Summary
မိုးမခ ဧပြီ ၂၀၊ ၂၀၁၀
အန်အယ်ဒီပါတီ၏ ပါတီခေါင်းဆောင်နှင့် ၀ါရင့်စာနယ်ဇင်းဆရာကြီးတဦးဖြစ်သူ ဆရာဦးဝင်းတင်က ဧပြီ ၁၅ ဗုံးပေါက်ကွဲမှုနှင့် ထိုနေ့က စာပေအနုပညာသမားများကို ဖမ်းဆီးထိန်းသိမ်းခြင်းတို့အပေါ် ၎င်းသဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဧပြီလ ၁၅ - သင်္ကြန်အကြပ်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်း ရေပက်မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲပြီး လူအများ သေကျေ ဒဏ်ရာရသည့် အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် ရှုပ်ထွေးသော တုန့်ပြန်မှုများ၊ ပြောဆိုဝေဖန်မှုများ ဖြစ်ပေါ်နေခဲ့ပါတယ်။
စစ်အစိုးရသတင်းစာများ၏ ဆောင်းပါးများကတဆင့် တရားခံများအဖြစ် စွတ်စွဲချက်များကို ကြည့်ပါက ပြည်တွင်းမှရွေးကောက် ပွဲမ၀င်ရသူများ၊ ပြည်ပ အဖွဲ့အစည်းများက လုပ်ကြံ တိုက်ခိုက်ကြတာလို့ စွတ်စွဲချက်များ ဖြစ်နေပါတယ်။ ဒါ့အပြင် လက်ရှိစစ်အစိုးရကို အမြင်မကြည်လင်သူ မွေးနေ့စာအုပ်ထုတ်ဝေသူ “လူကြီး” တဦးကလည်း စစ်အစိုးရကို အမိုက်ရိုင်းဆုံး ပြောနေတယ်လို့ ရေးသားထား တာတွေကို တွေ့နေရပါတယ်။
အဲသည်အချက်တွေကြောင့် ဆရာဦးဝင်းတင်ကို အဆိုပါ အရေးအခင်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့သဘောထားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဆရာဦးဝင်းတင်က ပြန်လည်ဖြေကြားရာမှာ -
“အင်န်အယ်ဒီပါတီမှာ အကြမ်းဖက်လုပ်ငန်းလုပ်ရပ်တွေအတွက် အစဉ်အလာ မရှိဘူး။ အခုတလောက မီဒီယာတွေက မေးလာတဲ့အခါမှာ ပြောခဲ့တဲ့ အချက်တွေပဲ ပြန်ပြီး ပြောပြပါ့မယ်။ အင်န်အယ်ဒီမှာ အခုလိုမျိုး အကြမ်းဖက်သမားတွေ မရှိဘူး။ ပါတီရဲ့ မူဝါဒမှာလည်းလဲ အကြမ်းဖက်ရေး မပါဝင်ဘူး။ ပါတီအဖြစ် ရပ်တည်နေစဉ်မှာကော၊ ပါတီတရပ် မဟုတ်တော့သည့်နောက်ပိုင်းမှာကော - “အင်န်အယ်ဒီ” ဆိုတာ အကြမ်းဖက်လမ်းစဉ်ကို မကိုင်စွဲဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးရ တာအတွက်လည်း ၀မ်နည်းရပါတယ်။ အများပြည်သူတွေနဲ့အတူ စိတ်မကောင်းဖြစ်ကြရပါတယ်။
နောက်အရေးကြီးတဲ့ အချက်ကတော့ - လက်ရှိစစ်အစိုးရမှာ အများပြည်သူရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ တရားမျှတတဲ့ ဥပဒေနဲအညီ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲသည်လိုအချိန်မှာ ပြည်တွင်း ပြည်ပကို အရမ်းကာရော စွတ်စွဲတာတွေ၊ လက်ညှိုးထိုးနေတာတွေ လုပ်နေဖို့ မလိုဘူးလို့ ထင်ပါတယ်။
ပြီးတော့ အင်န်အယ်ဒီကို တရားဝင် စွတ်စွဲလာရင်တော့ အင်န်အယ်ဒီကလည်း တရားဝင် ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်၊ ခုချိန်မှာတော့ ကျနော့်သဘောထားကတော့ သည်လောက်ပဲ ဖြစ်ပါတယ်” လို့ ဖြေကြားပါတယ်။
