ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဆု ပေးမည်
ဇာနည်မာန် Monday, 22 November 2010 16:27 .အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် (Manav Ekta Parishad) က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဟု သတင်းရရှိသည်။
အိန္ဒိယ ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြောင်း ပြသလိုခြင်းနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီထွန်းကား ရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုသိရှိ နားလည်စေရန်ရည်ရွယ်၍ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများက ဆိုသည်။
“သူ့ရဲ့ နိုင်ငံရေးနဲ့ ဇွဲသတ္တိကို ချီးကျူးပြီးတော့ သူရဲကောင်းအဖြစ် အသိအမှတ် ပြုတဲ့အနေနဲ့ သူသာလျှင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေဆီ ရယူပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အိန္ဒိယနိုင်ငံလို အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံက ပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည် သိစေချင်တာတွေ၊ အိန္ဒိယပြည်သူတွေက မြန်မာနိုင်ငံအကြောင်း ပိုပြီး သိစေချင်တာတွေ ပါပါတယ်” ဟု အဖွဲ့ အတွင်းရေးမှူး မစ္စတာ တီဒီ ဆင်းက ဧရာဝတီသို့ ပြောသည်။
မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့သည် ၂၀၀၇ ခုနှစ်မှ စ၍ အိန္ဒိယနိုင်ငံတွင်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ၊ ဘာသာရေး၊ လူမျိုးရေးနှင့် ဇာတ်အဆင့်အတန်းများ ခွဲခြားမှု ပပျောက်ရေးကို လုပ်ဆောင်နေသော လူ့အခွင့်အရေး အဖွဲ့စည်းတခုဖြစ်သည်။
ဟာရီယားနားပြည်နယ် ဖရီဒါဘတ်ရှိ မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့ရုံးချုပ်တွင် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် အထိမ်းအမှတ် ကြေးသွန်းသံလျက်ကို ပေးအပ်ရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား အိန္ဒိယအခြေစိုက် အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာ တင့်ဆွေက လက်ခံရယူမည်ဖြစ်သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဆုသည် မာနိုဗ် အိခ်တ ပရီရှဒ်မှ ပေးအပ်သည့် ပထမဆုံး ဘွဲ့တံဆိပ်ဖြစ်သည်။
“သန်လျက်ဆိုတာဟာ မြန်မာနိုင်ငံက မင်းမြောက်တန်ဆာတွေထဲက အဆောင်အယောင်တခုအဖြစ် ပါဝင်တဲ့အတွက် ကျနော်တို့အမြင်မှာ မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် အမြင့်မားဆုံး စွန့်စားမှုနဲ့ စွန့်လွှတ်မှု လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဘွဲ့နဲ့အတူ ပေးရတာဖြစ်ပါတယ်” ဟု မစ္စတာ တီဒီဆင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖိနှိပ်မှုများစွာ ရှိနေသည့်ကြားမှပင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် ပါတီရပ်တည်ရေး အတွက် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းသည် လူ့အခွင့်အရေး လှုပ်ရှားသူများကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးလိုက်သည့် ချီးကျူးဖွယ်ရာ လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလို အိန္ဒိယ အခြေပြုတဲ့ လူမှုရေး အဖွဲ့အစည်းတွေက ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတယ်ဆိုတာ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအတွက် ဂုဏ်ယူတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါမှသာလျှင် အိန္ဒိယအစိုးရက ပိုပြီး နိုးကြားလာမယ်။ အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထားတဲ့မူတွေက ကျနော်တို့ အားမရသေးဘူး” ဟု မစ္စတာ တီဒီဆင်းက ဆိုသည်။
အိန္ဒိယအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် နီတားဂျီး ဆူဘတ်စ် ဖောင်ဒေးရှင်း (Netaji Subhas Foundation) က လည်း ဆူဘတ်စ် ချန်ဒြာ ဘို့စ် (Subhas Chandra Bose) ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် နေရစဉ်ကာ လ ၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအစိုးရက ဂျဝါလဟာနေရူးဆုကို ၁၉၉၃ ခုနှစ်တွင် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရ နှင့် နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆက်ဆံရေး တိုးမြင့်လာချိန်၌ မြန်မာ့ဒီမိုကရေစီရေးတွင် နှုတ်ဆိတ်နေမှုများကြောင့် အိန္ဒိယအစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုများရှိလာသည်။
အမေရိကန် သမ္မတ အိုဘားမားက အိန္ဒိယခရီးစဉ်အတွင်း မြန်မာ့အရေးတွင် အိန္ဒိယ၏ နှုတ်ဆိတ်နေမှုကို ဝေဖန်ထောက်ပြခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခြင်းသည် အမျိုးသားရင်ကြား စေ့ရေးအတွက် လမ်းစဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ ရွေးကောက်ပွဲသည်လည်း ပြုပြင်ပြောင်းလဲရေး နည်းလမ်းတခုဖြစ်ကြောင်း ပြော ဆိုခဲ့သည်။
http://irrawaddy.org/bur/index.php/news/4965-2010-11-22-09-37-27
Monday, November 22, 2010
Another awards to Daw Suu , Queen of Myanmar's Democracy and Human Rights ( Bravo!!!!!!)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
- ချေးပေနေသော မြန်မာ့စာပေ စီစစ်ရေး..
- ဖြူသင်ရှင်းသန့် သော ချစ်ခြင်းမေတ္တာ
- နိုင်ငံတော် အစိုးရ၏ လှူသံမကြားရသေး
- ရွေးကောက်ပွဲပြီး ဒီမိုကရေစီ မြေပုံသို့ ဆို တဲ့  စိ...
- နိုင်ငံတော်ကြီးက မကူညီ မထောက်ပံ့တော့ ကိုယ့် အကြံဥာ...
- မေတ္တာ အရင်းခံပါပဲ...
- မယုံပေါင်.. အိုဘားမား ပြောလို့  နဲနဲလေး လေသံပြောင်...
- “ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”
- သားအမိတို့ ၏ ချစ်ခြင်းမေတ္တာ သန့်စင်ပါဘိ မြတ်ပီတိ
- ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်ေ...
- လွှတ်ပေးပါ။ ၂၂၀၀ ဦးသော နိုင်ငံရေးအကျဉ်းသား ( လားရှ...
- မင်္ဂလာပါ ချစ်သော မေမေ..
- ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်...
- လက်နက်ချမလား၊ စစ်တိုက်မလား။
- စလောင်းရှိုလည်း မ ကြည့်ရတဲ့
- U Gambira: “Please continue the peaceful movement
- ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခ...
- ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ...
- NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံး...
- N.Korea engaged in secret operations in Myanmar: L...
- Twitter’s hottest 10 trends of the week ( Daw Suu ...
- U.S. needs to investigate human rights claims
- VOTE for your woman of the year!
- MP to raise question of Burmese refugees on Thaila...
- An iron fist in gold leaf
- In New Jersey, UN Ban Speech Ignores Haiti, Congo ...
- ILO Governing Body concludes discussions on policy...
- Clinton Sends Personal Letter to Suu Kyi
-
▼
November
(423)
No comments:
Post a Comment