အလင်းမဲ့ဘဝ အမည်ရှိ ပညာရေးစစ်တမ်း အစီရင်ခံစာထုတ်ဝေ
Education Publication Report
Tuesday, 20 April 2010 14:41 ရိုးမ ၃ .စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် နိမ့်ကျလာသော တအောင်းဒေသရှိ ပညာရေးအခြေအနေအား စစ်တမ်းကောက်ယူဖော်ပြထားသည့် အလင်းမဲ့ဘဝ အမည်ရှိ အစီရင်ခံစာကို တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက ယနေ့ထုတ်ဝေခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆမ်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်များမှ ကျေးရွာပေါင်း ၆၁ ရွာတွင် လူပေါင်း ၁၇၅ ဦးအား အသေးစိတ်မေးမြန်းထားမှုကို အခြေခံရေးသားထားခြင်းဖြစ်ကြောင်း တအောင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး ပညာရေးဌာန တာဝန်ခံ မိုင်းမောဝ်ဒါင်းက ပြောသည်။
အစီရင်ခံစာထုတ်ဝေမှု သတင်းစာရှင်းလင်းပွဲ (ဓါတ်ပုံ- ရိုးမ ၃)
အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ “နအဖရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ်မှုအောက်မှာ ပညာရေးအခြေအနေ ဆိုးရွားနေမှု၊ အဲဒါကြောင့် ပလောင်လူမျိုးတွေရဲ့ အနာဂါတ်ဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ အဖက်ဖက်က နိမ့်ကျတဲ့ လူနေမှုဘဝတွေကို ဘယ်လောက်ထိ ချိုးနှိမ်ခံရသလဲ၊ အဲလိုဘဲ တခြားဒေသတွေမှာလဲ ဖြစ်နေတယ်ဆိုတာ မီးမောင်းထိုးပြချင်လို့ အခုလိုထုတ်ဝေတာဖြစ်တယ်” ဟု ပြောသည်။
ယင်းအစီရင်ခံကို ၂၀၀၆ ခုနှစ်မှ စတင်၍ သတင်းစုဆောင်းသုတေသနပြုလုပ်ထားခြင်းဖြစ်ပြီး တအောင်းဒေသတွင်း အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုနည်းပါးခြင်းကြောင့် ကလေးငယ်များ အရွယ်မရောက်ခင် ကျောင်းထွက်၍ လုပ်ငန်းခွင်များသို့ ရောက်နေခြင်း၊ ကလေးစစ်သားများအဖြစ် စုဆောင်းခံရခြင်း၊ လူကုန်ကူးခံရခြင်းများအပါအဝင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ခံနေရကြောင်း ဖော်ပြထားသည်။
“ကျနော်တို့ စကောက်စဉ် ၂၀၀၆ တုန်းက သုံးသပ်ထားတာက ကျောင်းတက်နိုင်တဲ့ကလေးတွေ ၇၅ ရာခိုင်နှုန်း လောက်ရှိတယ်။ တဖြည်းဖြည်း ၂၀၀၉ မှာ ၅၅ ရာခိုင်နှုန်း လောက်ဘဲရှိတော့တယ်၊ ကျောင်းသားတွေ ကျောင်းတက်နှုန်း လျော့ကျလာတာက ၂၀၀၄ လောက်က ၂ သောင်းလောက်ရှိတယ်၊ အဲဒီနောက် လျော့ကျသွားတာ ၉ ထောင်လောက်ဘဲကျန်တယ်၊ ၂၀၀၉/၁၀ မှာ ၇ ထောင်လောက်ဘဲ ကျန်တော့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုသည် မြို့နယ်သုံးခုအတွင်း လူဦးရေ ၇ သိန်းကျော်ကို ခြုံငုံမိပြီး အဓိကအားဖြင့် ကျေးလက်များတွင် ကောက်ခံခဲ့ခြင်းဖြစ်သည်။
ပညာရေးစနစ်နိမ့်ကျလာမှုနှင့်ပတ်သက်၍ “အဓိက အကြောင်းရင်းက ၂ ခုရှိတယ်၊ လက်ရှိစစ်အစိုးရရဲ့ လွဲမှားနေတဲ့ စီမံခန့်ခွဲမှုနဲ့သင်ရိုးညွှန်တန်းအတိုင်း သင်ကြားရခြင်းကြောင့်ဖြစ်တယ်၊ နောက်တခုက ကျောင်းသူ ကျောင်းသားတွေကို အတန်းအောင်ပေးတာတွေရှိတယ်၊ အဲလိုဆိုတော့ ၁၀ တန်းရောက်တဲ့အချိန်မှာ အများကြီးအခက်အခဲတွေဖြစ်ကြတယ်၊ အခြေခံမရှိတော့ အခုလိုဖြစ်ရတာဖြစ်တာတွေကြောင့်” ဟု မိုင်းမောဝ်းဒါးက ထောက်ပြပြောဆိုသည်။
ထို့အပြင် တအောဝ်းဒေသတွင် အစိုးရကျောင်းများနှင့် ကျေးရွာကိုယ်ထူကိုယ်ထကျောင်းများ ကွာခြားမှုများရှိနေကြာင်း ကျေးရွာကော်မတီခန့် ဆရာမတဦးဖြစ်ခဲ့သူ လိုည်းပိုးညှိုဝ်းက ပြောသည်။
“ကျောင်းဆို ကိုယ်ထူကိုယ်ထ၊ ကျောင်းသုံးပစ္စည်းကိရိယာဆိုလည်း ရပ်ရွာထဲက ငွေကြေးကောက်ခံပြီးသုံးရတာ၊ အစိုးရက ထောက်ပံ့ပေးတာမရှိဘူး၊ သူငယ်တန်းကနေ လေးတန်းအထိ ကျမတယောက်တည်းသင်ရတာ၊ သင်ရိုးညွှန်းတန်းက မြန်မာပြည်မှ ချမှတ်ထားတဲ့အတိုင်းသုံးရတာဘဲ၊ ကျမတို့ကျတော့ အစိမ်းသက်သက် လုပ်ရတော့ စာသင်ပုံသင်နည်းကွာခြားချက်ရှိတယ်” ဟုပြောသည်။
စစ်အစိုးရချမှတ်ထားသည့် သင်ရိုးညွှန်းတန်းအတိုင်းသင်ကြားရခြင်းကြောင့် ကလေးငယ်များ၏ ကိုယ်ပိုင်စဉ်းစားတွေခေါ်နိုင်မှုများကျဆင်းလာပြီး ၎င်းတို့ရိုက်သွင်းထားသည့်အတိုင်း မှတ်သားရသည့် အတွက် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှုပါ နည်းပါလာကြောင်း ၎င်းက ပြောသည်။
http://www.yoma3.org/index.php?option=com_content&view=article&id=529:2010-04-20-07-46-47&catid=41:2008-09-21-07-44-45&Itemid=124http://bmta05.wordpress.com/2010/04/20/lightless-lifeeducational-publication-report/မှ
Tuesday, April 20, 2010
အလင်းမဲ့သော ဘဝများ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
No comments:
Post a Comment