By ဦးရော်နီညိမ်း တနင်္လာ, 15 နိုဝင်ဘာ 2010
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ စနေနေ့ ကတည်းက နိုင်ငံတကာ ခေါင်းဆောင်တွေက သူ့ရဲ့ လွတ်မြောက်မှု အပေါ်မှာ ကြိုဆိုကြသလို ကြေညာချက်တွေ ထုတ်ပြန်ကြ၊ နှုတ်ဆက်ကြတာတွေကို လုပ်နေပါတယ်။ တနင်္လာနေ့က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ကိုယ်တိုင် ဆက်သွယ်ပြီး ဗြိတိန်ပြည်သူ တယောက်ချင်းစီက ပို့သတဲ့ မေတ္တာတွေကို လက်ဆင့်ကမ်းပါတယ်လို့ ပြောပါတယ်။ အခုလိုမျိုး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် ကြိုဆို နှုတ်ဆက်ကြပုံတွေကို ဦးရော်နီညိမ်းက စုစည်း တင်ပြပေးထားပါတယ်။
တနင်္လာနေ့ နေ့လယ်က ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ဗြိတိသျှ ပါလီမန် အောက်လွှတ်တော်မှာ နောက်ဆုံးမတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ခြင်းကို ဗြိတိသျှ ပါလီမန် တရပ်လုံးက ကျနော်နဲ့အတူ ကြိုဆို ဂုဏ်ပြုကြမယ်ဆိုတာ ကျနော် အသေအချာ ပြောရဲပါတယ်လို့ ကြေညာလိုက်တဲ့အခါမှာ ဗြိတိသျှ ပါလီမန် အောက်လွှတ်တော် အမတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ သောသောညံသွားခဲ့ပါတယ်။
သူဟာ တနင်္လာနေ့ မနက်ကပဲ ဒေါ်အောင်ဆန်းစုကြည်ဆီ ဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြုစကား ပြောကြားခဲ့တဲ့အကြောင်း၊ ဗြိတိန်ပြည်သူတွေ အားလုံးရဲ့ တဦးချင်းစီက ပို့သတဲ့ မေတ္တာကို သူက လက်ဆင့်ကမ်း ပေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူပြောပြခဲ့ကြောင်း ၀န်ကြီးချုပ် ကမ်မရွန်းက အောက်လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
မတရားမှုကို ရဲရဲရင့်ရင့် ရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွဲနဲ့ သတ္တိဟာ အများအတွက် အားကျ အတုယူစရာ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကနေ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ရဲ့ လွတ်မြောက်မှုဟာလည်း အသေအချာ ဆက်ပြီး ပေါ်ပေါက်လာဖို့ ကျနော်တို့တတွေ မလွဲမသွေ အလုပ်လုပ်ကြရမယ်၊ မြန်မာပြည်သူလူထုက သူတို့နိုင်ငံရဲ့ ခေါင်းဆောင်ကို သူတို့ကိုယ်တိုင် ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား အားလုံးရဲ့ လွတ်မြောက်မှုဟာ ပထမခြေလှမ်း ဖြစ်တယ်လို့ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ဗြိတိသျှ ပါလီမန် အောက်လွှတ်တော်မှာ တနင်္လာနေ့က ပြောကြားသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့ မြေးဖြစ်ပြီး အခုအခါ တောင်အာဖရိကနိုင်ငံ ဂန္ဒီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ အဖွဲ့ဝင် လူကြီးတဦးလည်းဖြစ်၊ တောင်အာဖရိကနိုင်ငံ ANC ပါတီရဲ့ ပါလီမန် အမတ်ဟောင်းလည်းဖြစ်တဲ့ မစ်စ် အီလာ ဂန္ဒီကလည်း နိုဝင်ဘာလ ၁၅ ရက် နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာကို ချီးကျူး ဂုဏ်ပြုတဲ့စာနဲ့ ဂန္ဒီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ ကြေညာချက် တစောင်တို့ကို တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအုန်းသွင်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးပို့လိုက်ပါတယ်။
ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာကို ကြိုဆိုကြောင်း၊ မြန်မာစစ်အစိုးရရဲ့ အခုလို နှလုံးသား ပျော့ပျောင်းလာမှုကိုလည်း ချီးကျူးပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းသွားရေး ပထမဆုံးခြေလှမ်း ဖြစ်ကြောင်း၊ ဒီပြဿနာတွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းမှု မှန်သမျှကို သူတို့အဖွဲ့က ထောက်ခံပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေ အပြည့်အ၀ ပေးအပ်ဖို့ကိုလည်း ဂန္ဒီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ကမ်းလှမ်းပါကြောင်း ဖော်ပြထားပါတယ်။
မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာကို သြစတြေးလျ ပြည်သူတွေက ထောက်ခံ ကြိုဆိုတဲ့အကြောင်း သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလ်လတ် (Julia Gillard) က သြစတြေးလျ ပါလီမန် လွှတ်တော်ထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က အခုလို ပြောဆိုခဲ့ပါတယ်။
“နေအိမ်အကျယ်ချုပ်ကနေ ပြန်ပြီး လွတ်မြောက်လာတဲ့ သတင်းကို ကြားရလို့ သြစတြေးလျက လူတွေ ပျော်နေကြမှာပါ။ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရနိုင်ဖို့အတွက် လှုပ်ရှားမှုတွေက အဆုံးသတ်သွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း ကျမတို့တတွေ အပြည့်အ၀ နားလည်ထားကြပါတယ်။ ဒီမိုကရေစီနဲ့ တရားမျှတမှုတွေ ရရှိဖို့ ခက်ခက်ခဲခဲ အပြင်းအထန် ကြိုးစားခဲ့ရတဲ့ အသီးအပွင့်တွေကို မြန်မာပြည်သူတွေ တနေ့ တွေ့မြင်ရလိမ့်မယ်လို့ သြစတြေးလျ ပြည်သူတွေနဲ့ အစိုးရက ခိုင်ခိုင်မာမာကို မျှော်လင့်ထားပါတယ်။
