Monday, April 5, 2010

သံဃာထုမှ ထောက်ခံကြိုဆိုသည် . NLD

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရဲ့ဝင့်ပြတ်သားသည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း အထူး ထုတ်ပြန်ကြေငြာချက်
ရက်စွဲ။ ။ ၂-၄-၂၀၁၀

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်သူတရပ်လုံး၏ ဆန္ဒကို အလေးပေး၍ အာဏာသိမ်း တရားမဝင် စစ်အစိုးရဘ၀မှ တရားဝင်အမည်ခံ အရပ်သားအစိုးရ ဘ၀သို့ အရေခွံလဲ အဆုံးသတ် ကူးပြောင်းရန် ကျင်းပမည့် အတုအရောင် ၂၀၁၀ ရွေးကောက်ပွဲ ကို ပြတ်သားစွာ ဆန့်ကျင်ဆုံးဖြတ် ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ် စားလှယ်အဖွဲ့ အနေဖြင့် လှိုက်လှုက်လှဲလှဲကြိုဆို ထောက်ခံအပ်ပါသည်…….။

၎င်းဆုံးဖြတ်ချက်၏ နောက်ကွယ်တွင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရန်အတွက် မှန်ကန်သော မဟာဗျူဟာ၊ နည်းဗျူဟာများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ဖြင့် ကြိုင်တင်ပြင်ဆင် ထားပြီးဖြစ်လိမ့်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ် စားလှယ်အဖွဲ့ အနေဖြင့် ယုံကြည်ပါသည်…………………...။

ပြည်သူလူထုနှင့်တကွ အတိုက်အခံဒီမိုကရေစီ အင်အားစုများ အနေဖြင့်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀န်းရံ၍ စည်းလုံးညီညွှတ်စွာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက် သွားကြရန် နှင့် ကိုယ်စီကိုယ်စီက မတရားမှု၊ မတရားတဲ့ အမိန့်အာဏာဟူသမျှကို အာခံဆန့်ကျင်ရဲကြဖို့ အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း….။ ”တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏” ဆိုသည့် စကားအတိုင်း ပေါင်းစည်းလို့ ရနိုင်သမျှ အင်အားတွေကို ပေါင်းစည်းကြဖို့ရန် အတိုက်အခံဒီမိုကရေစီ အင်အားစုများ နှင့်တကွ ပြည်သူလူထုအပေါင်းသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ် စားလှယ်အဖွဲ့ အနေဖြင့် လေးလေးနက်နက် မေတ္တာရပ်ခံ တိုက်တွန်းနိုးဆော်အပ်ပါသည်။

* စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန်အတွက် အပြောမဟုတ်ဘဲ လက်တွေ့ အလုပ်ဖြင့် သက်သေပြကြပါစို့

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့
အရှင်ဓမ္မရာဇာ
မြန်မာနိုင်ငံ ပြန်ကြားရေးဌာန ရန်ကုန်မြို့
ရန်ကုန်မြို့ ဆက်သွယ်ရန် Email : abmrc.monks@gmail.com

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်