(မှတ်ချက်။ ။နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ- ပထမတွဲ မှ ထပ်ဆင့် ကူးယူဖော်ပြ ပါသည်။ စာမျက်နှာ - ၁၀၅။)
(ကုလားထိုင်တွင် ထိုင်နေသော ၀ဲဖက်မှ ပဉ္စမနှင့် ဆဋ္ဌမ ပုဂ္ဂိုလ်ကြီးများမှာ ဒီးဒုတ်ဦးဘချို( ကွယ်လွန်သူ အာဇာနည် ခေါင်းဆောင်ကြီး)
နှင့် သခင်ကိုယ်တော်မှိုင်းဘွဲ့ခံ ဆရာလွန်း တို့ဖြစ်၏။)
(မှတ်ချက်။ ။တို့ဗမာ အစည်းအရုံးသမိုင်း -ပထမတွဲ မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။ စာမျက်နှာ - ၇၆၊၇၇၊ ၇၈၊၇၉၊၈၀၊၈၁။)
နောက်ခံ သမိုင်း- ကိုလိုနီ ပညာရေး
အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီ ပညာရေးသည် ဗမာနိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်အထိ ယင်းတို့အတွက် အခိုင်းအစေ ကျိုးနွံသော မြန်မာ
လူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိက ဖြစ်သည်။
ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီ ခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်
နှင့် ဂျပ်ဆင် (ယခင် ယုဒသန် ကောလိပ်)ကောလိပ်သာရှိ၍ ယင်းတို့မှာ ကလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ်
ကျောင်းခွဲမျှသာ ဖြစ်သည်။ သင်ရိုးညွှန်းတန်းများမှာ ကလကတ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့် အတိုင်း သင်ကြားရသဖြင့် ဗမာ
တက်လူငယ်များနှင့် အံမ၀င် ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများ ကိုလည်း ကလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပ ပြုလုပ်ပေး
သည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်းကလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆို ကြရသည်။
ဝိုင်အမ်ဘီအေက ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြားရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလတ်သော်
ဗမာပြည် အစိုးရသည် ပညာမင်းကြီး မစ္စတာ မက်သယူး ဟန်တား(Mr. Mathew Hunter) ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေ ရေး
ဆွဲရေး ကျွမ်းကျင်သည့် ကော်မတီ တရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင်ဖွဲ့စည်းလိုက်၏။ ကော်မတီဝင် ဦးရေ ၃၀ နီးပါးမျှရှိ၍ ၀ိုင်အမ်ဘီအေ
မှ ၀တ်လုံတော်ရ ဦးမေအောင်၊ ဦးမောင်ကြီး (အမ်အေ)၊ ဦးဘဖေ(ဘီအေ)၊ ဦးကွမ်း (ဘီအေ)ပုသိမ်၊ ဦးဘလှိုင် (ဘီအေ) နှင့် ဦးအမ်
အမ်အုံးခိုင်တို့ ခြောက်ဦးသာပါ၏။
ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ၀ိဇ္ဇာသိပ္ပံ ပညာရပ်များ အားပေးသည့် ကောလိပ်ပေါင်းများစွာ ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ
(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တားဦးဆောင်သော ကော်မတီ အများစုက လက်တွေ့မပါ စာပေပညာ ဆန်သည့် ဘာသာရပ်များကို အဓိက ထားသည့် တခုတည်းသော ကောလိပ် ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန်
တက္ကသိုလ် ဥပဒေ တရပ်ကိုသာ ရေးဆွဲပြီး၊ ၁၉၂၀ ပြည့်နှစ်စက်တင်ဘာလတွင် တင်သွင်း ဥပဒေ ပြုစေခဲ့၏။
