လူထုစိန်ဝင်း
စာနယ်ဇင်းတွေဖတ်ရင်းနဲ့ အနယ်နယ်အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေလုပ်ကြတဲ့ သတင်းတွေမပြတ် တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လတစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော် နေ့ကျော်လွန်သွားလည်း ဟော ပြောပွဲတွေ ဆက်လုပ်ကြတယ်။
ဆရာတွေဖောင်းပွနေ
အခုတော့ နတ်တော်လတစ်လတည်း သာမကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တော ရော မြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာတွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေ လှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာ လေးတစ်ခုရှိပါတယ်။ နယ်တစ် နယ်မှာ စာပေလှုပ်ရှားမှုတစ်ခုလုပ်တဲ့ သတင်းကိုရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူကသဘာပတိ လုပ်ပြီး အတွင်းရေးမှူးဆရာ မောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ဆရာမောင် ပန်းရောင်တို့က ကဗျာရွတ်ကြတယ်စတဲ့ အရေးအသားမျိုးတွေ ကိုချည်းတွေ့ရတယ်။ သတင်းတစ် ပုဒ်အနေနဲ့'လိုတိုရှင်း'မဖြစ်သလို ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။
ခြေသည်းလှီးတဲ့ ဆရာကတော်
ပြောရတာအားနာပါတယ်။ ကိုယ်ကစာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့ နာမည်တွေအားလုံးလောက် နီးပါးဟာ ကိုယ်မကြား ဖူး တဲ့နာမည်တွေချည့် ဖြစ်နေတတ်တယ်။ ရှေ့လျောက်ကြိုးစားပြီး စာကိုနှံ့စပ် အောင်ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေး ရတယ်။ တစ်ဆက်တည်းပြောချင်တာလေးတစ်ခု ကြုံတုန်းပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာ လား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကိုရက်ရောလွန်း တယ်လို့စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ် ဆရာစသဖြင့် လူတွေ့ တိုင်း ဆရာခေါ်တာ အကျင့်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော် တို့ငယ်ငယ်က မန္တလေးမှာရပ်ကွက် ထဲလှည့်ပြီးခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။သူတို့ကိုဘာကြောင့်မှန်း မသိ'ဆရာကတော်'လို့ခေါ်ကြတယ်။
သခင်ခေါ်ရာက ကူးစက်တာလား
အသက်ကြီးလာတော့သူများတွေက ဆရာကတော်၊ ဆရာကတော် နဲ့ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည့်ပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့် ဟာ ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေး မှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကိုသခင်ခေါ်ရာက ကူးစက်သွားတာလား။ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့်ဖြစ် သွားတာလား သေသေချာချာ လေ့ကျင့်ကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြတာတွေ တွေ့တိုင်းစိတ်ထဲမှာ ဘ၀င်မကျဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။
သွေးနထင်ရောက်ဖြစ်တတ်တယ်
အချက်နှစ်ချက်ပေါ်မူတည်ပြီး ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ထင်တာပါ။ ပထမအချက်ကတော့ဆရာ၊ ဆရာနဲ့အခေါ်ခံရပါ များတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွဖြစ် သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိ လို့သွားတဲ့အခါတွေ့တဲ့ ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင်ခေါ်တဲ့ အခါကျတော့ပင်ကို ရိုးသားတဲ့လူတောင် ဆရာဆိုတဲ့အခေါ်နဲ့လိုက်အောင် အာ ဏာပါဝါပြချင်တဲ့ စိတ်တွေဝင်လာပြီး ဟိန်းတာ ဟောက် တာတွေ လုပ်တတ်သွားပါတယ်။ ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာရပ်လိုက်ရင် အလိုလို ရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ရှိပါတယ်။ ကြောက်သ လိုလို၊ ရွံ့သလိုလိုနဲ့သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင် တော့ ''ဒါလူနာတွေ့ချိန်မဟုတ်ဘူး'' ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီးမျက်နှာငယ်လေးနဲ့ တောင်းပန် ရင်လည်း ''ဆရာဝန်ကြီးရောင်း လှည့်နေတယ်။ ဘယ်သူမှမ၀င်ရ ဘူး''လို့ ဟောက်ဦးမှာပါပဲ။
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကိုကြည့်ပြီး 'ခယ၀ပ်တွား' ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။
ကျွန်စိတ်
လူတွေ့တိုင်း ဆရာခေါ်တဲ့ အကျင့်ဖြစ်နေသူနဲ့ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ် ကိုတောင် ဆရာခေါ်တဲ့အ ကျင့်ဖြစ် နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင်လူတိုင်းဟာ ကြောက်ရမယ့်လူ၊ 'ခယ၀ယ' လုပ် ရမယ့်လူလို့ချည်း ထင်မှတ်ပြီးအလိုလိုနေရင်း 'သိမ်ငယ်စိတ်' (inferiorty complex)တွေ ၀င်လာတတ်ပါ တယ်။ သိမ်ငယ်စိတ်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ရှိပါတယ်။ ကျွန် စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွား လာတာဖြစ်ပါတယ်။
သခင်
စိတ်နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော်နေခဲ့ရလေတော့။ လူတွေမှာ အနည်းနဲ့ အများဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့နေခဲ့ကြတဲ့ သခင်လူမျိုးဖြစ်တယ်ဆိုတာကို သတိပေးဖို့ အတွက်အဖွဲ့ ၀င်တိုင်းရဲ့နာမည်ရှေ့ မှာ 'သခင်'တပ် ပြီး၊ သခင်နု၊ သခင် အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင် သန်းထွန်းလို့ ခေါ်ခဲ့ကြ တာဖြစ် တယ်။ ''မင်းတို့ဆရာကိုလေ စာရင်း တို့ကာသာ ထားလိုက်ပေတော့''လို့ ဆိုခဲ့တဲ့ဆရာကြီး ဦးလွန်းတောင် တပည့်တွေဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့က မားမားမတ်မတ်နဲ့ ပါမြဲဖြစ် တဲ့အတိုင်း ''သခင်ကိုယ်တော်မှိုင်း'' ဖြစ်သွားခဲ့ရပါတယ်။
ဇွတ်ရိုက်မသွင်းသင့်
ယဉ်ကျေးတယ်ဆိုတာ အင်မတန်လိုလားအပ်တဲ့အရာဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာနှိမ့်ချတာကို ယဉ်ကျေးမှုလို့ထင် မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချ စိတ်ထားဖို့ သွန်သင်ဆုံးမလေ့ရှိကြ တယ်။ ''လူ့အောက်ကျို့လို့မသေ ပါဘူး''ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့ တယ်။ အောက်ကျို့လွန်း နှိမ့်ချလွန်း တဲ့စိတ်ကနေပြီး'ကျွန်စိတ်'ပေါက်ဖွား လာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊ မောက်မာစော်ကားမရှိတာ အင်မတန်ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ ဒီစိတ်ဓာတ် မျိုးမွေး ရမှာ။အောက်ကျို့တာနှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေ ခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။
ထိုက်တန်တဲ့လေးစားမှု
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။တစ်ဖက်သားရဲ့ အပေါ်ယံပကာသနအဆောင်အယောင် တွေကိုကြည့်ပြီး'ခယ၀ပ်တွား'ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ ဆိုက်ကားသမားပဲ ဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲ ဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊လူသားအနေနဲ့ ထိုက်သင့်တဲ့ အလျောက် လေးစားမှုပေးဆက်ဆံတာဟာ ယဉ်ကျေးခြင်းဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာလိုတယ်။
ဆင်းရဲရင်မကန်တော့ချင်
မှန်တာပြောရရင်လူအချင်းချင်းလူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူး အာဏာလို၊ အပေါ်ယံပကာသနတွေကို ကြည့်ပြီးဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်သားမစပ်တဲ့ ငွေရှိသူ ဂုဏ်ဒြပ်နဲ့ ရာထူး အာဏာရှိသူကို အခါကြီးရက်ကြီး ရောက်တိုင်း မမေ့မလျော့နှစ်စဉ် ယဉ်ကျေးမှုအရဆိုပြီး သွားကန့်တော့ တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန် တော့ဖို့ မေ့လျော့နေတတ်ကြ တာများတယ်။ယဉ်ကျေးမှုဆိုတာ လူအချင်းချင်းလူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှုထွန်း ကားစေဖို့ကိုပဲ မျော်လင့်ရပါတယ်။
http://www.first-11.com/
Monday, April 5, 2010
လူကိုလူလို လေးစားခြင်းဟာ ယဉ်ကျေးမှု
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
No comments:
Post a Comment