2010 04 09 - Those Wishing to Form Political Parties Submit Applications[1]ကျေးဇူးပါ ခင်ကျော်ဟန် ခင်ဗျား
Saturday, April 10, 2010
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
3 comments:
NLD ၏ နောက်ဆုံးနေ့များ
ကြည်ဝေ Saturday, April 10, 2010 .NLD ရုံးရှေ့ သစ်ပင်ရိပ်အောက်မှ မော့ကြည့်လိုက်ရာ အောက်ခံ ဆေးအနီရောင်ပေါ်တွင် အဖြူရောင် စာလုံးဝိုင်းများဖြင့် ရေးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟူသော ဆိုင်းဘုတ်ကို တွေ့ရသည်။ ဒီဆိုင်းဘုတ်က မကြာခင် ဖြုတ်ချခံရဖွယ် ရှိနေသည်။
ရုံးဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် အမျိုးသမီး အဖွဲ့ဝင်များကို တိတ်တိတ် ဆိတ်ဆိတ် တွေ့ရသည်။ ရုံးသို့ လာရောက်ကြသော အဖွဲ့ဝင်များကို နေ့လယ်စာ ကျွေးရန် တိတ်တိတ် ဆိတ်ဆိတ်ပင် ပြင်ဆင်နေကြသည်။
NLD သည် ပြည်သူ လူထု အများအပြား အနှစ် ၂၀ ကျော် ထောက်ခံခဲ့သော နိုင်ငံရေး ပါတီကြီး ဖြစ်သည်။ သို့သော်လည်း ပါတီကြီး တည်ရှိရန် ရက်ပေါင်း ၂၀ ကျော်သာ လိုတော့သည်။
တရားဝင် ဆက်လည် တည်ရှိရန် NLD သည် မေလ ၆ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီ မှတ်ပုံတင်ရမည်ဟု အစိုးရက အကျပ်ကိုင်ထားသည်။ မှတ်ပုံတင်ခြင်း မပြုပါက “နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်”ဟု စစ်အစိုးရထုတ်ပြန်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသည်။
NLD က မတ်လ ၂၉ ရက်နေ့တွင် အနယ်နယ်မှ ဗဟိုဦးစီးအဖွဲ့ဝင်များ စည်းဝေးကြပြီး မှတ်ပုံတင်ခြင်း မပြုရန် တညီတညာတည်း ဆုံးဖြတ်ပြီး ဖြစ်သည်။
ဤသို့သော အခြေအနေများအောက်တွင် NLD ရုံးသို့ ရောက်လာသူများမှာ ယခင်နှင့်မတူတော့ပေ။ အများစုမှာ မတ်လ ၂၉ ရက်နေ့တုန်းက တွေ့မြင်ခဲ့ရသလို တက်တက်ကြွကြွ၊ ရွှင်ရွှင်လန်းလန်း မဟုတ်ကြတော့၊ လေးလေး နက်နက် တွေးဆနေဟန်ဖြင့် အတွေး ကိုယ်စီ ရှိနေကြသည်ကို တွေ့မြင်ရသည်။
စာကြည့်တိုက်မှ အမျိုးသမီးငယ်၂ဦးကလည်း တိတ်တိတ် ဆိတ်ဆိတ်နှင့် စာရင်း လုပ်နေကြသည်။
NLD အမျိုးသမီးအဖွဲ့မှ ဒေါက်တာ မေ၀င်းမြင့်က “လာမယ့် မေလ ၄ ရက်နေ့အထိ ရုံးရှေ့မှာ သံဃာတွေကို ဆွမ်းလောင်းမယ်လို့ ဆုံးဖြတ်ထားတယ်၊ နောက်ကျရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက် အတိုင်းတော့ လုပ်မှာပေါ့နော်။ ရုံးရှေ့မှာတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့” ဟု အေးအေးဆေးဆေး ပြုံးပြီး ရှင်းပြသည်။
သူက ဆက်လက်ပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဝတ်ပြု ဆုတောင်းပွဲတွေကိုလည်း အပတ်စဉ် အင်္ဂါ နေ့တိုင်း ပြုလုပ်သွားမယ် လို့တော့ စိတ်ကူး ရှိပါတယ်”ဟု ပြောသည်။
ဤရက်ပိုင်းအတွင်း ရုံး အောက်ထပ်တွင်တော့ လူစည်ကားမြဲ ဖြစ်သည်ကို တွေ့မြင်ရသည်။ အဖွဲ့ဝင်များက သုံးလေးယောက် တ၀ိုင်း ၀ိုင်းထိုင်နေကြသည်။
သူတို့သည် NLD ရုံးသို့ ပုံမှန် လာရောက်ကာ တာဝန်များကို အနှစ် ၂၀ ကျော်ကြာ လစာမရ အခမဲ့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ တခါတရံ အစိုးရက သူတို့ကို ထောင်ထဲ ထည့်လိုက်သည်။ ထောင်မှ ထွက်လာပြီး နောက်တွင်လည်း NLD ရုံးသို့ ပြန်လည် ရောက်ရှိလာသူများ ဖြစ်သည်။ ဤသို့ဖြင့် NLD ရုံးက စည်ကားနေသည်။
ရုံး အောက်ထပ်တွင် နွမ်းနွမ်းပါးပါး အ၀တ် အစားနှင့် ခပ်ပိန်ပိန် လူငယ် အမျိုးသားတဦး၊ အမျိုးသမီး တဦးတို့ ထိုင်နေကြသည်။သူတို့ ၂ ဦးက NLD အဖွဲ့ဝင်မဟုတ်ဟု ဆိုသည်။ သူတို့ ၂ ဦး ရုံးဝင်ပေါက်ဘက်ကို ငေးကြည့်နေကြသည်။ မဖြူဖြူသင်းကို ငေးမျှော်နေတာ ဖြစ်မည် ထင်ရသည်။ မဖြူဖြူသင်း၊ ကိုရာဇာ စသည့် လူငယ်များက အနယ်နယ်မှ HIV ပိုး ကူးစက်ခံရ သူများ၊ တီဘီ ရောဂါသည်များ စသဖြင့် အားကိုးတကြီး ရောက်လာသော လူနာ မှန်သမျှ၏ ဆေးဝါးကုသရေး၊ နေထိုင် စားသောက်ရေး တို့ကို ဆောင်ရွက်ပေးကြသူများ ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများအား ထောက်ပံ့ကြေးငွေ ပို့ပေးသူ ရခိုင် အမျိုးသားကြီး တဦးကိုလည်း ရုံးတွင် တွေ့ရသည်။ အကျဉ်းကျ တဦး၏ ဇနီးက အကျဉ်းသားများအား ထောက်ပံ့ရေး၊ ပညာသင် ထောက်ပံ့ကြေးတို့ ဆက်ပေးဦးမည်လောဟု မေးခဲ့ကြောင်း သူက ပြောပြသည်။
“တသက်လုံး ကျနော် နိုင်ငံရေး လုပ်နေတဲ့ ကာလ တလျှောက်လုံး မိသားစု တာဝန်ကို ဇနီးက ထမ်းခဲ့တယ်၊ အခုလို ပါတီ ဖျက်သိမ်း ခံရမှာကို သူက မလိုလားဘူးလို့ ပြောနေတယ်”ဟု သူက စိတ် မသက်သာဟန်ဖြင့် ပြောပြသည်။
လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစိန်လှဦးကတော့ မတ်လ ၂၉ ရက်နေ့ အစည်း အဝေးတွင် ပါတီ ဖျက်သိမ်းခံရပါက သူ၏ အသည်းတခြမ်း ထုတ်ပေးလိုက်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက“နှစ်ပေါင်း ၂၀ ကျော်လုပ်လာတဲ့ အဖွဲ့ အစည်းတခုကို မလွှဲ မရှောင်သာဘဲ လုပ်လိုက်ရလို့ စိတ်ထဲကတော့ မကောင်းဘူး ပေါ့လေ၊ လူ့သဘော သဘာဝ အရ စိတ်မကောင်း ဖြစ်ရတာ ရှိတာပေါ့၊ တဘက်ကလည်း ဒီလို ဆုံးဖြတ်လိုက်ရတဲ့ အတွက် အင်မတန် သိက္ခာရှိတယ်၊ စိတ်ထဲမှာ ဂုဏ်ယူနေပါတယ်”ဟု စိတ်မကောင်းဟန် တ၀က်၊ မာန်တင်းသံ တ၀က်ဖြင့် ပြောဆိုသည်။
NLD သည် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပင် ပါတီ ဖျက်သိမ်းခံရသည်မှာ ပါတီပျက်ခြင်း မဟုတ်၊ ဒီမိုကရေစီ တိုက်ပွဲ ဆက် လက် ၀င်နေဦးမည်။ ပါတီဆိုင်းဘုတ် မရှိလျှင်လည်း လှုပ်ရှားမှုကတော့ ဆက်လက်ရှိနေဦးမည်ဟု သူက ရှင်းပြသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ဆက်လက် လှုပ်ရှားသွားမည်ဟု ဆိုသည်။
“မှတ်ပုံမတင်ရင် NLD က UG (မြေအောက်အဖွဲ့) ပုံစံ လုပ်လာမယ်လို့ ပြောကြတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့က ငြိမ်းချမ်းသောနည်း၊ အကြမ်းမဖက်သော နည်းနဲ့ ဆက်လုပ်သွားမယ်”ဟု ဦးဝင်းတင်က ပြောသည်။
မကြာသေးမီက ထုတ်ပြန်သော NLD၏ ပြည်သူ လူထုသို့ ပန်ကြားသည့် ကြေညာချက်တွင်လည်း ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရည်မှန်းချက်များ အောင်မြင်သည် အထိ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် စနစ်တကျ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
မည်သူ့ကို မေးမေး သူတို့ ဆုံးဖြတ်ချက်အတွက် နောင်တ မရကြောင်း၊ ဂုဏ်ယူကြောင်း ပြောဆိုကြပါသည်။ သို့သော်လည်း တချို့က မျက်ရည် ကျနေကြသည်။ စိတ်ထိခိုက်နေကြသည်။ တချို့၏ မျက်ဝန်းတွင် ကြောင့်ကြရိပ်ကို ထင်ထင်ရှားရှား တွေ့ရလေသည်။
Source: http://www.irrawaddy.org/bur/index.php/news/1-news/2994-nld--
NLD က လစဉ် ထောက်ပံ့ပေးသော ငွေသည် နိုင်ငံရေး အကျဉ်းသားများ အတွက် ကောက်ရိုးတမျှင်ပဲ ဖြစ်ဖြစ် အထောက်အကူ ပြုလျက် ရှိသည်ကတော့ အမှန်ပင်။ နိုင်ငံရေးအကျဉ်းသားများကို တဦးလျှင် တလ ကျပ် ၅၀၀၀ မှ ၈၀၀၀ နှုန်း လစဉ်ထောက်ပံ့ ခဲ့သည်မှာ ၁၀ နှစ် ရှိပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် အကျဉ်းကျနေသော နိုင်ငံရေးသမား၂၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။
HIV/ AIDS လူနာများအား ထောက်ပံ့ပေးခြင်း၊ ဆေးဝါး ကုသပေးခြင်း စသည်တို့ကို ၂၀၀၂ ခုနှစ်ကတည်းကစပြီး ယနေ့ထိတိုင် ပြုလုပ်ခဲ့ပြီး နာဂစ် ဒေသတွင် ရေတွင်းများ တူးဖော် ပေးခြင်း တို့ကိုလည်း လုပ်ဆောင်နေကြသည်။ ခက်ခက်ခဲခဲ လုပ်ကိုင်ရသော ဤလုပ်ငန်းများက နောက်ပိုင်းတွင် ပိုမို ခက်ခဲလာမည်ဟု ရခိုင် အမျိုးသားကြီးက ရှင်းပြသည်။
သူ့ထံသို့ လာရောက်ပြီး မေးမြန်းကြသူများကို “ပါတီ မရှိတော့ပေမယ့်လည်း ကျနော်တို့ ဒီမိုကရေစီ အရေးအတွက် ဆက်လက် တိုက်ပွဲ ၀င်သွားမှာပါ၊ နိုင်ငံရေးလှုပ်ရှားမှုကတော့ ရှိနေမှပါ” ဟု ပြန်ဖြေနေရသည်ဟု သူက ဆိုသည်။
ရင်ထဲ လေးလံနေကြောင်း၊ စိတ်ဖိစီးနေကြောင်းလည်း သူက ပြောပြသည်။
ခေါင်းဆောင် တဦးကလည်း “အားလုံး ဆုံးဖြတ်ပြီးသား ဖြစ်နေတာကို ပြန် ပြင်ဆင်ဖို့ စိတ်ကူး မရှိပေမယ့် ဒီစွန့်စားမှုက ပြင်းထန်တော့ ပါတီကို ဖျက်ပစ်လိုက်သလို ဖြစ်မှာကိုတော့ စိတ်ပူနေတာ အမှန်ပဲ”ဟု သူက ခံစားချက်ကို ပြောပြရင်း သက်ပြင်းမော ချသည်။
အဖွဲ့ချုပ်ပိုင် ပစ္စည်းများ ဆက်လက်သိမ်းရေး အတွက်လည်း ဆောင်ရွက်နေကြသည်။ ပါတီ ဖျက်သိမ်းပြီးပါက အဖွဲ့ဝင်များ စုစုစည်းစည်း တွေ့ဆုံကြရန် အခက်အခဲ ရှိလာနိုင်ကြောင်း အဖွဲ့ဝင်တဦးက ပြောသည်။
“တရားဝင် ပါတီ အနေနဲ့ ရပ်တည်တာတောင် ကျနော်တို့ကို ဖမ်းဟယ်၊ ဆီးဟယ် လုပ်နေတာ ပါတီ မရှိတော့လို့ ခင်ဗျားတို့ ကျနော်တို့ တနေရာမှာ တွေ့ကြမယ်ဗျာ၊ နိုင်ငံရေးကြောင့် မဟုတ်ဘဲ လူမှုရေးအရ တွေ့ကြမယ် ဆိုရင်ကော အတားအဆီး အနှောင့် အယှက် ကင်းမယ် ထင်လား၊ ဘယ်လို တွေ့ဆုံကြမလဲ”ဟု မန္တလေးတိုင်း လူငယ်အဖွဲ့ဝင်တဦးက ၀င်ပြောသည်။
ထို့ပြင် ထောင်မှ ထွက်လာသော နိုင်ငံရေးသမား အများစုမှာ ထောင်မှထွက်ပြီး စုရပ်အဖြစ် အဖွဲ့ချုပ်ရုံးသို့ လာရောက်ကြကာ ပါတီ တာဝန်ထမ်းဆောင်ရင်း စိတ်ဓာတ် အင်အား ပြန်လည်မွေးမြူကြသော ဖြစ်ရပ်တချို့လည်း ပျောက်ဆုံးသွားနိုင်ကြောင်း သူက ရှင်းပြသည်။
ပဲခူးတိုင်းမှ ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးကလည်း ၎င်းတို့ကို စစ်ထောက်လှမ်းရေးက NLD မှ ထွက်ရန် အဆက်မပြတ် စည်းရုံးခဲ့ကြောင်း၊ ထွက်မည်ဆိုပါက ငွေကြေး(သိန်း ရာဂဏန်း)အထိ ထောက်ပံ့ပေးမည်ဟု ဆိုကာ မက်လုံးပေးခဲ့ကြောင်း ပြောပြသည်။
ကိုယ်စားလှယ် အများစုက “မထွက်ဘူး၊ ထောင်ချချင်ချ” ဟု တင်းခံကာ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ သည် အစိုးရဧည့်ဂေဟာ ဟုခေါ်သော နေရာများ၊ အကျဉ်းထောင်များတွင် နှစ်ရှည် နေထိုင်ခဲ့ရသည်ဟု သူက ပြောသည်။
၎င်းတို့၏ မိသားစုများက နောက်ကွယ်မှ နှစ်ပေါင်းများစွာ အထောက်အကူပြုသဖြင့် နိုင်ငံရေး ဆက်လက် လုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ပါတီ ဖျက်သိမ်းရမည်ဆိုပါက သူ့ကို နှစ် ၂၀ကျော် ကြာ ပံ့ပိုးခဲ့ရသည်မှာ အလဟဿ ဖြစ်ကုန်ပြီဟု သူ့မိသားစုဝင်များက ဝေဖန်နေကြောင်း ပြောပြသည်။
Post a Comment