ယူနီဘာစီတီဟူ၍ ဗမာနိုင်ငံတွင် ဤတကျောင်းသာ ရှိရမည်ဟူ၍၎င်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ်တကျောင်း သာ ရှိရမည် ဟူ၍၎င်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ်တည်ရာ သည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် ဟု၎င်း စသည့် ကန့်သတ်ချက်များ အပြင်၊ ယူနီဘာစီတီနှင့် ကောလိပ်သို့ ၀င်ရောက်သင်ကြားရမည့် သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်းစားများ သာ ဖြစ်စေရမည်ဟု၎င်း စသော မလိုလားအပ်သည့် ကန့်သတ်ချုပ်ချယ်ချက်ပေါင်းများစွာ ပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။
သို့ဖြစ်လေရာ ယင်းယူနီဘာစီတီ အက်ဥပဒေသည် ငွေကုန်ကြေးကျခံနိုင်သော မြေရှင် ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက် အရာရှိကြီးတို့
၏ အဆက်အနွယ်များ အကျိုးမှ တပါး ဆင်းရဲသား လုပ်စား ကိုင်စားတို့နှင့် မအပ်စပ်သော ဥပဒေ ဖြစ်သည်။ တနှစ်လျှင် အနည်းဆုံးငွေ
၆၀၀ ကျော် သို့မဟုတ် တလလျှင် ပျမ်းမျှငွေ ၅၀ ကျပ်ကျော် မတတ်နိုင်လျှင် တက္ကသိုလ်သို့ မည်သည့်နည်းနှင့်မျှ ချဉ်းကပ် နိုင်မည်
မဟုတ်ပေ။ ထိုခေတ် ထိုအခါ ငွေကြေးစံနှုန်း အရ ငွေ ၆၀၀ ကျပ်ဟူသည် နည်းလှသော အသပြာထုထည် မဟုတ်၊ တလလျှင် ၅၀ ကျပ်
မျှ ရှိနေပေသည်။ ထိုအချိန်က စာရေးကြီး တစ်ယောက် ၏လခသည် ၃၀ ကျပ် ပတ်ဝန်းကျင်မျှသာ ဖြစ်၏။ အစိုးရစာရင်းများအရဆို လျှင် ထိုခေတ်က အလုပ်သမားတဦး၏ အနိမ့်ဆုံး လစာမှာ ၁၂ ကျပ်ဖြစ်၍ အမြင့်ဆုံး လစာမှာ ၇၅ ကျပ်ဖြစ်ပြီး ပျမ်းမျှ ဆိုလျှင်၂၀ ကျပ် ခန့် ဖြစ်ပေသည်။ လက်လုပ်လက်စား နေ့လုပ်နေ့စား အလုပ်ကြမ်းသမားတို့မှာ တနေ့ တမတ်၊ ငါးပဲနှုန်းပင် မှန်မှန်မ၀င်ကြသော အချိန် ဖြစ်သည်။
ထို့ကြောင့်လည်း ဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသည်။ ဆောင်း
ပါးရှင် များစွာတို့ကလည်း ကန့်ကွက် ရေးသားကြသည်။ ကျောင်းသား မိဖများကလည်း မကျေမနပ် ဖြစ်လာကြသည်။
ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ်
ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) သည် ထိုယူနီဘာစီတီ အက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ ဗမာကျောင်းသား
ကြီးများနှင့် ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌာန်းအတည် ပြုလိုက်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမက
မန္တလေး၊မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထုအစည်းအဝေးများခေါ်ကာ ကန့်ကွက် ကြလေသည်။
ကျောင်းသားများ၏ ရှေ့ဦးဆုံး လှုပ်ရှားမှု
ဘုရင်ခံ ကရက်ဒေါက်သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကိုအလေးမမူ ဂရုမစိုက်ပဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်
ထိုယူနီဘာစီတီ အက်ဥပဒေနှင့် အညီ ရန်ကုန်ကောလိပ်အား ယူနီဘာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်လေ
သည်။
