မင်းသက် | ကြာသပတေးနေ့၊ ဧပြီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၈ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့ ညနေ ၃ နာရီခန့်၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ မြို့နယ် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်းအနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌ ဗုံးများပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးကာ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်း အပါအ၀င် ဒဏ်ရာရရှိသူ ၆၃ ဦးအား ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသနေရကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။
''ဒဏ်ရာရသူတွေ များတယ်။ အဲဒီအထဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဒုရဲအုပ် မောင်မောင်ဟန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့ ပါတယ်။ စုစုပေါင်း အခု ၆၃ ဦးက ဆေးရုံကြီးမှာ'' ဟု တိုင်း ရဲချုပ်ရုံး၏ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
ရန်ကုန် စည်ပင်သာယာရေးကော်မတီ၏ အရာထမ်းတဦးကမူ ဒဏ်ရာရရှိသူ ဦးရေ ၈၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုသလို၊ မြန်မာ့အသံက ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ညနေ ၆ နာရီတွင် သတင်းကြေညာရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးပြီး၊ ၇၅ ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။ သို့သော် နောက်ဆုံးသတင်းအရ စုစုပေါင်း ၈ ဦးသေဆုံးပြီး ၈၄ ဦး ဒဏ်ရာရရှိကြောင်း အစိုးရသတင်းဌါနကပြောသည်။
သတင်းကြေညာချက်နှင့် ပတ်သက်၍ တာမွေမြို့နယ် ဒေသခံတဦးက ''တော်တော်ထူးဆန်းတယ်နော်။ အစိုးရက တခါမှ ဒီလိုသတင်းမျိုးကို ပြည်သူကို အသိပေးတာ မကြားဖူးဘူး။ အခု ပေါက်ကွဲမှုကို ချက်ချင်းတောင် ကြေညာလို့ ကျနော်တို့ အရမ်း အံ့သြမိတယ်'' ဟု ပြောဆိုသည်။
အခင်းဖြစ်ရာသို့ ဗုံးကွဲပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ရောက်ရှိသွားသူတဦးက ''၃ နာရီလောက်က အသံ ၃ ခု ဆက်တိုက်ထွက်လာတယ်။ ကားဘီးပေါက်တာလို့ ရုတ်တရက် ထင်တာ။ ပြီးမှ အသံက တမျိုးဖြစ်နေတဲ့အတွက် မသင်္ကာလို့ သိမ်ဖြူကွင်းမှာ ရေပက်နေတဲ့ သူငယ်ချင်းတွေကို လှမ်းမေးတော့ ဗုံးပေါက်တာလို့ ပြောတယ်။ သွားကြည့်တော့ ရဲတွေက လူတွေကို အနားမကပ်ရတော့ဘူး။ အားလုံး ကိုးရိုးကားယားတွေ ဖြစ်ကုန်တယ်။ တချို့ ပြေးကြလွှားကြ၊ ငိုကြယိုကြပေါ့။ အဲဒီမဏ္ဍပ်မှာ ရေကစားတဲ့ သားသမီးတွေရှိတဲ့ မအေမိဘတွေကတော့ အဲဒီနားမှာပဲ ငိုနေကြတယ်'' ဟု ပြောသည်။
ပေါက်ကွဲမှုအနီးရှိ တွေ့သမျှ လူများအား ရဲက လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့် ဒေသခံလူငယ်တဦးက ''လိုက်ဖမ်းနေတာ။ ကျနော်တို့ ပြေးရတယ်။ မလွယ်ဘူး။ အိမ်က ယူသွားတဲ့ ကင်မရာကိုလည်း သိမ်းထားလိုက်တယ်'' ဟု ပြောသည်။
ဗုံးပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဟု မသိရသေးသော်လည်း မသမာသူများက ဗုံးများ လာရောက်ထားရှိကာ အချိန်ကိုက် ပေါက်ကွဲစေကြောင်း ရဲများက ယူဆနေသည်။
mizzma သတင်းမှ
Thursday, April 15, 2010
ကန်တော်ကြီး ဗုံးပေါက်ကွဲမှုတွင် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
- Myitsone bomb blast suspects arrested
- နွားကျောင်းသားရဲ့ အမေး အဖြေ
- လုပ်စားချင်တာနဲ့ ဖောက်တဲ့ဗုံး.
- ပြည်သူတဦးရဲ့ အိမ်မက်...
- ရေကြောင်းတက္ကသိုလ်က မတရားမှုအကြောင်း
- ဆုငွေ ဆယ်သိန်း..
- ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း...
- " အင်္ဂါဆုတောင်း သူရဲကောင်းတို့ရဲ့ ခေါင်းလောင်း ထို...
- ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀...
- အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမာ...
- ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)
- အလင်းမဲ့သော ဘဝများ..
- မြတ်စွယ်တော်ကိန်းဝပ်ရာကမ္ဘာအေးဘုရားမှာလည်း ဗုံးခွဲ့...
- ၀တ္တကမြေကိုပါ မျက်စောင်းထိုးနေတဲ့သန်းရွှေ..(အထင်..မစ...
- ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို
- မဆိုင်သူတွေကို ခွေးဆွဲနေသည်.။
- တွေ့ရှိပါကအမြန်ဆုံးအကြောင်းကြားပေးပါရန်
- ရွှေဝါရောင်..တော်လှန်ရေး၏ သမိုင်း..
- Ethics of Drugs (HUNGRY BEAST)
- နအဖရဲ့ ဘိန်း စစ်ပွဲ (Opium Free State)
- ဖတ်ကြည့်ကြပါ..ဒူဘိုင်းသွားချင်ကြသူများ
- အဖေကြီး..အသက်ရှည်ပါစေတဲ့ဗျား..
- NLD_LA Statement on Bomb Blast in Rangoon
- ငါမသေဖူး..ရေကူးတတ်တယ်..
- အိမ်ကျယ်
- နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာ...
- ကယ်တော်မူကြပါဗျို့ ..ဖုန်းတောင်းစားတော့ မဖြစ်လို
- လေမှုတ်တာမှ ကြိုက်သောနအဖ..
-
▼
April
(377)
5 comments:
အလွန်စိတ်မကောင်းစရာ သတင်းပါ။ သေဆုံးသွားတဲ့ လူတွေအတွက်ဝမ်းနည်းမိပါတယ်။ ဆုံးပါး သွားတဲ့ အပြစ်ကင်းတဲ့ သူတွေရဲ့ မိသားစုတွေနဲ့ အတူ ထပ်တူထပ်မျှ ဝမ်းနဲပါတယ်။
အကြမ်းဖက်တဲ့ ဝါဒ နဲ့  အကြမ်းဖက်သမားများကို ပြင်းထန်စွာ ရှုတ်ချပါတယ်။
မြန်မာပြည် အပေါ် အကြောင်းအမျိုးမျိုးပြ အပြစ်တင် နေကျ သူတွေဆီက ဘာသံမှ မကြားရသေး တာကတော့ ထူးဆန်းတယ်။
မြန်မာ့ရိုးရာ သင်္ကြန်အလှ ဖျက်ဆီးသူများ ပြည်သူ့ အားနဲ့ ဝိုင်းဝန်းဖော်ထုတ် ဟန့် တား
ကျော်ရဲမင်း
၂ဝ၁ဝခုနှစ် ဧပြီလ၁၅ရက်၊ မဟာသင်္ကြန်အကြတ်နေ့ နွေနေ့လယ်ခင်း။ ရေကစားမဏ္ဍပ်များ၊ ရေပက်ခံကားများ၊ ရေကစားကြသူများ၏ပျော်ရွှင်ရယ်မောသံများ၊ စနောက်ကျီစယ်သံများ၊ တေးသီချင်းသံများ၊ ဂီတသံများ စည်စည်ဝေလျှံ အားမာန်တက်ြ<ွက ရန်ကုန်မဟာသင်္ကြန်၏
အလှတရားများ သက်ဝင်နိုးကြားနေချိန်။ ကန်တော်ကြီးမှာ ဗုံးကွဲလို့....တဲ့။
ဗုံးက သုံးလုံးတောင်ဆိုပဲ။ လူတွေ သေကုန်ပြီ။ အော်ကြ ဟစ်ကြ ငိုကြ ယိုကြနဲ့.... ငရဲပွက်သလိုပဲ....တဲ့။ အမယ်လေး....ရက်စက်ကြပါပေရဲ့။ စိတ်မကောင်းလိုက်တာ။ ရေကစား ကြတဲ့ ကလေးတွေ သေကျေထိခိုက်ဒဏ်ရာရကြတော့ မိဘတွေဆိုတာ ဘာပြောကောင်းမလဲ။ ယူကျုံးမရ အပူလုံြး<ွက၊ ဖျပ်ဖျပ်လူးပေါ့။ သြော်.... ရက်စက်လိုက်ကြတာ၊ ယုတ်မာလိုက်ကြတာ။ သင်္ကြန်ကိုတောင် မရှောင်
ကြတော့ပါလား။
ဒီသတင်းဆိုးကြီးနဲ့အတူ ရန်ကုန်မြို့ရဲ့ မဟာသင်္ကြန်ဟာ ချက်ချင်းပဲ အရုပ်ဆိုး အကျည်းတန် သွားပါတယ်။ ဒီသတင်းကြားကြားချင်း ကျွန်တော်လည်း ငယ်ထိပ်ကိုြေ>ွမပေါက်လိုက်သလို ဗုံးကွဲတဲ့ ရုတ်ရုတ်သဲသဲ ပြိုပြိုလဲလဲ မြင်ကွင်းကို မြင်ယောင်မိပြီး စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။
သားတွေ၊ သမီးတွေ ရေကစားသွားနေကြတဲ့ မိဘတွေများဆို ဘယ်လောက်များ ဆောက်တည်ရာမရ မျက်ကလူးဆန်ပျာ ဖြစ်လိုက်မလဲ။ ဘုရားတယ ပြီး သားသမီး တွေအတွက် ရင်မနေကြရမှာ အမှန်ပဲဆိုတာ မိဘချင်း ကိုယ်ချင်းစာ မိပါတယ်။
တကယ်တော့ မဟာသင်္ကြန်ဟာ ကျွန်တော်တို့ မြန်မာတွေအတွက် အထူးခြားဆုံး၊ အထွတ် အမြတ် အထားဆုံး ရာသီပွဲတော် ဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီပွဲတွေအနက် ကျွန်တော်တို့ မြန်မာတွေအတွက် တန်ဖိုး အထားဆုံး၊ အပျော်ရွှင်ဆုံး၊ အနှစ်သက်ဆုံး ရာသီပွဲတော်ဖြစ်သလို အလေးအမြတ် အထားရဆုံး ရိုးရာယဉ်ကျေးမှု ပွဲတြော်ကီး လည်း ဖြစ် ပါတယ်။ မြန်မာမှန်ရင် ကျန်တဲ့ ရာသီပွဲတော်တွေမှာ ပျော်တာထက် သင်္ကြန်မှာ ပိုပျော်တယ်၊ ကျန်တဲ့ ရာသီပွဲတော် တွေထက် သကြင်္န ကိုပိုမို ခင်မင်တယ် အလေးထားတယ်။ ဒါမြန်မာတိုင်း အသိပါပဲ။
တစ်ဖက်က ပျော်ရွှင်မှု အလေးသာသလို အခြားတစ်ဖက်က ကြည့်ရင်လည်း သင်္ကြန် ပွဲတော်ဟာ ဘာသာရေး၊ ကုသိုလ်ရေးနဲ့ ယုံကြည်မှုတွေပါ ဒွန်တွဲပါဝင်နေတာကို တွေ့နိုင်ပါ တယ်။ သင်္ကြန်ဟာ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်။ လူပုဂ္ဂိုလ် တစ်ဦးချင်း အနေနဲ့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကိုပါမသွားရအောင် အတာရေနဲ့ ဆေးကြော သန့်စင်တဲ့ ရိုးရာပွဲတော်၊ နှစ်ဟောင်းက မကောင်းမူ အကုသိုလ်တွေကို ခဝါချပြီး နှစ်သစ်ကို ကောင်းမှုကုသိုလ်တွေနဲ့ ကူးပြောင်းဝင်ရောက်နိုင်ဖို့ ကြိုးပမ်း အားထုတ်ကြတဲ့ ဘာသာရေးပွဲတော်ဖြစ်သလို မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအမွေကိုဆက်ခံ ထိန်းသိမ်းရင်း နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားအားလုံး အေးချမ်းပါစေ၊ ရွှင်လန်းချမ်းမြေ့ကြ ပါစေလို့ အတိတ်ကောင်း နိမိတ်ကောင်းဆောင်ယူပြီး မေတ္တာရေစင် ဖျန်းပက်တဲ့ ယဉ်ကျေးမှု ပွဲတော်လည်း ဖြစ်ပါတယ်။
တကယ်တော့ အကြမ်းဖက် အဖျက်သမား လူရမ်းကားတွေဟာ ကျွန်တော်တို့ ပြည်သူများ ကြားထဲမှာပဲ အသွင်အမျိုးမျိုးယူပြီး ခိုအောင်းနေ ကြတာဖြစ်ပါတယ်။ အဖျက်သမားမှာ ချိုမပါလို့ အလွယ်တကူ မခွဲခြား၊ မသိမြင်နိုင်ပေမယ့် ကျွန်တော်တို့ သာမန်ပြည်သူတွေထဲမှာ ရောနှော ဝင်ရောက်ပြီး အခုလို လူမဆန်တဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို လက်ရဲ ဇက်ရဲ ကျူးလွန်နေကြခြင်း ဖြစ်ပါတယ။် ဒါကို ကျွန်တော်တို့  ပြည်သူတွေ သတိမူကြဖို့  လိုပါတယ်။
နိုင်ငံတော်မှာ ရရှိထားပြီးဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ပျက်စီးရာ ပျက်စီးကြောင်း အဘက်ဘက်က နှောင့်ယှက် ဖျက်ဆီးဟန့်တားဖို့ ကြိုးပမ်းနေကြတဲ့ အဖျက်သမား အုပ်စုကို သတိတရား လက်ကိုင်ထားပြီး ဝိုင်းဝန်းဖော်ထုတ် ဟန့်တားနိုင်ဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူအားလုံးက အသိတရားရှိရှိနဲ့ ပူးပေါင်းပါဝင်မှသာ အချိန်တိုတွင်း အောင်မြင်နိုင်မဲ့ အရေးကိစ္စ ဖြစ်သလို ပြည်သူတစ်ရပ်လုံးရဲ့  အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် အရေးကြီးတဲ့ ပြည်သူ့တာဝန် တစ်ရပ်လည်းဖြစ်တယ်လို့ ခံယူကြရပါမယ်။
ချုပ်ပြီးဆိုရရင် အကြမ်းဖက်အဖျက်သမားတွေဟာ ကျွန်တော်တို့ရဲ့ .ရိုးရာမဟာသကြင်္န ပွဲတော်ကို ရုပ်ဆိုးအကျဉ်းတန်အောင် ဖျက်ဆီးခဲ့သလို အများ ပြည်သူကိုလည်း တိတိပပ ထိပါး စော်ကားခဲ့ကြပါတယ်။ ဒါကြောင့် ပြည်သူ များအနေနဲ့ အကြမ်းဖက် အဖျက်အုပ်စုရဲ့ အန္တရာယ်ကို သတိပြုဖို့လိုအပ်သလို သူတို့ကို ပြည်သူအားနဲ့ ဝိုင်းဝန်း ဖော်ထုတ် ဟန့်တား နိုင်ဖို့လည်း လိုအပ်နေပြီ ဖြစ်ပါတယ်။
ပြည်သူကိုစော်ကား၊ ရိုးရာမဟာသင်္ကြန်ရဲ့ အနှစ်သာရကို ဖျက်ဆီး၊ အပြစ်မဲ့ပြည်သူ ၁၇ဝ ကျော်ကို သေကျေ ထိခိုက်ဒဏ်ရာရရှိ အောင် ယုတ်မာရက်စက်ခဲ့ကြတဲ့ အကြမ်းဖက် အဖျက်သမားတွေကို ဖမ်းဆီး ရမိရေးအတွက် မြန်မာပြည်သူတိုင်းက မသင်္ကာဖွယ် ထူးခြားမှုတွေ တွေ့ရှိ တာနဲ့တစ်ပြိုင်နက် သက်ဆိုင်ရာကို အချိန်မီသတင်းပေးပို့ပြီး တာဝန်သိသိ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း တပ်လှန့်နှိုးဆော် လိုက်ရပါတယ်။
၁၆-၄-၂ဝ၁ဝ နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၁၂) မှ ပြန်လည်ကူးယူ ဖေါ်ပြထားသည်။
ဒါကြောင့် သင်္ကြန်မှာ ရေကစားကြ၊ ကကြခုန်ကြ၊ သီဆိုကြ၊ ပျော်ရွှင် ကြသလို အခြားတစ်ဖက်ကလည်း ငါးလွှတ်ပွဲတွေ ဘေးမဲ့လွှတ်ပွဲတွေ ဆင်နွှဲပြီး ဇီဝိတဒါနပြုကြတယ်။ စတုဒိသာအလှူပွဲတွေလုပ်ပြီး ကျွေးမွေးကုသိုလ်ယူ ကြတယ်။ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီး တရားဘာဝနာ ပွားများ ကြတယ်။ ဘိုးဘွားတွေကို ရေချိုး၊ ခေါင်းလျှော်၊ လက်သည်းညှပ်ပေးပြီး လုပ်ကျွေးပြုစု ကုသိုလ်ယူကြတယ်။ အထူးအားဖြင့် နှစ်ဟောင်းကနေ နှစ်သစ် ကူးပြောင်းချိန်မှာ မင်္ဂလာယူပြီး မင်္ဂလာရှိတဲ့၊ ကုသိုလ်ဖြစ်တဲ့ ကောင်းရာ ကောင်းမှု အစုစုကိုပဲ တကူးတက ရွေးချယ်ပြီး ပြုလေ့ရှိကြပါတယ်။ ဒါဟာ သင်္ကြန်ရဲ့ ထူးခြားချက်ဖြစ်သလို မြန်မာကသာမက ကမဃာကပါ တန်ဖိုးထား လေးစားရတဲ့ အချက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနဲ့ ကြည့်ရင်လည်း နှစ်ဟောင်းမှာ ကြုံတွေ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ အနှောင့်အယှက်တွေကို ချေဖျက်ပြီး နှစ်သစ်မှာ အောင်မြင်မှု တွေ၊ တိုးတက်မှုတွေ ကမ်းလင့်စောင့်ကြို နေရအောင် ယုံကြည်မျှော်လင့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားသစ် မာန်သစ်တွေ မွေးဖွားတဲ့၊ အောင်အတိတ် အောင်နိမိတ် ဆောင်ယူတဲ့ မင်္ဂလာ အခါသမယ ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာသင်္ကြန် ပွဲတော်ဟာ ကျွန်တော်တို့ မြန်မာတိုင်းအတွက်ရော၊ နိုင်ငံနဲ့ပြည်သူ တစ်ရပ်လုံး အတွက်ပါ ထူးခြား လေးနက်တဲ့၊ အလေးအမြတ်ထားတဲ့ အဓိကရိုးရာ ပွဲတော်ကြီး လည်းဖြစ်ပါတယ်။
ဒီလို မြန်မာကသာမက ကမ္ဘာကပါ လေးစားတန်ဖိုးထားရတဲ့ မဟာသင်္ကြန် ပွဲတော်ကြီးမှာ မြန်မာလူမျိုးတိုင်း အေးချမ်းလွတ်လပ်စွာ ဆင်နွှဲပျော်ရွှင် နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရက မဟာသကြင်္န ရုံးပိတ်ရက် ကာလကို (၁ဝ)ရက် တိုင်တိုင် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ အခြား ဆယ့်နှစ်လ ရာသီပွဲတော် များထက် သကြင်္န ပွဲတော်ရဲ့  ထူးခြားလေးနက် ထင်ရှားစေတဲ့ အချက်ပါဘဲ။
မြန်မာမှန်ရင် သင်္ကြန်ကို ချစ်ကြတယ်။ သင်္ကြန်မှာ ပျော်ကြတယ်။ သင်္ကြန်ပိုးက မြန်မာ့သွေးထဲမှာ ပျော်ဝင်နေပြီး ဖြစ်လေတော့ သင်္ကြန်နီးလာရင် သင်္ကြန်ပိုး ရွပိုးထိုး လာတတ်တာ ဓမ္မတာပါပဲ။ ဘယ်နိုင်ငံ၊ ဘယ်ဒေသရောက် နေနေ သင်္ကြန်နီးလာရင် ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာ ပြန်ချင်ကြတယ်။ မဖြစ်ဖြစ်အောင် ကြိုးစားပြီး ပြန်ကြတယ်။ ကိုယ့်.ရိုးရာသင်္ကြန်ကို ပျော်ပျော်ကြီး နွှဲပျော်ကြတယ်။ မြန်မာနဲ့ သင်္ကြန်၊ သင်္ကြန်နဲ့ မြန်မာဟာ ခွဲမရနိုင်သလို သင်္ကြန်ချစ်တဲ့ မြန်မာ့စိတ်ဓာတ်ကိုလည်း ဖျောက်ဖျက် ပစ်လို့ မရနိုင်တာ အမှန်ပါပဲ။
အခုတော့ ချစ်စရာ၊ မြတ်နိုးစရာ၊ မြန်မာ့ရိုးးရာ မဟာသင်္ကြန်ကြီးဟာ အရုပ်ဆိုး အကျဉ်းတန် သွားခဲ့ရပါပြီ။ ရိုးသားစွာ၊ အေးချမ်းစွာ၊ အပြစ်ကင်းစွာ ရိုးရာသင်္ကြန်ကို ဆင်နွဲ ပျော်ရွှင် နေကြတဲ့ ပြည်သူတွေကြားထဲမှာ ဗုးံသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ သတင်း တွေ အရ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မှာရှိတဲ့ ရေကစားမဏ္ဍပ်ရဲ့ရှေ့မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဗုံးကွဲမှုတွေကြောင့် အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြတဲ့ အပြစ်မဲ့ပြည်သူ ရှစ်ဦးသေဆုံးခဲ့ရပြီး ၁၇ဝဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မကြားဝံ့ မနာသာ ပါကလား။ မမြင်ရက် မမြင်ရက်စရာပါကလား။ အင်မတန် ဝမ်းနည်းကြေကွဲ ဖွယ်ပါကလား။
တကယ်တော့ အကြမ်းဖက် အဖျက်အုပ်စုအနေနဲ့ ဒီလို မြန်မာတွေ အထွတ်အမြတ်ထားတဲ့ မဟာသင်္ကြန်ပွဲတော်ကြီးကိုတောင်မှ လက်မရှောင် နိုင်တော့ လောက်အောင် ရက်စက်ယုတ်မာမှု အရာမှာ ကမ်းကုန်နေကြပြီလား။ အပြစ်ကင်းတဲ့၊ ရိုးသားအေးချမ်းစွာ ပျော်ရွှင် နေကြတဲ့ အများပြည်သူအပေါ်မှာတောင် ဒီလို အငြိုးအတေး အာဃာတကြီးကြီး ထားပြီး သွေးအေးအေးနဲ့လုပ်ရက်နေကြပြီလား။
တကယ်တော့ မြန်မာ့ ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီးမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားနေကြတဲ့ အများပြည်သူကို အခုလို ရက်ရက်စက်စက် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဟာ ပြည်သူကိုထိပါး စော်ကားခြင်းသာ ဖြစ်ပါတယ်။ အင်မတန်မှ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုကြီး ဖြစ်ပါတယ်။ ဒီအကြမ်းဖက် အဖျက်လုပ်ရပ်အတွက် ကျွန်တော်တို့ပြည်သူ တိုင်းက အဲဒီအကြမ်းဖက် အဖျက်သမားတွေကို အလွန်ပဲ စက်ဆုပ် ရွံရှာ နေကြ ပါတယ်။ တစ်ဆက်က ထိခိုက်သေကြေ ဒဏ်ရာရခဲ့တဲ့ အပြစ်မဲ့ ပြည်သူတွေ အတွက် ရင်နာကြေကွဲမိသလို အခြားတစ်ဖက်ကလည်း အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ အဖျက်သမား လူရမ်းကားတစ်စုကို နုပ်နုပ်စဉ်းပစ်ချင်လောက်အောင် မုန်းတီးရွံရှာမိတာ အမှန်ပါပဲ။
ဘယ်သူလက်ချက်လည်းဆိုတာ အရှင်းကြီးလေ.. ဘာမှာလက်နက်မပါတဲ့သူတွေ မေတ္တာပို့လမ်းလျှောက်တာတောင် သေနတ်နဲ့ပစ်ပြီး ကျီးကန်းတောင်မှောက်ဖြစ်နေတာ.. အခုလို သူတို့ကိုယ်တိုင် ဗုံးခွဲတာ မဟုတ်ဘူးဆိုရင် ညမထွက်ရဆိုတဲ့ အမိန့်ချက်ချင်းထုတ်မှာ သေချာပါတယ်.. အခုတော့ ကြိုတင်စီစဉ်ထားတော့ ချက်ချင်းကို သတင်းထဲလွှင့်မှာပေါ့.... မယက ငှက်ကဥ ကတော့ ထိုးကျွေးခံရတာပါ... ကြပ်ဖွတ်တို့ ရမ်းကားရှင်တို့ နောင်တ ရသင့်ပြီနော်.. ဒင်းတို့ကို အဖေထင်နေ အရင်ဆုံး ထိုးကျွေးခံရမှာ မင်းတို့ ပဲ...
Post a Comment