“မြန်မာပြည်မှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာအောင် စေ့စပ် ဆွေးနွေးမှုတွေ လုပ်ပါလို့လည်း မြန်မာစစ်အစိုးရကို တိုက်တွန်းပါတယ်။”
အိမ်နီးချင်း အာဆီယံနိုင်ငံ ခေါင်းဆောင်တွေကလည်း ကြေညာချက်တွေ ထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ချီးကျူး ဂုဏ်ပြုစကားတွေ ပြောဆို ဖော်ပြနေကြပါတယ်။ မြန်မာစစ်အစိုးရက နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာကို သူ့အနေနဲ့ ကြိုဆိုကြောင်း ဖိလစ်ပိုင် သမ္မတ ဘီနစ်နို နွိုင်နွိုင် အကီနို (Benigno Noynoy Aquino) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီ အရေးကို ရှေးရှုတဲ့ လမ်းကြောင်းပေါ်က အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ မြန်မာနိုင်ငံမှာ မလွတ်မြောက်သေးကြောင်း ဖိလစ်ပိုင် သမ္မတ မစ္စတာ အကီနိုရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမော သမ္မတ ဂျိုဆေး ရာမို့စ် ဟော်တာ (José Ramos-Horta) ကလည်း စုစုပေါင်း အကျဉ်းကျနှစ်တွေ ၁၅ နှစ် ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို သူ့အနေနဲ့ အလွန်ပဲ ၀မ်းမြောက် ၀မ်းသာ ဖြစ်ရပြီး ဒါဟာ ကောင်းမှုတခုကို မြန်မာစစ်အစိုးရက ပြုလုပ်ခဲ့တယ်လို့ သူက ရှုမြင်ပြီး ဒီအတွက် စစ်အစိုးရကို ချီးကျူးပါကြောင်း ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း လွတ်ချိန်တန်တာထက် ကျော်လွန်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို အင်ဒိုနီးရှား အစိုးရအနေနဲ့ အလွန် အရေးပါတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှု တခုအဖြစ် ပွင့်ပွင့်လင်းလင်း ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
မွန်ဂိုလီးယား သမ္မတ ဆတ်ခီယာ အယ်လ်ဘက်ဂ်ဒေါ်ဂျီ (Tsakhia Elbegdorj) ကလည်း မွန်ဂိုလီးယား ပြည်သူတွေကိုယ်စား ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းအတွက် မနားတမ်း တိုက်ပွဲဝင်သူ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်လည် လွတ်မြောက်လာမှုကို ကြိဆို ဂုဏ်ပြုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီ စာတစောင် ရေးသား ပေးပို့လိုက်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးခဲ့တာဟာ မြန်မာစစ်အစိုးရ အနေနဲ့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ကို ထပ်ပြီး လွှတ်ပေးဖို့ လုပ်ငန်းစဉ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ရှုမြင်ပါကြောင်း Human Rights Watch အဖွဲ့ကြီးက နိုဝင်ဘာလ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။Rest of your post
Tuesday, November 16, 2010
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကမ္ဘာက ဆက်လက် ကြိုဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
- ချေးပေနေသော မြန်မာ့စာပေ စီစစ်ရေး..
- ဖြူသင်ရှင်းသန့် သော ချစ်ခြင်းမေတ္တာ
- နိုင်ငံတော် အစိုးရ၏ လှူသံမကြားရသေး
- ရွေးကောက်ပွဲပြီး ဒီမိုကရေစီ မြေပုံသို့ ဆို တဲ့  စိ...
- နိုင်ငံတော်ကြီးက မကူညီ မထောက်ပံ့တော့ ကိုယ့် အကြံဥာ...
- မေတ္တာ အရင်းခံပါပဲ...
- မယုံပေါင်.. အိုဘားမား ပြောလို့  နဲနဲလေး လေသံပြောင်...
- “ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”
- သားအမိတို့ ၏ ချစ်ခြင်းမေတ္တာ သန့်စင်ပါဘိ မြတ်ပီတိ
- ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်ေ...
- လွှတ်ပေးပါ။ ၂၂၀၀ ဦးသော နိုင်ငံရေးအကျဉ်းသား ( လားရှ...
- မင်္ဂလာပါ ချစ်သော မေမေ..
- ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်...
- လက်နက်ချမလား၊ စစ်တိုက်မလား။
- စလောင်းရှိုလည်း မ ကြည့်ရတဲ့
- U Gambira: “Please continue the peaceful movement
- ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခ...
- ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ...
- NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံး...
- N.Korea engaged in secret operations in Myanmar: L...
- Twitter’s hottest 10 trends of the week ( Daw Suu ...
- U.S. needs to investigate human rights claims
- VOTE for your woman of the year!
- MP to raise question of Burmese refugees on Thaila...
- An iron fist in gold leaf
- In New Jersey, UN Ban Speech Ignores Haiti, Congo ...
- ILO Governing Body concludes discussions on policy...
- Clinton Sends Personal Letter to Suu Kyi
-
▼
November
(423)
No comments:
Post a Comment