Monday, November 22, 2010

မလှူနှိုင်ကြတော့တဲ့ ရွှေလူမျိုးများ

ရွှေတိဂုံ စေတီတော် ပရိဝုဏ်အတွင်း လုပ်ပိုင်ခွင့်ပေးထားသည့် ကန်ထရိုက်လုပ်ငန်း အချို့ အရှုံးပေါ်သဖြင့် လုပ်ငန်းပြန်လည် အပ်နှံမှုများရှိလာ
ရွှေတိဂုံစေတီတော် ပရိဝုဏ်အတွင်း လုပ်ငန်းလုပ်ပိုင်ခွင့် ကန်ထရိုက်စနစ်ဖြင့် ပြုလုပ်ခွင့်ပေးထားသော လုပ်ငန်းအချို့မှာ ယခုနှစ်၌ အရှုံးပေါ်မှုများ ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့အရှုံးပေါ်မှုများ ရှိလာခဲ့သဖြင့် လုပ်ငန်းပြန်လည် အပ်နှံလာမှုများ ပြုလုပ်လာကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့ မှူးက ပြောကြားခဲ့ပါသည်။

ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်း လုပ်ပိုင်ခွင့်ပေးထားသည့် လုပ်ငန်း များမှာ ဓာတ်ပုံလုပ်ငန်း၊ ယာဉ်ဝင် ခွင့်လုပ်ငန်း၊ ရွှေဆိုင်းလုပ်ငန်း၊ သန့်စင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ လက်ဆောင် အရောင်းလုပ်ငန်း၊ ပန်းအရောင်းလုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ နိဗ္ဗာန်ကုန်လုပ်ငန်း၊ အုန်းငှက်ပျောလုပ်ငန်း၊ လိပ်စာငါးစာလုပ်ငန်း၊ ထီးကားလုပ်ငန်း၊ ကုန်မျိုးစုံ လုပ်ငန်း၊ အုန်းသီးထန်းသီး လုပ်ငန်း စသည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး အဖွဲ့မှူးဦးဝင်းကြိုင်က "ပြီး ခဲ့တဲ့နှစ်က ကန်ထရိုက် ၁၄ မျိုးထဲ ကနေ ရရှိခဲ့တဲ့ အလှူငွေ ပမာဏက ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ရရှိခဲ့ ပါတယ်။ အဲဒီလုပ်ငန်းတွေထဲကနေ အခုနှစ်မှာအရှုံးပေါ်လို့ လုပ်ငန်းပြန်အပ်ခဲ့ရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းကတော့ အရှေ့က ကားဝင်းလုပ်ငန်းနဲ့ ဖိနပ်လုပ်ငန်းတို့မှ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့ပါ သည်။
ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဆက်လက်၍ "ဒီလိုမျိုး အရှုံးပေါ်ခဲ့ရင် နောက်လုပ်မယ့်လူကို ကန်ထရိုက် အောင်မြင်ထားတဲ့ ငွေပမာဏထက်လျှော့ပြီးတော့ ပြန်လည် လုပ်ပိုင်ခွင့်ပေးပါတယ်"ဟု သုံးသပ်ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်က ရွှေတိဂုံစေတီတော်ပရိဝုဏ်အတွင်း လုပ်ကိုင်ခွင့်ရသည့် ကန်ထရိုက်လုပ်ငန်း ၁၄ မျိုးမှရရှိခဲ့သည့် အလှူငွေမှာ ကျပ် ၇၉၇၅ သိန်းဖြစ်ပြီး အများဆုံး ကန်ထရိုက် အောင်မြင်ခဲ့သည့် လုပ်ငန်းမှာ ရွှေဆိုင်းလုပ်ငန်းဖြစ်၍ ကျပ် ၂၁၄၂ သိန်းဖြင့် ရရှိခဲ့ကြောင်း သိရှိရသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=5979:2010-11-21-08-16-01&catid=43:2009-11-10-07-39-09&Itemid=111

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်