Burma DJ လို အော်စကာ လိုချင်တာနဲ့ ကျော်ဆန်းသား တကဲ့ဗုံးဖောက်ပြီး..ဘဘာဝကျကျ ရိုက်ကူးထားတာပါဗျို့ 
..ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက ပိုင် MRTV4 မှဗုံးပေါက်ကွဲမှု ကိုရုပ်သံ Documentary ပြကာငွေရှာ
ဗုံးပေါက်ကွဲသည့်နေ့မှ ဧပြီ (၁၈) ရက်နေ့အထိ ရိုက်ကူးထားသည့် ရုပ်သံ Documentary အစီအစဉ်တခုကို ဧပြီ (၂ဝ) ရက် ည (၈) နာရီကျော်တွင် MRTV-4 ချယ်နယ်မှ ထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။
ဗုံးပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးတခုကို ယခုကဲ့သို့ ရုပ်သံချယ်နယ်တခုမှ Documentary အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သွားခြင်း သည် ဆယ်စုနှစ်တခုအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ သတင်းအယ်ဒီတာတဦးက ပြောသည်။
၎င်းက “ဗုံးပေါက်ကွဲပြီးနောက် အခြေအနေတွေ၊ ဆေးရုံက မြင်ကွင်းတွေ၊ အဲဒီအချိန်က အနီးအနားမှာ ရှိတဲ့သူတွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာ တွေ့ရတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ အာဏာပိုင် အသိုင်းအဝိုင်းကို မေးမြန်းထားတာ၊ မှုခင်းဖော်ထုတ်ဖို့ ဘယ်လို အရေးယူ ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေတော့ မပါဘူး။ ထူးဆန်းတာ တခုက MRTV-4 ရဲ့ အဲဒီနေ့ လွှင့်မယ့် အစီအစဉ်စာရင်းထဲမှာ Documentary မပါဘူး။ (၁) နာရီနီးပါးကြာတဲ့ ဒီအစီအစဉ်အတွက် နဂိုအစီအစဉ် (၂) ခုကို ဖျက်ပြီးတော့ လွှင့်တာ တွေ့ရတယ်” ဟု ပြောသည်။
အဆိုပါ Documentary ထဲတွင် ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် အင်တာဗျူး ပြုလုပ်ထားသည့်အပြင် ထိခိုက်ဒဏ်ရာကုဌာန၊ ခွဲစိတ်ကုဆောင်၊ ရင်ခေါင်းခွဲစိတ်ကုဆောင်၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆောင်မှ တာဝန်ရှိသူ ဆရာဝန်ကြီးများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။
အင်တာဗျူးထဲတွင် လူနာများ၏ အသက်ကယ်ဆယ်ရေး မည်သို့ ဆောင်ရွက်ခဲ့သည်၊ မည်သို့ ခံစားရသည် စသဖြင့် မေးမြန်းထား သည့်အပြင် ဒဏ်ရာရ လူနာ အတော်များများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။
သို့သော် ဆေးကုသမှုပေးပြီး နောက်ပိုင်း လူသေဆုံးမှုရှိကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး၏ ပြောဆိုချက်ကိုမူ အစိုးရက သတင်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့်အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတို့က ဆေးရုံသို့လာရောက်ကာ ဗုံးဒဏ်ရာရသူများအား ငွေကြေး၊ ထမင်းထုပ် လှူဒါန်းခြင်းတို့ကိုလည်း MRTV-4 ချယ်နယ်မှ ပြသခဲ့သည်။
မြို့တော် ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဒဏ်ရာရလူနာတဦးလျှင် ကျပ်ငွေ (၅,ဝဝဝ) စီနှင့် သေဆုံးသူတဦးလျှင် ကျပ်ငွေ (၁) သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။
Documentary ထဲတွင် ဧပြီ (၁၈) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ငွေကြေးသွားရောက်လှူဒါန်းသည့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အဆိုတော် မိုးမိုး၊ သရုပ်ဆောင် ကျော်ကျော်ဗို၊ မင်းသွေး၊ မင်းသမီး ဖူးစုံတို့နှင့် အင်တာဗျူးများကိုလည်း ထည့်သွင်းထား သည်။
ဗုံးကွဲပြီး မကြာခင် MRTV ရုပ်သံအဖွဲ့သားများ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ရိုက်ကူးသတင်းယူနိုင်မှု၊ အနီးအနားက ပရိသတ်များကို မေးမြန်းနိုင်မှု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားပြီး အင်တာဗျူးများလုပ်ပြီး ရိုက်ကူးနိုင်မှုတို့သည် အံ့အားသင့်စရာ ကောင်းကြောင်း Documentary ကို ကြည့်လိုက်ရသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
၎င်းက “ဒါမျိုး အရင်ကဆိုရင် အထက်အဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရလို့ မလုပ်နိုင်ဘူး။ သေချာတာတခုကတော့ အစိုးရဟာ အခုကိစ္စကို သတင်းကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။
ရန်ကုန်မြို့နှင့် နယ်မြို့အချို့တို့တွင် အခမဲ့ ထုတ်လွှင့်နေသည့် MRTV-4 ချယ်နယ်ကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက ပိုင်ဆိုင်ပြီး၎င်းပိုင် ကုမ္ပဏီသည် အခပေး ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းလွှင့်ခွင့်ကို တဦးတည်း လုပ်ကိုင်ခွင့်ရထားကာ အကျိုးအမြတ် ကြီးမားစွာ ရရှိနေကြောင်း၊ ယခုအခါ အခပေး ရုပ်သံလိုင်း (၃ဝ) ကျော် ထုတ်လွှင့်ရောင်းချပေးနေကြောင်း သိရသည်။
http://www.baymyanmar.com/2010/04/mrtv4-documentary.html
Thursday, April 22, 2010
လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment