မလေးရှားနိုင်ငံတွင် သူတောင်းစားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မြန်မာကလေးငယ် ၆ဦး အကူအညီတောင်းခံ
April 19, 2010
တောင်းစားသူအဖြစ် အလုပ်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရသဖြင့် မလေးရှားနိုင်ငံ မြောက်ပိုင်း ကလန်တန်း ပြည်နယ်၊ တန္နာမေရကမ့် kelantan ပြည်နယ်၊ tanah merah Camp ထဲတွင် ကယ်ဆယ်သူမရှိပဲ ဒုက္ခရောက် နေသည့် မြန်မာကလေးငယ်၆ဦင်္းတို့ က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း မတ္တရာမြို့ မှ အဖဦးဇော်လင်းနှင့် ဒေါ်အေးမြစိန်တို့ ၏ သားဖြစ်သူ အသက် ၁၂နှစ်အရွယ် မောင် ကျော်သူလင်းက ပြောပြရာတွင် “မန္တလေးကမူဆလင်ပဲ၊ ဦးမဲလုံးတဲ့ ၊ သားကို လဘက်ရည်ဆိုင်မှာ လုပ်ရမယ်ဆိုပြီး ခေါ်လာတာ။ မလေးရှားကို ရောက်လာခဲ့တယ်။ ကားမှတ်တိုင်တွေ၊ မီးပွိုင်တွေမှာ ပိုက်ဆံတောင်းရပါတယ်၊ တစ်နေ့  ကို ရင်းဂစ် ၁၀၀ ရအောင် တောင်းရပါတယ်၊ အနည်းဆုံး၇၀/၈၀ လောက် ရတတ်ပါတယ်။ မရတဲ့နေ့တွေမှာ သားတို့ကို ရိုက်တယ်၊ ထုတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး၊ သား၃လကျော်ကျော် ပိုက်ဆံတောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ ပုလိပ်ဖမ်းတော့ ခု ကမ့်ထဲမှာ ရောက်နေတာ ၉လရှိပါပြီ။ ဒီမှာလည်း ထမင်းဝအောင်မကျွေးဘူး။ ငါးခြောက် ရေပြုတ်တာနဲ့ပဲ ကျွေးပါတယ်၊ သားတို့ကို မြန်မြန်လာကယ်ကြပါ၊ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ”ဟု ပြောသည်။
ပိုက်ဆံတောင်းသည့် အလုပ်ကိုလုပ်ခဲ့ရသည့် ကလေး၆ဦးအနက် ရန်ကုန်တိုင်း ဒလမြို့  နယ်မှ အသက်၁၄နှစ်အရွယ် မင်းယုစန်း အကျဉ်းသား နံပါတ် (၅၃၅၄၅) မှာ အသက်အကြီးဆုံးဖြစ်သည်။ ဧရာဝတီတိုင်း ပန်းတနော်မှ တင်မျိုးထက်(၅၃၃၂၉) ရန်ကုန်တိုင်း လှိုင်သာယာမှ နေလင်းဦး (၅၃၅၄၄) မန္တလေးတိုင်းမတ္တရာမှ ကျော်သူလင်း(၅၃၅၄၆) နှင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမှ မောင်အောင်ဝင်း(၅၂၆၇၉) တို့မှာ အသက်၁၂နှစ်အရွယ် ကလေးငယ်များ ဖြစ်ကြသည်။ မအေးမြထွေးဆိုသည့် ၁၀နှစ်အရွယ် မိန်းကလေးမှာ မောင်ကျော်သူလင်းထက် အသက်ငယ်သော်လည်း တစ်နေရာတည်းမှ ဖြစ်ရုံမက အဒေါ် တော်စပ်ကြောင်း သူကပြောပြသည်။
အခြားသူများမှာ အကျဉ်းသားနံပါတ်များ ရရှိထားပြီးဖြစ်သော်လည်း မအေးမြထွေးမှာ မိန်းကလေးဆောင်တွင် နေထိုင်ရသူဖြစ်သဖြင့် ဓါတ်ပုံနှင့် အကျဉ်းသားနံပါတ်မရရှိခဲ့ပါ။
အကျဉ်းစခန်းထဲတွင်ရောက်ရှိနေသည့် ကလေး၆ဦးအနက် နောက်တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နေ ဦးသာလှိုင်နှင့် ဒေါ်မျိုးမျိုးစိန်တို့၏ သား အသက်၁၂နှစ် အရွယ် မောင်အောင်ကိုဝင်းက “မူဆလင်ကုလားလူမျိုး ဦးအတ္တစ်နဲ့ မအေးရီတို့ ဇနီးမောင်နှံ ၂ဦးက ရန်ကုန်မှာ သတင်းစာရောင်းရမယ်ဆိုပြီး ခေါ်လာတာပါ၊ အမေ့ကို ကျပ်ငွေနှစ်သောင်း ပေးခဲ့ပါတယ်၊ မလေးရှားကိုရောက်တော့ သားတို့ကို သူတောင်းစား လုပ်ခိုင်းပါတယ်။ တစ်နေ့ကို ရင်းဂစ်၁၀၀ရအောင် တောင်းခိုင်းပါတယ်၊ မရရင် ရိုက်ပါတယ်။ ကြက်ဥပြုတ်နဲ့ပဲ ကျွေးပါတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး၊ ဒီမှာလည်း မစားရဘူး၊ သားတို့ ကို လာထုတ်ပေးကြပါ”ဟု ပြောသည်။
ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ကျနော်တို့ အဖွဲ့ က နေရာတိုင်းကို သွားလာ လှုပ်ရှားလို့ ရနိုင်တဲ့  အဖွဲ့ မဟုတ်ပါဘူး၊ ငွေကြေးအင်အား တောင့်တင်းတဲ့အဖွဲ့ လည်း မဟုတ်ဘူး၊ ကျနော်တို့ ကော်မီတီဝင်တွေ ကိုယ်ပိုင်ဝင်ငွေလေးတွေနဲ့ စုပေါင်းပြီး ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေကို အကူအညီပေးပါတယ်။ ဒီကိစ္စရပ်က ကြီးမားကျယ်ပြန့်  တယ်၊ ကျနော်တို့ တစ်ဖွဲ့ တည်း မလုပ်နိုင်ဘူး။ ကျနော်တို့ အဖွဲ့ က မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုနဲ့ အလုပ်သမားများကွန်ယက်မှာ အဖွဲ့ဝင် ဖြစ်တာကြောင့် လုပ်နိုင်တဲ့အဖွဲ့  အစည်းကြီးတွေကိုလည်း တင်ပြမယ်၊ ပူးပေါင်းဆောင်ရွက်ပါမယ်။ ကလေးလေးတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်သွားပါမယ်၊၊ ပြီးတော့ အခြားလူတွေကလည်း မြန်မာပြည်မှာရှိတဲ့ မိဘတွေကိုလည်း ဆက်သွယ်ပြီးတော့၊ အကူအညီရှာပေးကြပါ”ဟု ပြောသည်။
အဆိုပါ တန္နာမေရ ကမ့်ထဲတွင် နိုင်ငံရေးလှုပ်ရှားမှုနှင့်ငြိစွန်းပြီး မြန်မာပြည်သို့ ပြန်လိုသည့် လူများစာရင်းတွင် ဖေါင်ဖြည့်မထားသည့် တက်ကြွလှုပ်ရှားသူများ လည်းရှိသည်။ မိုးဝင်းအသက်၂၉နှစ်၊ ဧရာဝတီတိုင်း(၅၃၅၀၆)။ရှာရစ် ဧရာဝတီတိုင်း (၅၂၆၇၈)၊ မိုးအောင်၊အသက်၃၉နှစ်၊ ရန်ကုန်တိုင်း၊ ကိုဖိုးချမ်း၊ရခိုင်ပြည်နယ်။ (၅၃၀၃၃) အပါအ၀င်မြန်မာ၃၀ ၀န်းကျင်းခန့်မှာ တစ်နှစ် ကျော်ကြာပြီဖြစ်သော်လည်း ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုခြင်း တစ်စုံတစ်ရာမရှိကြောင်း ဧရာဝတီတိုင်းမှ ကိုရှာရစ်ကပြောသည်။
“ကျနော်တို့ မလေးရှားမှာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားကြပါတယ်။ မလေးရှားမှာရှိတဲ့ကုလသမဂ္ဂက၊ ဗမာတွေအပါ အ၀င် အခြားတိုင်းရင်းသားတွေကို လုံးဝအသိအမှတ်မပြုဘူး၊ မြန်မာဆိုတာနဲ့ ခေါင်းပဲညိတ်ပြီးတော့ ဘာမှကို မမေးတော့တာဗျ။ ချင်းတွေကို အစပိုင်းကတော့  နဲနဲလုပ်ပေးခဲ့တယ်။
ကျနော်လည်း ကုလားတွေကိုပဲ အသိအမှတ်ပြုနေတော့ ရှာရစ် ဆိုပြီး နာမည် ပေးလိုက်တယ်၊ ကျနော်ဗမာပါ၊ ဗုဒ္ဓဘာသာပါ။ ယူအင်လည်း မျှမျှတတ ဆောင်ရွက်တာ မရှိဘူး၊ ကျနော်တို့က တိုင်းပြည်ပြန်ရင်လည်း အဖမ်းခံရမယ်၊ တတိယနိုင်ငံလည်း သွားမရ၊ မလေးရှားမှာလည်း နေလို့မရ ကမ့်ထဲမှာ ဘ၀သေသလို ဖြစ်နေပါတယ်။ ကျနော်တို့ကို ၀ိုင်းဝန်းကူညီပေးကြပါဗျာ”ဟု ပြောဆိုသွားသည်။
http://bmta05.wordpress.com/2010/04/19/%e1%80%99%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%9e%e1%80%b0%e1%80%b1/
Monday, April 19, 2010
ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
No comments:
Post a Comment