အင်တာဗျုး ဗျူးတိုင်းကောင်းတယ်ထင်တဲ့ သူရူးတွေ အတွက်..ဖတ်ရန်ပါ
နိုင်ငံရေးသတင်းတွေ ဘယ်လိုရေးကြမှာလဲ(Written by လူထုစိန်ဝင်း )
Written by လူထုစိန်ဝင်း
လတ်တလောကာလမှာ ဘယ်ဂျာနယ်ပဲလှန်လိုက်လှန်လိုက် မှတ်ပုံတင်လျောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းသတင်းတွေ နဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အသားပေး ဖော်ပြထားကြတာကို တွေ့ရတယ်။
မင်းသားမင်းသမီးအင်တာဗျူးသလို
နိုင်ငံရေးပါတီတွေအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ရွေးကောက်ပွဲ အကြောင်း ဒီခေတ်လူငယ်ဂျာနယ်လစ်လေးတွေက ဖတ်ဖူး ရေးဖူး ကြ တာ မဟုတ်လေတော့ သူတို့မေးတဲ့ရေးတဲ့ ပုံစံတွေက ရုပ်ရှင်မင်းသား မင်းသမီးတွေကို အင်တာဗျူးလုပ်ပြီး ရေးတာတွေဖတ်ရသလို ဖြစ်နေတယ်။ ပါတီတစ်ခုအကြောင်း ဂျာနယ်တစ်မျက်နှာလောက်တော့ ရေးထားတာပဲ။ ဒါပေမယ့် အဲဒီပါတီနဲ့ပတ်သက်ပြီး သိသင့် သိ ထိုက် တဲ့အကြောင်း အရာတွေတော့ ဘာမှမသိလိုက်ရဘူး။ မင်းသား မင်းသမီးတွေ မော်ဒယ်တွေကို ကြော်ငြာပေးတာနဲ့ ဘာမှသိပ်မ ကွာခြားလှပါဘူး။ ပေါ့ရွှတ်ရွှတ်နဲ့ အနှစ်သာရမပါဘူး။
အသုံးချမခံရဘူး
သတင်းသမားဆိုတာ ဘယ်သူ့ အသုံးချခံလက်ကိုင်တုတ်မှ မဖြစ်ရဘူးဆိုတဲ့အကြောင်း ကြိမ်ဖန်များစွာ ရေးဖူးပါတယ်။ နိုင်ငံရေးသမားတို့၊ စီးပွားရေးသမားတို့ ဆိုတာကတော့ သူတို့အကြောင်းကောင်းတာခဏခဏ ရေးပေးဖို့ သတင်းသမားများကို ပုံစံ အမျိုးမျိုးနဲ့ သိမ်းသွင်းကြမြဲဖြစ်ပါ တယ်။ သူတို့အလုပ် သူတို့လုပ်တာဖြစ်တယ်။ အပြစ်ပြောလို့ မရဘူး။ သူတို့လိုပဲ သတင်းသမားကလည်း သူ့အလုပ် သူလုပ်ရမှာ ဖြစ်တယ်။ သတင်းသမားရဲ့အလုပ်က သတင်းပေးဖို့ဖြစ်တယ်။ စာဖတ်ပရိသတ် ပြည်သူလူထုသိချင်တဲ့၊ သိသင့် သိထိုက်တဲ့ အကြောင်းကိစ္စမှန်သမျှကို အမှန်ဆုံးနဲ့အမြန်ဆုံး ရှာဖွေတင်ပြပေးဖို့ဖြစ်တယ်။ သတင်းသမားဆိုတာ နိုင်ငံရေးသမား မဟုတ် ဘူး၊ မင်းဆရာပုရောဟိတ်မဟုတ်ဘူး၊ ကြားပွဲစားလည်းမဟုတ်ဘူး။
သတင်းသမားရဲ့အလုပ်က သတင်းပေးဖို့ဖြစ်တယ်။ စာဖတ်ပရိသတ် ပြည်သူလူထုသိချင်တဲ့၊ သိသင့်သိထိုက်တဲ့ အကြောင်းကိစ္စမှန် သမျှ ကို အမှန်ဆုံးနဲ့အမြန်ဆုံး ရှာဖွေတင်ပြပေးဖို့ဖြစ်တယ်။ သတင်းသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ဘူး
အခမဲ့ကြော်ငြာပေး