သို့ဖြင့် ကောလိပ် ကျောင်းသားများထဲမှ သံတွဲကိုဘဦးကို ခေါင်းဆောင်အဖြစ် တင်မြှောက်ကာ စည်းဝေးကန့်ကွက်လာကြသည်။ ယူနီဘာစီတီအက်ဥပဒေကို မပြင်ဆင်ပဲ ယခုအတိုင်း အတည်ပြုရန် လုပ်ဆောင်ပါကကျောင်းသားနှင့် ပြည်သူတွဲ၍ ရှေ့သို့ တလှမ်းတိုးရလိမ့်မည်ဟု ဆုံးဖြတ်တောင်းဆို လိုက်ကြသည်။ ထိုအခါ မူလကြေညာထားသော ယူနီဘာစီတီ ဖွင့်ပွဲကို ဘုရင်ခံသည် ရက်ပြောင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့သို့ရွေ့လိုက်လေသည်။
၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက် (တန်ဆောင်မုန်းလဆုတ် ၈ ရက်သီပေါဘုရင် ပါတော်မူနေ့) နံနက် ၁၁ နာရီအချိန် ကောလိပ်ကျောင်း
သားကြီး (၁၁) ဦးသည် ရွှေတိဂုံ စေတီတော် အနောက်တောင်ထောင့်(စနေထောင့်) ဗောဓိပင် အရှေ့တွင် လျှို့ဝှက်စုဝေး ဆွေးနွေးပွဲတ ရပ်ကိုရှစ်နာရီမျှ ကြာအောင် ပြုလုပ်၍ အမိနိုင်ငံ၏ ဂုဏ်သိက္ခာ ကယ်တင်ရေးအတွက် ကောလိပ်ကျောင်းသားများ သပိတ်မှောက်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ အဖွဲ့ဝင် (၁၁)ဦးပါ အမြုတေ သပိတ်ကော်မတီကို ဖွဲ့စည်းကြသည်။
၁။ကိုဘဦး (ဘီအေ အထက်တန်း။)
၂။ကိုဘရှင် (ဘီအက်စီ အထက်တန်း။)
၃။ကိုညီပိတ် (ဘီအက်စီ အထက်တန်း။)
၎။ကိုဖိုးကွန်း (ဘီအက်စီ အထက်တန်း။)
၅။ကိုအေး (ဘီအေ အထက်တန်း။)
၆။ကိုလှတင် (ဘီအေ အထက်တန်း။)
၇။ကိုဖေသိန်း (အိုင်အေ အထက်တန်း။)
၈။ကိုထွန်းဝင်း (အိုင်အေ အထက်တန်း။)
၉။ကိုဘရှင် (အိုင်အေ အထက်တန်း။)
၁၀။ကိုဘခင် (အိုင်အေ အထက်တန်း။)
၁၁။ကိုအောင်ဒင် (အိုင်အေ အထက်တန်း။)
ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန် ကောလိပ်မှ ကျောင်းသား ၄၀၀ ကျော်သည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅နာရီတွင် ဗဟန်း
ဦးအရိယကျောင်းတိုက်၌ တက္ကသိုလ် ဥပဒေ တိုက်ဖျက်ရေးအတွက် သပိတ်မှောက်ကြရန် ယေဘုယျအားဖြင့် သဘောမျှကြသော်လည်း
အစိုးရထံ မိမိတို့ လိုအပ်ရာ တောင်းဆို၍ အစိုးရက ငြင်းပယ်သည့်အခါမှ သပိတ်မှောက်ကြရန် သို့မဟုတ် သပိတ်မှောက်ပြီးမှ အစိုးရ
ထံ လိုအပ်ချက်ကို တောင်းဆိုရန် အယူအဆ ကွဲကြ၏။ သို့ရာတွင်သပိတ်မှောက်ပြီးနောက် လိုအပ်ချက်တောင်းရန် ဘက်မှ အများစု
ဖြစ်သဖြင့် အားလုံး သဘောတူ သပိတ်မှောက်ကြမည်ဖြစ်ကြောင်းဆုံးဖြတ်ကြ၏။
နောက်တနေ့ဖြစ်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀
ရက်) တွင် ကျောင်းသားကျောင်းသူများ ထပ်မံစုဝေး၍ ယူနီဘာစီတီ အက်ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့်
သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်လေသည်။
ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူကျောင်းသားများကလည်းနောင်တော် ကောလိပ်ကျောင်းသားကြီးများ၏ သပိတ်တိုက်ပွဲသို့ ထောက် ခံ သည့်အနေဖြင့် ဗဟန်းသပိတ်စခန်းသို့ ချီတက်လာကြသည်။ မြို့လူထု တရပ်လုံးကလည်း မားမားရပ်ကာ ကူညီ ထောက်
ပံ့ကြလေသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ကောလိပ်ကျောင်းသားကြီးများ အစည်းအဝေးမှ နောက်ထပ် (၁၅)ဦး ပါဝင်သော ယူနီဘာစီတီ သပိတ်မှောက်
ကောင်စီ ခေါ် (၂၆)ဦး အဖွဲ့ ဖြစ်၍ လာခဲ့သည်။
၁၂။ကိုလှစိန် -ဥပဒေ ပညာ
၁၃။ကိုဘတင် -ဥပဒေ ပညာ
၁၄။ကိုမြ -ဘီအက်စီ (အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ)
၁၅။ကိုမြင့် (နေရှင်နယ် ဦးမြင့်)
၁၆။ကိုဖိုးကျား -ဘီအေ (ယုဒသန် ကောလိပ်)
၁၇။ကိုစိုးဝင်း -ဘီအေတန်း
၁၈။ကိုဖိုးလတ် -ဘီအေတန်း (ယုဒသန် ကောလိပ်)
၁၉။ကိုထွန်းဖေ -အိုင်အေတန်း
၂၀။ကိုဘဟန် -ဘီအေတန်း
၂၁။ကိုလူဖေ၀င်း -ဘီအေတန်း
၂၂။ကိုဘကျော် -အိုင်အေတန်း
၂၃။ကိုမောင်ကို -ဘီအေတန်း
၂၄။အီးမောင်စိန် -ဘီအေတန်း
၂၅။အင်စီဆင်း -ဘီအေတန်း
၂၆။မစ္စတာဘို့(စ်)
ကောလိပ် အာဏာပိုင်များသည် ကျောင်းသား သပိတ်ကြီး၏အရေးဆိုချက်များကို စဉ်းစားရန်ဝေးစွ၊ ဒီဇင်ဘာ ၂၃ ရက်အတွင်း ကျောင်း
ပြန်မတက်က ကျောင်းမှ နုတ်ပယ်ပစ်မည်ဟု ကြေညာပြန်ရာ သပိတ်မှောက် ကျောင်းသားကြီးများက မိမိတို့၏ အမည်စာရင်း များကို
ကျောင်းသားစာရင်းမှ အပြီးတိုင်ပယ်ထုတ်ပါမည့် အကြောင်းအာဏာပိုင်တို့ထံသို့ စာပြန်ကာ တုန့်ပြန်လိုက်လေသည်။ ဒီဇင်ဘာ၂၉ ရက် နေ့တွင် ဂျီစီဘီအေ အသင်းချုပ်ကြီးက သပိတ်မှောက်ကျောင်းသားများကို အစိုးရ ကျောင်းများနှင့် အစိုးရ အထောက်ပံ့ခံေ ကျာင်း များသို့ ပြန်လည်မတက်ကြရန် တိုက်တွန်း နှိုးဆော်ချက် တစ်ရပ်ထုတ်ပြန် စေခဲ့လေသည်။
တချိန်တည်းမှာပင် အမျိုးသားကျောင်း အမြုတေများကို အမြို့မြို့ရှိ ၀ံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍
တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန်
အခွင့်အရေး ရခဲ့ကြ၏။ အမျိုးသားကောလိပ်ကြီးကိုလည်း စေတနာ့ဝန်ထမ်း ပါမောက္ခဆရာကြီးများ ဖြစ်ကြသော
၁။ဆရာကြီး ဦးလွန်း (မစ္စတာမောင်မှိုင်း)- မြန်မာစာနှင့် သမိုင်း။
၂။ဆရာတော်ဦးညာဏ -ပါဠိ။
၃။မစ္စတာရောင်း (မဟာဝိဇ္ဇာ-၀ါရှင်တန်) -စီးပွားရေးနှင့်နိုင်ငံရေး။
၎။မစ္စတာချင်ဒမ်ဘရာ(ဘာမင်ဂမ်)-စက်မှုလက်မှုနှင့်ကူသန်းရောင်းဝယ်ရေး။
၅။မစ္စတာဘနာဂျီ (မဟာဝိဇ္ဇာ-လန်ဒန်)- ဘောဂဗေဒ။
၆။ဒီးဒုတ်ဦးဘချို -ကထိက … တို့ဖြစ်ကြသည်။
နောက်ဆက်တွဲ … … …
နောက်ပိုင်းတွင် ၀ံသာနု၊ ဂျီစီဘီအေ အသင်းချုပ်ကြီးသည် ဗြိတိသျှအစိုးရ၏ ငါးထောင်စား အုပ်ချုပ်ရေး ရာထူး ဘွဲ့ဖြူလက်နက်နှင့် နိုင်ငံ
ရေး ဖြားယောင်းမြှူဆွယ်ခြင်းကို ကြံ့ခိုင်ညီညွတ်စွာ ခုခံနိုင်စွမ်း မရှိသဖြင့်နယ်ချဲ့ ညွှတ်ကွင်းတွင် အမိခံခဲ့ရသည်။ ဗြိတိသျှ အစိုးရအ ထောက်အပံ့ကို ယူသင့် မယူသင့် အငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့ပြီး အချင်းချင်း ကွဲပြားကြရသည့် အခြေအနေသို့ ပို့ဆောင်ခဲ့လေသည်။
နောက်ဆုံးတွင် အစိုးရကြိုက် အထောက်အပံ့ယူ အမျိုးသားကျောင်းများသာ ဆက်လက် ရပ်တည်နိုင်လျက် အထောက်အပံ့မယူသည့်
အမျိုးသားကျောင်းများမှာ တဖြည်းဖြည်းဖြင့် သုံးနှစ်မျှအကြာ ရပ်စဲဖျက်သိမ်းလိုက်ကြရ၏။ ဤအခြင်းအရာနှင့် စပ်လျဉ်း၍ အမျိုးသား
ကောလိပ်တွင် မြန်မာစာနှင့် သမိုင်း ပါမောက္ခ အဖြစ် စေတနာ့ဝန်ထမ်းလုပ်အားပေးသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကျောင်းသားသပိတ်အား ကြိုဆိုခြင်း၊ ထောက်ခံ အားပေးခြင်း၊ အဆုံးသတ်၌၀မ်းနည်း ပက်လက်ဖြစ်ရခြင်း တည်းဟူသော ခံစားချက် ဖော်ဆောင်ရေးသားခဲ့သည့် ရသမြောက် "ဘွိုင်ကောက်ဋီကာ" ခေါ် လေးချိုအနုစာပေကြီးမှာ နှောင်းခေတ် မြန်မာတက်လူများအဖို့ သင်္ခဏ်းစာထုတ်ယူနိုင်သော စာပေအမွေအနှစ် တခုဖြစ်ခဲ့ပေသည်။
မွေးထုတ်ပေးခြင်း … … …
၁၉၂၀ ပြည်နှစ် ပထမ ကျောင်းသားသပိတ်ကြီးသည် အင်္ဂလိပ်နယ်ချဲ့တို့ လက်အောက်တွင် ဗမာနိုင်ငံ၏ ပထမဆုံး ပညာရေး လှုပ်ရှားမှု
ကြီး ဖြစ်သည်။ တမျိုးသားလုံး၏ ဂုဏ်ကို ဖော်ဆောင်ပေးခဲ့သောကြောင့် နောင်တွင် အမျိုးသားနေ့ဟု ခေါ်ဆိုသတ်မှတ် ခဲ့သည်။
ယင်း အမျိုးသား ပညာရေးလှုပ်ရှားမှုကြီးမှ အစပြု၍ ဗမာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းတလျှောက်တွင် ထင်ရှားကျော်ကြားခဲ့ကြသော ဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ ဆရာကြီး ဒီးဒုတ် ဦးဘချို၊ သခင်ဘသောင်း၊ သခင်မြ၊ သခင်ဖိုးကွန်း (ဗိုလ်ဖိုးကွန်း)၊သခင်ဗဂွမ်း၊ သခင်ထွန်းရွှေ၊သခင်ဗသီး၊ သခင်သာဒင် စသော အမျိုးသားခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။
Pyu State blog November 25, 2008 မှovember 25, 2008
Sunday, November 21, 2010
အမျိုးသားနေ့၏ သမိုင်းစာမျက်နှာများ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
- ချေးပေနေသော မြန်မာ့စာပေ စီစစ်ရေး..
- ဖြူသင်ရှင်းသန့် သော ချစ်ခြင်းမေတ္တာ
- နိုင်ငံတော် အစိုးရ၏ လှူသံမကြားရသေး
- ရွေးကောက်ပွဲပြီး ဒီမိုကရေစီ မြေပုံသို့ ဆို တဲ့  စိ...
- နိုင်ငံတော်ကြီးက မကူညီ မထောက်ပံ့တော့ ကိုယ့် အကြံဥာ...
- မေတ္တာ အရင်းခံပါပဲ...
- မယုံပေါင်.. အိုဘားမား ပြောလို့  နဲနဲလေး လေသံပြောင်...
- “ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”
- သားအမိတို့ ၏ ချစ်ခြင်းမေတ္တာ သန့်စင်ပါဘိ မြတ်ပီတိ
- ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်ေ...
- လွှတ်ပေးပါ။ ၂၂၀၀ ဦးသော နိုင်ငံရေးအကျဉ်းသား ( လားရှ...
- မင်္ဂလာပါ ချစ်သော မေမေ..
- ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်...
- လက်နက်ချမလား၊ စစ်တိုက်မလား။
- စလောင်းရှိုလည်း မ ကြည့်ရတဲ့
- U Gambira: “Please continue the peaceful movement
- ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခ...
- ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ...
- NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံး...
- N.Korea engaged in secret operations in Myanmar: L...
- Twitter’s hottest 10 trends of the week ( Daw Suu ...
- U.S. needs to investigate human rights claims
- VOTE for your woman of the year!
- MP to raise question of Burmese refugees on Thaila...
- An iron fist in gold leaf
- In New Jersey, UN Ban Speech Ignores Haiti, Congo ...
- ILO Governing Body concludes discussions on policy...
- Clinton Sends Personal Letter to Suu Kyi
-
▼
November
(423)
No comments:
Post a Comment