သင်္ကြန်ဗုံးကွဲမှု လူ ၃ ဦး ဖမ်းဆီးခံရ
20 April 2010
သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပြီး အဖမ်းအဆီးအချို့ ရှိခဲ့ပါတယ်။ အရင် မြို့ပေါ်တွေ ဗုံးကွဲမှုတွေ ဖြစ်လေ့ရှိတိုင်း နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ရှိတာကြောင့် အခုအခြေအနေမှာလည်း အလားတူ အပြစ်မဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် မေးမြန်းတာတွေလုပ်မှာ စိုးရိမ်တယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ အဖမ်းအဆီးတွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရန်ကုန် ကန်တော်ကြီး ဗုံးကွဲပြီးပြီးချင်းမှာတော့ အနီးအနားမှာ ကင်မရာသမားတဦး အဖမ်းခံခဲ့ရပါတယ်။ နောက်တနေ့မှာတော့ အာဏာပိုင်တွေက သူ့အိမ်ကို ၀င်ရှာပြီး ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးသွားပါတယ်။ စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားဖြစ်တဲ့ ဦးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် သားအဖ နှစ်ယောက်စလုံး အဖမ်းခံရသလဲ၊ ဘာပြစ်မှုနဲ့ အရေးယူထားလဲ၊ သူတို့ ကို လက်ရှိ ဘယ်မှာထားသလဲ၊ ကျန်မိသားစုဝင်တွေ ဘာမှ မသိရသေးပါဘူး။ အိမ်ကို လာရောက် ဖမ်းဆီးတော့ လည်း အာဏာပိုင်တွေဘက်က ဘာမှ တိတိကျကျ ပြောဆိုတာ မရှိဘူးလို့ ဦးဇေယျရဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီတင် က ဗွီအိုအေကို ပြောပြပါတယ်။
“ကျမကတော့ ရိပ်သာသွားနေလို့ အမေပြောပြလို့ သိတာကတော့ အိမ်ရောက်လာတယ်၊ ပစ္စည်းတွေ နည်းနည်းပါးပါးရှာတယ်၊ အခွေတွေ ဖွင့်ကြည့်ပြီးတော့ မိုးချုပ်တော့ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ဒါပဲတဲ့၊ အဲဒီလိုပြောတာပဲ။”
ကင်မရာရိုက်မှုလို့ ပြောတယ်၊ ဟုတ်ပါသလား။
“အဲဒါက သားအငယ်ရှင့်။ ဖြစ်ပျက်နေတုန်း အဲဒီမှာ ရိုက်နေတုန်း မိတာ။”
ဦးဇေယျက အိမ်ကိုလာခေါ်တာပေါ့။
“ဟုတ်ကဲ့၊ အိမ်ကိုလာခေါ်တာပါ။”
သူတို့နှစ်ယောက် အခုခေါ်သွားတဲ့ကိစ္စ ဘယ်ကိုခေါ်သွားတယ်ဆိုတာ အမတို့ သိရပြီလား။
“အဲလိုတော့ မပြောတတ်ဘူး၊ ကျမလည်း မစုံစမ်းတတ်တာနဲ့ ဒီအတိုင်းပဲ နေလိုက်တယ်။”
ဘာမှလဲ လာမပြောဘူးလား။
“ဟုတ်ကဲ့၊ အဲဒီလိုတော့ မပြောဘူး။ နောက်နေ့ ဖုန်းလာသိမ်းတယ်၊ ဦးဇေယျရဲ့ဖုန်းကို လာယူတယ်။ ဘာမှတော့ မပြောဘူး။ ဖုန်းပဲ ပေးလိုက်ပါဆိုပြီး လာယူတယ်။”
လာယူတဲ့ အာဏာပိုင် အဖွဲ့အစည်းက ဘယ်ကလဲ မသိဘူး။
“ရောက်ရောက်ချင်း ကျနော်တို့ ရန်ကုန်က ရဲတပ်ဖွဲ့က အဲဒီလိုမျိုးလေးပဲ ပြောလိုက်တယ်။ ကျမ သေချာ မမှတ်မိလိုက်ဘူး။ အရပ်ဝတ်နဲ့ပဲ။ ဇဝေဇ၀ါ မဖြစ်အောင်တော့ သူတို့က ရ၀တတော့ ခေါ်ခဲ့တယ်။ ရ၀တရှေ့မှာပဲ ပစ္စည်းသိမ်းတယ်။ ကျမက အပ်ပေးရတဲ့သဘော။ ကျမလည်း အဲဒီတုန်းက ခေါင်းစီး မဖတ်လိုက်မိဘူး။ ကိုယ်လည်း လက်မှတ်ထိုးပေးလိုက်တယ်၊ ပစ္စည်းကို အပ်တဲ့အကြောင်း။ ပြီးတော့ သူတို့က ရ၀တကို သက်သေလုပ်ခိုင်းတယ်၊ ဒါပဲ။”
ပထမအကြိမ် ဖမ်းတုန်းကတော့ အခွေတွေ သိမ်းသွားတယ်ပေါ့။ ကင်မရာတို့ ဘာတို့ရော သိမ်းလား။
“ဟုတ်ကဲ့။”
ဒုတိယအကြိမ် လာသိမ်းတော့ ဘာသိမ်းသွားလဲ။
“ဖုန်းပဲသိမ်းတာ။”
သူတို့က NLD အဖွဲ့ဝင်တွေ ဘာတွေရော ဟုတ်လား။
“အဲလိုတော့ မ၀င်ဘူးရှင့်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမကလည်း အမှုထမ်းဆိုတော့။ အရင် မိုးကုတ်မှာ နေကတည်းက မ၀င်ဘူးရှင့်။”
လတ်တလော ဦးဇေယျက ဘာအလုပ် လုပ်နေပါလဲ။
“ဦးဇေယျက ပန်းချီလည်းလုပ်တယ်။ မျက်နှာဖုံး ဂရပ်ဖစ် ဒီဇိုင်းတွေလည်း ရေးတယ်။”
သားနာမည်က ဘယ်လိုခေါ်ပါသလဲ။
“စည်သူဇေယျပါ။”
သူကရော ဘာလုပ်ပါလဲ။
“သူက အခုမှ ကျောင်းပြီးတယ်၊ ပန်းချီပေါ့၊ ပန်းချီကျောင်းပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။”
အဲဒီနေ့က ကင်မရာ သွားရိုက်တယ်ဆိုတာ ဘယ်လိုလဲ။
“အပျော်တမ်းပေါ့။ သူက အရင်ပြောဖူးတယ် သတင်းထောက် လုပ်ချင်တယ်ဆိုပြီး၊ သတင်းထောက်က မလွယ်ဘူးနော်လို့ အဲဒီလိုတော့ ကျမ သတိပေးလိုက်တယ်။ နောက်တော့လည်း စကား မဆက်စပ်မိဘူးပေါ့နော်။ အဲဒီလိုပဲ လုပ်နေတုန်း အခုမှ ကျောင်းပြီးတာ ဘာမှ မကြာသေးဘူးလေ။”
ဦးဇေယျဟာ ၁၉၇၀ ကျော်ပိုင်းတုန်းက နိုင်ငံရေးပုဒ်မနဲ့ အထိန်းသိမ်း ခံရဖူးသူ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန် သင်္ဃန်းကျွန်းမှာရှိတဲ့ နိုင်ငံရေး လှုပ်ရှားသူ တဦးလည်း အဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဗုံးကွဲတဲ့ကိစ္စနဲ့ ပတ်သက်၊ မပတ်သက် မသိရပေမဲ့ နိုင်ငံရေး လှုပ်ရှားတဲ့ အသိုင်းအ၀ိုင်းအဖို့တော့ ဗုံးကွဲပြီးနောက်ပိုင်း သူတို့လုံခြုံရေးအတွက် စိတ်မအေး ဖြစ်နေရပါတယ်။
ဒါကြောင့်လည်း အေအေပီပီ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခိုင်ခိုင်လုံလုံ ဘာမှမရှိဘဲ အာဏာပိုင်တွေဘက်က ခေါ်ယူဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရင်တုန်းကလည်း ဗုံးကွဲမှုတွေ ဖြစ်ပြီးနောက် နိုင်ငံရေး လှုပ်ရှားသူအချို့ တကယ်မပတ်သက်ဘဲ အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ နောက်ဆုံး ထောင်ချခံရတာတွေအထိ ရှိခဲ့တယ်လို့ အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
“သူတို့တွေကို မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှာကို ကျနော်တို့ အတော်လေး စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖက ဒီလို ဗုံးကွဲမှုတွေ ပြီးတိုင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တချို့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး မတရား စစ်ဆေးလေ့ရှိတယ်။ ကျနော်တို့ဆီမှာ သာဓကတွေလည်း ရှိတယ်။
“ဥပမာ သန့်ဇော်နဲ့ ညီညီဦးဆိုရင် သန်လျင် ရေနံချက်စက်ရုံမှာ ၁၉၈၉ ခုနှစ်က ဗုံးကွဲမှု ဖြစ်ခဲ့တယ်။ တကယ်တော့ သူတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်တယ်။ ဒီဗုံးကွဲမှုနဲ့ လုံးဝ မပတ်သက်ဘူး။ ဒါပေမဲ့ သူတို့ကို ဖမ်းထားပြီး သေဒဏ်ချတယ်။ ထောင်ထဲမှာ ၂၁ နှစ်ရှိပြီ၊ အခုထိ မလွတ်သေးတာမျိုးတွေ ရှိတယ်။ ဒီလို အစဉ်အလာတွေ ရှိတဲ့အခါကြတော့ ကျနော်တို့က မဆိုင်တဲ့လူတွေ အများကြီး အဖမ်းခံရမှာ၊ နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အညှိုးတကြီးနဲ့ ဖမ်းဆီး နှိပ်စက်မှာတွေကို ကျနော်တို့ စိုးရိမ်ပါတယ်။”
သင်္ကြန်အကြတ်နေ့ ဗုံးကွဲမှုကြောင့် သေဆုံးသွားတဲ့ ၈ ဦးထဲမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာ ယာ အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိန်း ပါဝင်သလို အခြား လုံခြုံရေး တာဝန်ရှိသူ အချို့နဲ့ အရပ် သား စုစုပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။
http://www.voanews.com/burmese/2010-04-20-voa4.cfm?rss=topstories
Tuesday, April 20, 2010
မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
No comments:
Post a Comment