Monday, April 19, 2010

အိမ်ကျယ်

ကိုးကန့်ဖုန်ကြားရှင်တပ်တွေကို တိုက်ရတာ လက်နက်တွေ ထုတ်လုပ်ပြီး ရောင်းစားနေတယ်လို့ တရုပ်ပြည်က သတင်းပေးလို့တဲ့၊Asia World ဆိပ်ကမ်းက ထွက်တဲ့ ကုန်တင်သဘောင်္မှာ ဘိန်း တွေဖမ်းမိတာ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က သတင်းပေးဖမ်းခိုင်းလို့တဲ့၊ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှုကြတော့ မဖမ်းရဲလို့တဲ့၊ ဒဂုံစင်တာ ဗုးံကွဲတာလည်း ခုထိမဖော်ထုတ်နိုင်သေးဘူး၊ ခုလဲမြန်မာ့သမိုင်းမှာ အကျည်းတန်ဆုးံနှစ်သစ်ကူးမှာဗုးံကွဲတာသတင်းအစန လေးတောင်မရလို့ ပြည်သူတွေ သတိတောင် မပေးနိုင်ခဲ့ဘူး။

စစ်ထောက်လှမ်းရေးဆိုတာ တပ်မတော်နဲ့ ပြည်သူ အတွက်မဟုတ်ဘဲ အာဏာရှင်အလိုကျအသုးံတော်ခံဖို့ နိုင်ခံတော်ဘဏ္ဍာ နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ဆိုတာ ထင်ရှားနေပါတယ်။ တခြား အဖွဲ့စည်းတွေနဲ့ ရင်ဘောင်တန်းယှဉ်ရမယ် ဆိုရင် အံသြလောက်အောင်နုံချာတာ တွေ့ရမှာပါ။

မြောက်ကိုရီးယားတွေ ရန်ကုန်မှာ ဗုးံဝင်ခွဲနိုင်တာ ကိုက သက်သေပါ။

သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကမ္ဘာအေးစွယ်တော်ဗုးံကွဲတာက စလို့ အတွငိးရေးမှုး ၂ တင်ဦးအိမ်မှာ ဗုးံကွဲတဲ့အထိ တော်လှပါပြီဆိုတဲ့ စစ်ထောက်လှမ်းရေးတွေ ဘာမှမဖော်ထုတ်နိုင်ကြဘူး။ မဖော်ထုတ်နိုင်တာလည်း သူတို့ကိုယ်တိုင်လုပ်တာဘဲလား ဆိုတာတော့ကျွန်
တော်တို့ လက်လှမ်းမမှီနိုင်ပါဘူး။ သေချာတာ တစ်ခုကတော့ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်မှာ ဗုးံကွဲတိုင်း လက်ဆုပ်လက်ကိုင် ဘာမှာမပြနိုင်ဘဲ ဟိုအဖွဲ့စွပ်စွဲ၊ ဒီအဖွဲ့စွပ်စွဲနဲ့ အဆုးံသတ် သွားတာကြီးတွေပါဘဲ။

ပြည်မြန်မာက စစ်ထောက်လှမ်းရေးတွေ ရဲ့အလုပ်တွေက ဘာတွေလဲဆိုရင် ကြီးငယ်နိုင်စား တိရစ္ဆာန်အလုပ်ပါဘဲ။ အပြစ်မဲ့ ပြည်သူတွေ ကို အာဏာပြခြိမ်းခြောက်မယ်၊ ဘိန်းခန်း၊ ဖာခန်း ချဲထီ၊ အရက်ပုန်းဆိုင်၊ မှောင်ခိုလုပ်ငန်း စတဲ့ တရားမဝင် လုပ်ငန်းတွေ ကနေ ဆက်ကြေး ကောက် ပြီးနိုင်ငံရေးလှုပ်ရှားသူတွေ နောက်တစ်အုပ်တစ်မကြီး ဟန်ရေးပြ လူတွင်ကျယ်လုပ်ပြီး တစ်ကောက်ကောက် လျှောက်လိုက်မယ်။
အချုပ်အခြာအာဏာ စိုးမိုးရေးလို့ တကြော်ကြော်အော်နေတဲ့ စစ်အာဏာရှင်ခေတ်မှ ကိုယ့်နိုင်ငံထဲမှာ နှစ်ပေါင်းများစွာလက်နက်စက်ရုံ တည်ဆောက်ပြီး နိုင်ငံတစ်ကာကိုရောင်းဝယ်ဖောက်ကားနေတာတောင် သတင်းအစနမရတဲ့ မြန်မာစစ်ထောက်ရေးအဆင့်ဟာ ယုံကြည်ချက်ကို ငြိမ်းချမ်းစွာ ဖော်ထုတ်တဲ့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ရဟန်း၊ပြည်သူတွေကိုသာ အနိုင်
ကျင့််တတ်တာကလွဲလို့ တခြားဘာမှ သုးံစားမရဘူးဆိုတာ ရှင်းပါတယ်။

စစ်ထောက်လှမ်းရေးတွေဟာ ပြည်သူ ပြည်သားတွေအပေါ်မှာတင် သာမဟုတ်ဘဲ သူတို့ရဲ့ မိခင် အဖွဲ့စည်းဖြစ်တဲ့ စစ်တပ် အပေါ်မှာ တောင် ဘယ်လိုမှ အကျိုးမပြုခဲ့ပါဘူး။ အာဇာနည်ကုန်းဗုးံခွဲ ခံရလို့အရှက်ကွဲခဲ့ရတာတွေ၊ ပြည်တွင်းစစ်တစ်လျှောက်မှာလည်း စစ်ဆင်ရေး အထောက်ကူ ပြု သတင်းတွေ မပံ့ပိုးနိုင်တဲ့အပြင် KNU နဲ့ဖြစ်တဲ့တိုက်ပွဲတွေ အတွင်းထောက်လှမ်းရေးတွေ
ဦးစီးတဲ့စစ်မဟာဗျုဟာ လေ့လာရေးရုးံက ဗိုလ်ချုပ်မောင်လှ ကိုကျော်ပြီး လူတတ်ကြီးတွေ လုပ်ကာ ကျားတက်ထိုးဖို့ အမိန့်ပေးစေလို့ တပ်မတော်သား အများအပြား ကျဆုးံခဲ့တာဟာဖျက်လို့ မရတဲ့ သမိုင်း သက်သေတွေပါ။

နိုင်ငံဝန်ကိုထမ်းတဲ့ နိုင်ငံဝန်ထမ်းမဟုတ်ဘဲ နိုင်ငံကပြန်ပြီး သူတို့ဝန်ကို ပြန်ထမ်းရတဲ့ နိုင်ငံဝန် ထမ်းတွေဖြစ်တဲ့ရေပေါ်ဆီ၊ ဂုပ်သွေးစုပ် စစ်အာဏာရှင် အထောက်ကူပြု စစ်ထောက်လှမ်းရေး တိုင်းသူပြည်သူတွေ ကိုလည်း အကျိုးမပြုတဲ့ စစ်ထောက်လှမ်းရေး၊ တပ်မတော်ကိုလည်း အထောက်ကူမပြုတဲ့ စစ်ထောက်လှမ်းရေး၊ ဆက်ကြေးကောက်ပြီး တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ စစ်ထောက်လှမ်းရေးတွေကို ဖော်ထုပ်ရှံ့ ချကြပါစို့လို့။

ရန်နောင်။ ၄။ ၁၉။၂၀၁၀

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်