Monday, April 19, 2010

ငါမသေဖူး..ရေကူးတတ်တယ်..

မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့
Monday, April 19, 2010

http://freedomnewsgroup.com မှ
BBC 2 ၏ Tropic of Cancer အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် မှာ မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ် သို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီးနောက် အောင်မြင်စွာဖြင့် ပြန်လည် ထွက်ခွာ နိုင်သည်ဟု သတင်းရရှိသည်။ဆိုင်မွန် ရိဗ် သည် ချင်းပြည်နယ် တွင်း ရက်အတန်ကြာ စခန်းချနေထိုင်စဉ် မြန်မာ စစ်တပ် စစ်ကြောင်းတစ်ခု နှင့် နီးကပ်လာချိန်တွင် ပြန်လည် ထွက်ခွာခဲ့သည် ။ဆိုင်မွန် ရိဗ် သည် အာဖရိက ၊မက္ကဆီ ကို နိုင်ငံများ တွင် သက်စွန့် ဆံဖျား ဗီဒီယို မှတ် တမ်းတင်ပြီး Tropic of Cancer အစီအစဉ် ကို တင်ဆက်ခဲ့သူဖြစ်သည် ။
၎င်း သည် ချင်းပြည်နယ် အတွင်း ၀င်ရောက် စဉ် ထန်တလန် နှင့် ဟားခါး မြို့ နား ထိရောက်ခဲ့သည်ဟု သိရသည်။သူသည် ကမ္ဘာအရပ်ရပ် ရှိ အန္တရာယ်များသော ဒေသများ သို့ အကြိမ်ကြိမ် ရောက် ဖူးသော်လည်း မြန်မာစစ်အစိုးရ၏ ရက်စက်မှု ကို ကြားဖူးထ၍ ကြက်သီးမွေးညင်းထရသည် ဟု ပြောသည်။သူ၏ ခရီးစဉ် တွင် အိန္ဒိယ က မြန်မာ စစ်အစိုးရ အား လက်နက် ထောက်ပံ့နေမှု နှင့် ပတ်သက်၍သဲလွန်စများရခဲ့သည် ဟု ဆိုသည်။
ရဲရင့်ငယ်ဆီကပါခင်ဗျား

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်