၎င်းနောက် ကွယ်လွန်သူ စာရေးဆရာကြီးလင်းယုန်မောင်မောင်ရဲ့ သားဖြစ်သူ သားကြီးမောင်ဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ သားအဖနှစ်ဦးကို စစ်အစိုးရ က အကြောင်းတစုံတရာ ထုတ်ပြန်ခြင်း၊ မိသားစုများထံ ပြန်ကြားခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထား သည့်အပေါ်မှာ ၎င်းသဘောထားကို ပြောကြားရာမှာ -
“ဟုတ်တယ်။ ကျနော်ကြားတယ်။ စာရေးဆရာလင်းယုန်မောင်မောင်ရဲ့ သားနဲ့ မြေးကို ဖမ်းသွားကြတယ်တဲ့။ ကျနော့်အမြင်ကတော့ သူတို့တွေက စာပေသမားတွေ၊ မီဒီယာတို့ ဓာတ်ပုံတို့ လုပ်ကြတယ်။ သင်္ကြန်တွင်းမှာလည်း အများနဲ့အတူ သူတို့လုပ်စရာ သူတို့ ပုံမှန်လုပ်နေကြတာ ဖြစ်တယ်။ အဲသည်မှာ ဗုံးပေါက်တဲ့ဆီမှာ သားကို ဓာတ်ပုံရိုက်လို့ဆိုပြီး ဖမ်းတယ်။ ပြီးတော့ အဖေကို နောက်တရက် အိမ်မှာသွားပြီး ဖမ်းတယ်ဆိုတာကတော့ အလွန်စိတ်မကောင်းစရာကောင်းတဲ့ အဖြစ်ပါပဲ။ စာပေနဲ့ စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ စာပေအသိုင်းအ၀ိုင်းတခုလုံးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲသည်လိုပဲ ပြောချင်ပါတယ်”
လို့ ဖြေကြားပါတယ်။
ဆရာက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြိး လောလောဆယ် လုပ်ကိုင်နေသည်များအပေါ် အနည်းငယ် ရှင်းပြပေးဖို့ ပြောတဲ့ဆီမှာ ဆရာက အောက်ပါအတိုင်း ပြောကြားပါတယ်။
“အခုချိန်မှာ အစုအဖွဲ့တွေကော၊ မိတ်ဆွေတွေ၊ ဘက်ဂရောင်းမျိုးစုံက သူတွေနဲ့ တွေ့ဆုံစကားပြောနေရတာတွေကတော့ အများကြီး ပါပဲ။ အခုအချိန်မှာ ပြောနေရတဲ့ ကိစ္စတခုက လက်ရှိအခြေအနေမှာ ကျနော်တို့က လမ်းမမှားဘူး။ လမ်းမှားကိုလိုက်နေတာမဟုတ်ဘူး ဆိုတာကို ပြောပြရတယ်။ လမ်းမှန်လား မမှန်လားတော့ ကျနော်တဦးတည်းအနေနဲ့တော့ မပြောတတ်ပေမယ့် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးနောက်ကိုသာ လိုက်လို့ကတော့ ကျနော်တို့ လမ်းမပျောက်ဘူး ဆိုတာ သေချာတယ် ဆိုတာကို ပြောနေရတယ်။ နောက်ပြီးတော့ လည်း လက်ရှိအခြေအနေမှာ တောလမ်းပဲဖြစ်ဖြစ်၊ ခြုံနွယ်ပိတ်ပေါင်းတွေပဲဖြစ်ဖြစ် လမ်းဆက်လျောက်နေဖို့ အရေးကြီးပါတယ်။ သံသယ သားကောင်အဖြစ်ခံပြီးတော့ သစ်ပင်ကြီးအောက်မှာ ထိုင်နားနေတာမျိုး ကျနော့်အနေနဲ့ မဖြစ်ချင်ဘူး။ လမ်းမှန်ဆိုတာကတော့ အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့ ၀ိုင်းပြီးတော့ ဦးတည်သွားကြရမှာ ဖြစ်မယ်လို့ ပြောချင်ပါတယ်”
လို့ ပြောလိုက်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=6263&Itemid=1
Tuesday, April 20, 2010
အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမားများ ဖမ်းဆီးခြင်း စိတ်မကောင်းစရာဖြစ်ဟံသာဝတီဦးဝင်းတင် ထုတ်ဖော်ပြောဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment