သတင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်
နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေး ခံနေရတဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့ ခြောက်ဖွဲ့ဟာ မြန်မာ စစ်အစိုးရကို ပူးပေါင်း ဆန့်ကျင်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့ သိရပါတယ်။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ( Karen National Liberation Army ), ကရင်နီ တပ်မတော် ( Karen Army ), ကရင် အမျိုးသား အစည်းအရုံး KNU ( Karen National Union ) , ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA PC ( Karen National Liberation Army Peace Council ) , အက်စ်အက်အေ မြောက်ပိုင်း SSA - N ( Shan State Army-North ) နဲ့ KIA ( Kachin Independence Army ) အဖွဲ့တွေဟာ စစ်အစိုးရရဲ့ ဖိအားပေးမှုကို စုပေါင်းပြီး ရင်ဆိုင်ချေမှုန်းဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။အခု သဘောတူညီချက် ရယူထားတဲ့ အဖွဲ့တခုခုကို စစ်တပ်က တိုက်လာရင် ကျန်တဲ့အဖွဲ့တွေ အားလုံးက ဝိုင်းကူပြီး စစ်အစိုးရကို ပြန်တိုက်ကြမယ်လို့ ဆုံးဖြတ်ခဲ့ ကြကြောင်း နယ်စပ်က သတင်း ရရှိပါတယ်။
No comments:
Post a Comment