ဧရာဝတီ Saturday, 20 November 2010 13:30
ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။
ဧရာဝတီက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ မေးမြန်းရာ လက်ရှိအခြေအနေတွင် မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိ သော အခြေအနေမျိုးတွင် ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။
“စီးပွားရေး၊ နိုင်ငံရေးက ထွက်ပေါက်မရှိသလို ဖြစ်နေတယ်။ စီးပွားရေးသမားတွေကလည်း အနာဂတ်မဲ့ ပုံစံဖြစ်နေတယ်။လက် ရှိ အခြေအနေ အတိုင်းဆက်သွားမယ်ဆိုရင် စီးပွားရေးပိုကျဖို့ ရှိတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဝင် တဦးက ပြောသည်။
ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)က မဲမသမာမှုများဖြင့် အနိုင်ရရှိပြီး ကြံ့ဖွံ့အရပ်သားအစိုးရ ပေါ်ပေါက်လာမည်ဖြစ်ရာ အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု များလည်း ဖယ်ရှားမည် မဟုတ်ကြောင်း၊ ထို့အပြင် စစ်ယူနီဖောင်းချွတ်အရပ်သားအစိုးရက ပုံစံပြောင်း အုပ်ချုပ်မည်ဖြစ်သော ကြောင့် ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာဦးမည် မဟုတ်ဘဲ အစိုးရ နှင့်နီးစပ်သူ စီးပွားရေးသမားများ သာ လုပ်ပိုင်ခွင့်ရသော စီးပွားရေးစနစ်က နေရာယူထားဦးမည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းတွင် ပြော ဆို နေကြသည်။
“မြန်မာ့စီးပွားရေးကို ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့လို စစ်အစိုးရ ကျောထောက် နောက်ခံ စီးပွားရေး သမားကြီး တွေ ကပဲ ဆက်ပြီး လက်ဝါးကြီး အုပ်ထားဦးမယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင် စီးပွားရေးလုပ်ချင်ရင် အစိုးရနဲ့ပေါင်းဆိုတဲ့ စီးပွားရေးစနစ်ပဲ ဆက်ဖြစ်သွားမယ်။ တကယ့် ဈေးကွက် စီးပွားရေးစနစ် ပေါ်လာစရာ အခွင့်အလမ်းနည်းပါတယ်”ဟု UMFCCI အသင်းဝင် စီးပွားရေးသမား တဦးက ဆိုသည်။
ပြည်တွင်း စီးပွားရေးသမား တချို့က လွှတ်တော်များ ပေါ်ပေါက်လာပြီး မြန်မာ့စီးပွားရေးအတွက် အကျိုးရှိသော မူဝါဒ ဥပေဒ များချမှတ်ပေါ်ပေါက်လာကာ မြန်မာ့စီးပွားရေး တရှိန်ထိုးဖွံ့ဖြိုးတိုးတက်မည်ဟု ယူဆကြကြောင်း၊ ထိုယူဆချက်မှာ ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ဂဏန်းမွေးမြူ ရေးလုပ်ငန်းရှင်တဦးကလည်း ပြောသည်။
“ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ မူဝါဒတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ စစ်တပ် အုပ်ချုပ်တဲ့ အစိုးရ လက်ထက် ကတည်းက အကျင့်ပါနေတဲ့ လာဘ်ပေးလာဘ်ယူမှုက ပပျောက်ဖို့ ခဲယာဉ်းတယ်။ နောင် တက်လာမယ့် အစိုးရ သစ် ကလည်း အခုစစ်အစိုးရမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အရင်က ပြောခဲ့ကြတယ်။ မူပြောင်း လူမပြောင်းစနစ် ဖြစ်မယ် ပေါ့။ အခုတော့ မူလည်းမပြောင်းဘူး လူလည်း မပြောင်းဘူး။ မူမပြောင်း လူမပြောင်းတဲ့အတွက် စီးပွားရေးလည်း ပြောင်းဖို့ မမြင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် တဦးက ဆိုသည်။
မြန်မာ့စီးပွားရေးတိုးတက်ရန်မှာ အမေရိကန်၊ ဥရောပစသည့် အနောက်နိုင်ငံများနှင့် ချိတ်ဆက်ထားသော စီးပွားရေး စနစ် ဖြစ်ပေါ် လာမှသာဖြစ်နိုင်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုရှိနေသမျှ ပြည်တွင်းစီးပွားရေးမှာ အိမ်နီးချင်းနိုင်ငံများ၏ ဂုတ် သွေးစုပ် ရင်းနှီးမြုပ်နှံမှုကိုသာ ရရှိမည်ဖြစ်ပြီး အဆိုပါရင်းနှီးမြုပ်နှံမှုများသည် အစိုးရအတွက် ၀င်ငွေရရှိစေကာ အသက်ရှုချောင် စေမည် ဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကိုဆင်းရဲတွင်းမှ ဆွဲမထုတ်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင် တဦးက သုံးသပ် သည်။