သတင်းသမားက ဘယ်သူ့ အတွက်မှ ၀ါဒဖြန့်မပေးရဘူး။ ဘယ်သူ့ကိုမှ စင်တင်ပေးဖို့လည်း မလိုဘူး။ ပေါင်းကူးဆက်သွယ်ပေးတယ် ဆိုပြီး ကြားပွဲလည်း မလုပ်ရဘူး။ လူငယ်တွေက ဒါကိုနားမလည်တော့ မရည်ရွယ်ပါဘဲနဲ့ နိုင်ငံရေးသမားတွေရဲ့ ကြော်ငြာကို အခမဲ့ဝါဒ ဖြန်ချိပေးသလို ဖြစ်နေကြတယ်။ နိုင်ငံရေးပါတီတွေရဲ့အသုံးချခံ ဖြစ်သွားတယ်။ ဂျာနယ်တွေမှာ ဖတ်ရတဲ့ ''ပါတီရဲ့ မူဝါဒလမ်းစဉ်က ဘာပါလဲ''ဆိုတဲ့ မေးခွန်းဟာ အင်မတန်မှကို ညံ့ဖျင်းတဲ့မေးခွန်းဖြစ်တယ်။ ဒီခေတ်မှာ ဘယ်ပါတီသွားမေးမေး ဒီမိုကရေစီနိုင်ငံ တည် ဆောက်ဖို့ ဆိုတဲ့အဖြေကိုပဲ ပေးကြမှာချည်းပဲ။ ဆိုရှယ်လစ်၊ ဆိုရှယ်လစ်နဲ့ အကျယ်လောင်ဆုံးအော်ခဲ့တဲ့ သူတွေကလည်း ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီစကားပဲ ပြောနေကြတာ ကြား နေရတာပဲမဟုတ်ဘူးလား။
အမေးမတတ်ရင် ဘာမှမရဘူး
အမေးမတတ်တော့ ဘာမှမရလိုက်ဘူး။ တကယ်မေးရမှာက စီးပွားရေးသမားကုန်သည်ပွဲစားက ဈေးကွက်ကို သူ့စိတ်ကြိုက်ဝယ်လို အားနဲ့ရောင်းလိုအားအလိုက် ဖန်တီးခွင့်ပေးတဲ့စနစ်မျိုး ကျင့်သုံးမှာလား၊ အစိုးရက စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်မယ့်စနစ်မျိုးကျင့်သုံးမှာလား ဆိုတာဖြစ်တယ်။ ဒီလိုမေးမှ ဒီပါတီရဲ့ စီးပွားရးမူဝါဒဟာ ဘာလဲဆိုတာ သိရမှာဖြစ် တယ်။ အလားတူပဲ ပညာရေးစနစ်ဆိုရင်လည်း မသင်မနေရပညာရေးကို ဘယ်အတန်းထိ သတ်မှတ်မှာလဲ၊ စကင်ဒီနေးဗီးယားနိုင်ငံ တွေလို သူငယ်တန်းက တက္ကသိုလ်အထိ လုံးဝ အခမဲ့ပညာရေးစနစ် ကျင့်သုံးမှာလား၊ အမေရိကန်လို အစိုးရက တချို့တစ်ဝက်စိုက်၊ ကျန်တာကိုယ့်ဟာကိုယ် ကျောင်းလခပေးဆိုတဲ့ စနစ်ကျင့်သုံးမှာလား။
မေးတတ်မှ အတိမ်အနက်သိ
ကျန်းမာရေးမူဝါဒကရော ရှေးရှေးတုန်းကလို အားလုံးနိုင်ငံတော်က တာဝန်ယူပြီး ထမင်းလည်းကျွေး၊ ဆေးလည်းကုပေးတဲ့ စနစ်ကျင့် သုံးမှာလား၊ အခုလက်ရှိကျင့်သုံးနေတဲ့ စရိတ်မျှပေးစနစ်ကျင့်သုံးမှာလား၊ လျှပ်စစ်မီးမှန်မှန်မရတဲ့ကိစ္စ ဘယ်လို ဖြေရှင်းပေးမှာလဲ၊ တိုင်းပြည်ရဲ့ သယံဇာတဖြစ်တဲ့ ရေနံဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်တွေကို ဘယ်လိုအသုံးချမှာလဲ၊ သစ်တောပြုန်းတီးမှုနဲ့ မြစ်ချောင်းအင်း အိုင်တွေ တိမ်လာကောလာမှုကို ဘယ်လိုတားဆီးမှာလဲ စတဲ့မေးခွန်းတွေကို မေးလိုက်မှ အဲဒီ ပါတီတွေရဲ့ အတိမ်အနက်ကို အသေအချာ သိနိုင်မှာ ဖြစ်တယ်။
လူအကြောင်းသိဖို့လို
ပါတီတွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိအောင်မေးပြီးတဲ့အခါ၊ လူတွေအကြောင်းကိုလည်း စာဖတ်ပရိသတ်ပြည်သူလူထုသိအောင် လုပ်ပေးဖို့ လိုသေးတယ်။ သူတို့တစ်တွေရဲ့ (CV) ''စီဗီ'' လို့ခေါ်တဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြရုံလောက်နဲ့တော့ သူတို့ကိုဘယ်သူမှ သိမှာမဟုတ်ဘူး။ အဲဒီတော့ သူတို့ဟာ ဘယ်အရပ် ဘယ်ဒေသကလာတယ်၊ ဘာအလုပ် လုပ်တယ်၊ ပညာအရည်အချင်းဘယ် လောက် ရှိတယ်၊ နိုင်ငံရေးလုပ်ဖူး ကိုင်ဖူးတဲ့အတွေ့အကြုံဘယ်လောက် ရှိတယ်၊ ဘာကိုယုံကြည်ပြီး ဘယ် ပါတီတွေမှာ ပါဝင်ဖူးတယ် ဆိုတာ တွေကို ပြည့်ပြည့်စုံစုံမေးမြန်းပြီး ရေးသားဖော်ပြဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ နောက်ခံသမိုင်းကြောင်းက အဲဒီလူ ဘယ်လို လူစားဖြစ်တယ်ဆိုတာ ကောင်းကောင်းညွှန်ပြနိုင်ပါတယ်။
လမ်းမတော်ဖိုးတုတ်လိုလူ
ဘယ်သူမဆို ပါးစပ်နဲ့ကတော့ စေတနာထားတတ်တာချည်းပါပဲ။ တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ သူ့လုပ်ရပ်တွေကိုကြည့်ပြီးမှ ပြော နိုင်တယ်။ တိုင်းကျိုးပြည်ကျိုးဆောင်မယ့် နိုင်ငံရေးသမားဆိုတာ ပါးစပ်အကျိုးပြု (Lip Service) လုပ်နေရုံနဲ့ မပြီးဘူး။ လက်တွေ့ လုပ်ပြ ရတယ်။ ရိုးသားဖြောင့်မတ်ရတယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဗလောင်းဗလဲ လုပ်လို့မရဘူး။ ခိုင်မြဲတည်ကြည်ရတယ်။ သိက္ခာကို ရိက္ခာနဲ့မလဲရဘူး။ ရာသီဥတုကိုလိုက်ပြီး အရောင်ပြောင်းတဲ့ ပုတ်သင်ညိုမဖြစ်ရဘူး။ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်မာမာရပ်တည်တဲ့သူ (Man Of Principle) ဖြစ်ရမယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်ပိုင်းမှာ နူးညံ့သိမ်မွေ့ရမယ်။ ပျော့ပျောင်းမှု ရှိရမယ်။ အစည်းအဝေးမှာ ငြင်းခုန်ရင်းနဲ့ တစ်ဖက်သားကို 'လက်သီးနဲ့ ထထိုးလိုက်ရ'လို့ ကြိမ်းမောင်းတတ် သူဟာ နိုင်ငံရေးသမားကောင်း မဟုတ်ဘူး။ လမ်းမတော်ဖိုးတုတ်လို လူမိုက်ပဲလုပ်သင့်သူ ဖြစ်တယ်။
၁၀ မျက်နှာကို ၁၀ ကြောင်းနဲ့ရေးတတ်ရမယ်
နိုင်ငံရေးသတင်းထောက်ဆိုတာ ပါတီတွေဆီသွား၊ သူတို့ပေးတဲ့ ကြေညာချက်လက်ကမ်းစာစောင်ကိုယူ၊ သူတို့ပြောတာကို ကက်ဆက်နဲ့ အသံသွင်းယူပြီး 'ဤ၊ သည်'မလွဲ အတိအကျပြန်ရေးတဲ့သူမဟုတ်ဘူး။ အဲဒီပြန်ရေးတဲ့သူဟာ ကြော်ငြာသမားပဲ ဖြစ်နိုင်တယ်။ သတင်း ထောက် မဖြစ်နိုင်ဘူး။ သတင်းထောက်ဆိုတာက ၁၀ မျက်နှာလောက်ရှိတဲ့ ကြေညာချက်ကြီးတစ်ခုကို စာကြောင်း ၁၀ ကြောင်းလောက်နဲ့ 'လိုတိုရှင်း' ရေးတတ်ရမယ်။ နှစ်နာရီ၊ သုံးနာရီ ကြာအောင် ပြောသွားတဲ့ စကားတွေ ကိုလည်း လိုရင်းကို ထုတ်ပြီး ၁၀ ကြောင်း၊ ၁၅ ကြောင်းနဲ့ သတင်းဖြစ်အောင် ရေးတတ်ရတယ်။အင်တာဗျူးလုပ်ရာမှာ သူ့စကားကိုပြင်မရေးရဘူး။ သူမပြောတာကို ထပ်ဖြည့်မရေးရဘူး။ ဒါပေမယ့် ကြိုက်သလို ဖြုတ်နိုင်တယ်၊ တည်းနိုင်တယ်။ 'ဤ၊ သည်'မလွဲ လုံးစေ့ပတ်စေ့ ပြန်ရေးဖို့ မလိုဘူး။ အပြည့်အစုံထည့်ပေးပါမယ်ဆိုတဲ့ ကတိမျိုး ဘယ်သူ့ကိုမှ ဘယ်အချိန် အခါမှ မပေးရပါဘူး။ ရေးတာကိုပြဖို့မလိုဘူး
တချို့က အင်တာဗျူးလုပ်ထားတာကို ပြန်ရေးပြီးတဲ့အခါ စာစောင်ထဲမထည့်မီ သူတို့ကိုပြ၊ အတည်ပြုချက်ယူပြီးမှ ထည့်ပါလို့ ပြောပြ လေ့ရှိတယ်။ ဒါဟာ သတင်းထောက်ကို မယုံဘူးလို့ ပြောလိုက်တာနဲ့အတူတူပဲ။ အကြီးမားဆုံးသတင်းထောက်သိက္ခာ ကို စော်ကားမှုဖြစ် တယ်။ သတင်းထောက်ဟာ သူရေးတဲ့ သတင်းကို သူ့အယ်ဒီတာကလွဲပြီး ဘယ်သူ့ကိုမှ ပြဖို့မလိုပါဘူး။ အင်တာဗျူးခံရမယ့် သူက သတင်း ထောက်ကို၊ ဒါမှမဟုတ် သူ့စာစောင်ကို စိတ်မချရင် အစကတည်းက အင်တာဗျူးမပေးဘဲ ငြင်းနိုင်ပါတယ်။ ပြန်ပြပါဦးဆိုတာ က ''ခင်ဗျားတို့ကိုမယုံလို့ စစ်ဆေးဦးမယ်'' ဆိုတာနဲ့ သဘောချင်းအတူတူပါပဲ။
လံကြုတ်အင်တာဗျူးတွေ
မယုံတာ၊ စိတ်မချတာဟာ ကိုယ့်ဘက်က သမိုင်းမလှခဲ့လို့ဖြစ်တာမျိုးလည်း ရှိတတ်တယ်။ တချို့က အထူးသဖြင့်ပေါ့ပ်သတင်းလောကမှာ မင်းသမီးကိုသွားမမေးဘဲနဲ့ ကိုယ့်ဟာကိုယ် စိတ်ကူးနဲ့လျှောက်ရေးတယ် ဆိုတာမျိုးတွေ မကြာခဏကြားရလေ့ ရှိတယ်။ တချို့ကျတော့ ရိုက်ကွင်းတစ်ခုမှာ ပြုံးပြနှုတ်ဆက်ပြီး ''နေကောင်းရဲ့လား''လို့ မင်းသမီးကို မင်းသားကို နှုတ်ဆက်လိုက်ရတာကို ပုံကြီးချဲ့ ပြီး 'လံ ကြုတ်'အင်တာဗျူး တွေ ဖန်တီးတယ်ဆိုတာမျိုးလည်း တွေ့ဖူးတယ်။ အဲဒါမျိုးတွေ မကြာ ခဏကြားရကြုံရလို့သတင်းထောက် ကိုမ ယုံတာဖြစ်တယ်။ တစ်ဖက်သားက ကိုယ့်ကိုယုံကြည်စိတ်ချစေချင်တယ်၊ လေးစားစေချင်တယ်ဆိုရင် သတင်းသမားတွေကလည်း ယုံကြည်စိတ်ချအောင်၊ လေးစားအောင် နေကြလုပ်ကြဖို့ လိုပါတယ်။ယုံကြည်စိတ်ချမှုနဲ့ လေးစားမှု ဆိုတာ ငွေပေးဝယ်လို့ မရသလို အတင်း အကျပ်လုပ်ယူလို့လည်း မရပါဘူး။ လက်တွေ့အလုပ်နဲ့ သက်သေပြဖို့ လိုအပ်တယ်။ "Actions Speak Louder Than Words" ဆိုတဲ့ စကားအရှိသား မဟုတ်လား။
http://www.first-11.com/ မှ
Thursday, April 22, 2010
နွားကျောင်းသားရဲ့ အမေး အဖြေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
1 comment:
ဖတ်ရင်းဖတ်ရင်း သတင်းသမားရဲ့ တန်ဖိုးနဲ့ ပြည်သူကိုအကျိုးပြုနိုင်ပုံတွေ သိလာရတယ်၊ ကျေးဇူးတင်လိုက်တာဗျာ၊ ဆရာကြီး သက်ရှည်ကျမ္မာစွာ ဆုံးမနိုင်ပါစေဦး
Post a Comment