မာစစ်အစိုးရ၊ စစ်တပ်စစ်သားတွေ ကချင်ပြည် နယ်တွင်း လှုပ်ရှားမှုအပါအ၀င်တွေ တွေ့နေရ သလို မြစ်ကြီနားမြို့မှာ လည်း မကြာသေးခင်က မြင်းတွေကို ကားအစီး၂၀ ကျော်နဲ့ ပို့နေ တာတွေ တွေ့နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလဆန်းမှစ၍ လက်နက်ချဖို့နဲ့ နယ်ခြားစောင့်တပ်ပြောင်းလဲဖို့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပြီး နောက်ကစလို့ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရအခြေအနေတွေ တစတစတင်းမာလာနေတာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အစိုးရပိုင် သတင်းစာတွေမှာလည်း ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) ကို “သောင်းကျန်သူများ” လို့ ဖော်ပြလိုက် ပါတယ်ရှင်။
ref; http://www.voanews.com/burmese/
Monday, November 22, 2010
ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခိုင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment