By ဦးအောင်ခင် & ညိုညိုလွင် စနေ, 20 နိုဝင်ဘာ 2010
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ ဒီမိုကရေစီ လိုလားသူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်သလို ဗမာစစ် အစိုးရလည်း အကျိုးခံစားရတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ မဲလိမ်မှုနဲ့ မသမာတွေကို အပြည်ပြည်ဆိုင်ရာက ပြစ်တင်ရှုတ်ချနေတုန်းမှာ ဒေါ်စုကို လွှတ်ပေးတဲ့အတွက် မသမာတဲ့ ရွေးကောက်ပွဲကနေ ချက်ချင်းအာရုံ ပြောင်းသွားတာ တွေ့ရပါတယ်။ ဒေါ်စု လွတ်မြောက်တဲ့ သတင်းဟာ မသမာတဲ့ ရွေးကောက်ပွဲသတင်းကို လွှမ်းမိုးသွားပါတယ်။ သရုပ်ပျက် ရွေးကောက်ပွဲကို ကမ္ဘာ့က အာရုံမစိုက်တောဘဲ ဒေါ်စု လွတ်မြောက်တဲ့သတင်းနဲ့ ဒေါ်စုနဲ့ ပြောဆိုချက်တွေကိုသာ အာရုံစိုက်လာတာဟာ စစ်အုပ်စုအတွက် အမြတ်ထွက်တဲ့သဘော ဖြစ်နေ ပါတယ်။
ဒီလိုနဲ့ပဲ မသမာတဲ့ ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံရတဲ့အဖြစ် ရောက်သွားတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ ဒီမို ကရေစီအရေးဟာ ကမ္ဘာ့အရေးလို ဖြစ်သွားရတာလို့ စစ်အုပ်စုက သုံးသပ်ပုံရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ မဆလခေတ် (၂၆) နှစ်မှာ အရပ်သားတွေကို ရာနဲ့ချီပြီး သတ်ဖြတ်တာတွေ ရှိခဲ့ပေမယ့် နိုင်ငံခြားက အရေးမယူတဲ့အပြင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ဗိုလ် ချုပ်မှုးကြီးသန်းရွှေ လက်ထက်ရောက်မှ အမေရိကန်နဲ့ ဥပဒေက ဒဏ်ခတ်အရေးယူနေတာဟာ ဒေါ်စုရဲ့  စနက်ဖြစ်တယ်လို့ စစ်အုပ်စုက ယူဆထားပုံရပါတယ်။
ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခြား အလိုတော်ရိလို့ စွပ်စွဲပြီး ဒေါ်စုမပါတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါမှ စိတ်ကြိုက်နိုင်ငံရေးလုပ်နိုင်မယ်လို့ စစ်အုပ်စုက ယုံကြည်နေပုံ ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း မသေမီ ဗိုလ်ချုပ်မှုးကြီးစောမောင်လက်ထက်ကလည်း အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး ကို NLD ပါတီက ထုတ်ပယ်ပေးရတဲ့အထိ အကြပ်ကိုင်ခဲ့ဖူးပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင် မဆလခေတ်အတိုင်း စစ်ဗိုလ်၊ စစ်ဗိုလ် လူထွက် နဲ့ လက်ပါးစေ အရပ်သား ပူးပေါင်းပြီး စိတ်ကြိုက် အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ နောက်လိုက် တွေက ယူဆထားပုံရပါတယ်။
အသိဥာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ သီလသမာဓိရှိပြီး လူထုထောက်ခံမှုရရှိတဲ့ ဒေါ်စုဟာ ကမ္ဘာ့ခေါင်းဆောင်အဆင့်ကို ရောက်နေတဲ့ အတွက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပါဝင်နိုင်မယ့် အခန်းကဏ္ဍကို ပိတ်ပင်ထားတာဟာ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာက ဖိအားပေးတာကို တုံ့ပြန်တဲ့အနေနဲ့ ဆက်သွယ်ရေး ဝန်ကြီးခန့်ထားတာဟာ သဘာဝ မကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်ကလည်း ဒေါ်စုကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးတာ မဟုတ်တဲ့အတွက် ဒီတခါလည်း တွေ့ဆုံ ဆွေး နွေးဖို့ အလားအလာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ စစ်အုပ်စုဟာ မိမိအာဏာတည်မြဲမှာကို ယုံကြည်စိတ်ချတဲ့အတွက် ဒေါ်စုကို လွှတ်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။ သူတို့ရဲ့  အာဏာ တည်မြဲရေးကို အန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်လာတဲ့အချိန်မှာ ဒေါ်စုကို ဖမ်းဆီးထိန်းသိမ်းဦးမှာ ဖြစ်တယ်လို့ အစဉ်အလာကိုကြည့်ပြီး သုံးသပ်ကြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘဲ အနုနည်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းလိုသူဟာ စစ်အုပ်စုနဲ့ လက်တွဲလုပ်ကိုင်နိုင်ရပါလိမ့်မယ်။ တိုင်းပြည်အတွက် ဘယ်သူနဲ့မဆို လက်တွဲလုပ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ ဒါပေမဲ့ လက်နက်အားကိုးပြီး လူထုကို ဖိနှိပ်တဲ့နည်းနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်း ယုံကြည် လာမှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင် ပြဿနာကြီးမားလာမယ်လို့ စစ်ခေါင်း ဆောင်ပိုင်းက နားလည်သဘောပေါက်မှသာ စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်နိုင်ပါလိမ့်မယ်။ မကျေနပ်လို့ ဆန္ဒပြတဲ့ ပြည်သူလူထုကို ပစ်သတ်နေလို့ ပြဿနာပြေလည်မှာ မဟုတ်ဘူးဆိုတာကို စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာ အာဏာရှင်မှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မယ်။
ဒီလို အခြေအနေ ရောက်လာနိုင်အောင် ကြိုးပမ်းတာကို လက်တွေ့နိုင်ငံရေး လှုပ်ရှားမှုတခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ အထက်က အမိန့် နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နေရာမှာ ဘရာဇီးနိုင်ငံဟာ ထင်ရှားပါတယ်။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတာတဲ့ ရွေး ကောက် ပွဲကျင်းပပြီး ဒီမိုကရေစီအစိုးရ ဖွဲ့စည်းနိုင်တာတောင် အခွင့်ထူးခံလူတစု သြဇာအာဏာရှိနေတုန်းပဲလို့ ဘရာဇီး ပါမောက္ခ ပင်ညဲရိုး က ဆိုပါတယ်။ ဒီမိုကရေစီ အစိုးရ ကျင့်သုံးနေပေမယ့် အာဏာရှင်စနစ်ဟောင်းရဲ့  လောင်းရိပ်အောက်က မထွက်နိုင်တဲ့နေရာတွေ အများကြီး ရှိနေတာကို ထောက်ပြထားပါတယ်။
ဘရားဇီးစစ်အစိုးရဟာ အာဏာကို နည်းနည်းလေးတောင် ခွဲဝေပေးဖို့ စိတ်မကူးတာကြောင့် တဖြည်းဖြည်း တရွေ့ ရွေ့ နဲ့ တိတ်တဆိတ် လုပ်နေရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလိုတောင် ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရပ်သားအဖွဲ့အစည်း NGO တသီးပုဂ္ဂလ အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ရှင်သန်လာတာဟာ ဘရာဇီး ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ လက္ခဏာပဲလို့ ပင်ညဲရိုး က သုံးသပ်ထားပါတယ်။ မြန်မာပြည်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူ့ကွန်ဂရက် ပေါ်ထွက်လာပြီး အရပ်သား အဖွဲ့တွေ ရှင်သန်လာမယ်ဆိုရင်တော့ မျှော်လင့်ချက်တွေ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။
http://www.voanews.com/burmese/
Saturday, November 20, 2010
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗမာစစ်အုပ်စု
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
- ချေးပေနေသော မြန်မာ့စာပေ စီစစ်ရေး..
- ဖြူသင်ရှင်းသန့် သော ချစ်ခြင်းမေတ္တာ
- နိုင်ငံတော် အစိုးရ၏ လှူသံမကြားရသေး
- ရွေးကောက်ပွဲပြီး ဒီမိုကရေစီ မြေပုံသို့ ဆို တဲ့  စိ...
- နိုင်ငံတော်ကြီးက မကူညီ မထောက်ပံ့တော့ ကိုယ့် အကြံဥာ...
- မေတ္တာ အရင်းခံပါပဲ...
- မယုံပေါင်.. အိုဘားမား ပြောလို့  နဲနဲလေး လေသံပြောင်...
- “ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”
- သားအမိတို့ ၏ ချစ်ခြင်းမေတ္တာ သန့်စင်ပါဘိ မြတ်ပီတိ
- ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်ေ...
- လွှတ်ပေးပါ။ ၂၂၀၀ ဦးသော နိုင်ငံရေးအကျဉ်းသား ( လားရှ...
- မင်္ဂလာပါ ချစ်သော မေမေ..
- ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်...
- လက်နက်ချမလား၊ စစ်တိုက်မလား။
- စလောင်းရှိုလည်း မ ကြည့်ရတဲ့
- U Gambira: “Please continue the peaceful movement
- ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခ...
- ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ...
- NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံး...
- N.Korea engaged in secret operations in Myanmar: L...
- Twitter’s hottest 10 trends of the week ( Daw Suu ...
- U.S. needs to investigate human rights claims
- VOTE for your woman of the year!
- MP to raise question of Burmese refugees on Thaila...
- An iron fist in gold leaf
- In New Jersey, UN Ban Speech Ignores Haiti, Congo ...
- ILO Governing Body concludes discussions on policy...
- Clinton Sends Personal Letter to Suu Kyi
-
▼
November
(423)
No comments:
Post a Comment