“စီးပွားရေးတိုးတက်လာတဲ့ တရုတ်နိုင်ငံကိုပဲကြည့်ကြည့်၊ ဗီယက်နမ်နိုင်ငံကိုပဲကြည့်ကြည့် အမေရိကန်၊ ဥရောပနဲ့ အနောက် နိုင်ငံကြီးတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေလုပ်ရင်း ဖွံ့ဖြိုးတိုးတက်သွားတာ။ ဗီယက်နမ်ဆိုရင် အမေရိကန် စီးပွားရေးပိတ်ဆို့မှု ဖယ်လိုက်တော့မှ စီးပွားရေး ဖွံ့ဖြိုးလာတာ။ မြန်မာနိုင်ငံက သဘာဝသယံဇာတထွက်နေလို့ အိမ်နီးချင်းနိုင်ငံတွေက လာရင်းနှီး မြုပ်နှံရင်တောင် ဒီရင်းနှီးမြုပ်နှံမှုက အစိုးရကိုပဲ အသက်ရှုချောင်စေမှာ၊ တိုင်းပြည် စီးပွားရေးအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးစေတဲ့ အထိ မဖြစ်နိုင်ပါဘူး”ဟု အထည်ချုပ် လုပ်ငန်းရှင်တဦးကလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးရန် ပြည်သူက တောင်းဆိုလျှင် ဖယ်ရှားရေး ဆောင်ရွက်မည် ဖြစ် ကြောင်း၊ သို့သော်လည်းစီးပွားရေး ပိတ်ဆို့မှုများက ပြည်သူကို မည်သို့မည်ပုံ ထိခိုက်စေသည်ဆိုသော ခိုင်လုံတိကျသည့် အထောက် အထားများ ပြသရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုမည် မဟုတ်ဘဲ တောင်းဆို လျှင်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများက ရုပ်သိမ်းပေး မည်မဟုတ်ကြောင်း၊ မြန်မာ့စီးပွားရေးကို အိမ်နီး ချင်း နိုင်ငံများနှင့် ကူးလူးဆက်ဆံ၍ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် များနှင့်တွေ့ဆုံသော သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဆိုထားသည်။
မြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်းမှ ကုမ္ပဏီပိုင်ရှင် တဦးက နိုင်ငံနှင့် ပြည်သူအကျိုး အတွက် တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့် အဖြေရှာခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောနိုင်တယ် ပြောနေပြီ။ အစိုးရဘက်ကလည်း ဒီ အခွင့်အရေးကို အသုံးချပြီး စကားပြောကြရင်၊ တွေ့ဆုံနွေးကြရင် မြန်မာနိုင်ငံ ငါးနှစ်အတွင်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာ မြင်ရ မယ်၊ စကားပြောကြပါ၊ တွေ့ဆုံနွေးကြပါလို့ပဲ အကုန်လုံးကို တိုက်တွန်းချင်တယ်”ဟု ၎င်းက ဆိုသည်။
စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသူ အမျိုးသမီးများအပေါ် အဓမ္မကျင့်မှု၊ နေအိမ်များ အတင်းအကျပ် ရွှေ့ ပြောင်းမှု၊ နိုင်ငံရေး လှုပ်ရှားသူများကို ထောင်သွင်း အကျဉ်းချထားမှု အပါအ၀င် အာဏာ အလွဲသုံးစားပြု၍ ဖိနှိပ်မှုများ ကျူး လွန် နေခြင်းကြောင့် အမေရိကန်၊ ဥရောပ စသည့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ မှုများ ချမှတ် ထား ခြင်း ဖြစ်သည်။Rest of your post
Sunday, November 21, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
- ချေးပေနေသော မြန်မာ့စာပေ စီစစ်ရေး..
- ဖြူသင်ရှင်းသန့် သော ချစ်ခြင်းမေတ္တာ
- နိုင်ငံတော် အစိုးရ၏ လှူသံမကြားရသေး
- ရွေးကောက်ပွဲပြီး ဒီမိုကရေစီ မြေပုံသို့ ဆို တဲ့  စိ...
- နိုင်ငံတော်ကြီးက မကူညီ မထောက်ပံ့တော့ ကိုယ့် အကြံဥာ...
- မေတ္တာ အရင်းခံပါပဲ...
- မယုံပေါင်.. အိုဘားမား ပြောလို့  နဲနဲလေး လေသံပြောင်...
- “ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”
- သားအမိတို့ ၏ ချစ်ခြင်းမေတ္တာ သန့်စင်ပါဘိ မြတ်ပီတိ
- ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်ေ...
- လွှတ်ပေးပါ။ ၂၂၀၀ ဦးသော နိုင်ငံရေးအကျဉ်းသား ( လားရှ...
- မင်္ဂလာပါ ချစ်သော မေမေ..
- ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်...
- လက်နက်ချမလား၊ စစ်တိုက်မလား။
- စလောင်းရှိုလည်း မ ကြည့်ရတဲ့
- U Gambira: “Please continue the peaceful movement
- ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခ...
- ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ...
- NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံး...
- N.Korea engaged in secret operations in Myanmar: L...
- Twitter’s hottest 10 trends of the week ( Daw Suu ...
- U.S. needs to investigate human rights claims
- VOTE for your woman of the year!
- MP to raise question of Burmese refugees on Thaila...
- An iron fist in gold leaf
- In New Jersey, UN Ban Speech Ignores Haiti, Congo ...
- ILO Governing Body concludes discussions on policy...
- Clinton Sends Personal Letter to Suu Kyi
-
▼
November
(423)
No comments:
Post a Comment