စဲုထောက်ကြီး..မြစ်ကျိုးအင်း မှ စုံစမ်းထောက်လှမ်းပါသည်။
ရင်ခွဲရုံမှ အဖြစ်အပျက်
သန်လျင်ဆေးရုံဝင်းထဲက ရင်ခွဲရုံမှာ ထားတဲ့ အလောင်းတွေရဲ့ ကိုယ်အင်္ဂါတွေ ပျောက်ဆုံးနေတဲ့ သတင်းတစ်ခု ဒီရက်ပိုင်းမှာ forward mail အဖြစ်နဲ့ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီသတင်းထွက်ပြီး နောက်ပိုင်းမှာ နောက်ထပ် forward mail အဖြစ်နဲ့ ထပ်ရောက်လာတဲ့ သတင်းကတော့ ပျောက်ဆုံးသွားတဲ့ အသားစတွေကို အဘွားကြီး တစ်ယောက်က ဟင်းလျာ အဖြစ်စားသောက်နေတာပါ ဆိုတဲ့ သတင်းပါပဲ။
ဒါနဲ့ပဲ ဒီနေ့ အိမ်ကို ဖုန်းဆက်ဖြစ်တော့ အဲဒီ အကြောင်းကို အဓိက မေးဖြစ်လိုက်တယ်။ ကိုယ့်မြို့ကအကြောင်း ဖြစ်တာကြောင့် စိတ်ဝင်စားပြီး မေးဖြစ်ခဲ့တာပါ။ ဖြစ်ရပ်ရဲ့ တရားခံ အစစ်ကို အတိအကျ မဖော်ထုတ် နိင်သေးပေမယ့် စိတ်ဝင်စားစရာ အချက်အလက်လေးတွေ သိလာရပါတယ်။ ပို့စ်အဖြစ်ရေးဖို့ မရည်ရွယ် ထားပေမယ့် ကျွန်တော် ဘာမှ မလုပ်ဘဲ ပို့စ်တက်တယ် ဆိုတာ ထပ်ဖြစ်ပြန်တော့ စာလာဖတ်သူတွေကို အားနာပြီး ဒီအကြောင်းအရာလေးကို မြန်မြန်ရေးပြီး တင်လိုက်တာပါ။ သိမ်းထားတဲ့ ပို့စ်အဟောင်းတွေလည်း မတင်ချင်တာရယ် ဒီအကြောင်းက အနည်းငယ်တော့ စိတ်ဝင်စားဖို့ ကောင်းမယ် ထင်တာရယ်ကြောင့် တင်ဖြစ် လိုက်တာပါ။
အဲဒီအကြောင်းအရာကို ကျွန်တော် အဓိက မေးဖြစ်တာကတော့ ကျွန်တော့်အစ်မကိုပါပဲ။ သူပြောပြတဲ့ ပုံစံအရဆို ရင်ခွဲရုံက အဘွားကြီးက မသင်္ကာစရာ ဖြစ်နေပါတယ်။ ဒုတိယ forward mail ထဲက လူသားစားတယ်လို့ ရည်ညွှန်း ထားတဲ့ အဘွားကြီးပါ။ အဲဒီ အဘွားကြီး အကြောင်းက စိတ်ဝင်စားစရာတွေ ရှိနေပါတယ်။ ကျွန်တော့် အကိုရဲ့ ဇနီး သန်လျင်ဆေးရုံမှာ မီးဖွားတော့ ကျွန်တော့်အစ်မက လူနာစောင့် လုပ်ပေးခဲ့တယ်။ အဲဒီတော့ အထက်က ရည်ညွှန်းထားတဲ့ အဘွားကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီအဘွားကြီးက အသက် ၆၀ လောက် ရှိပြီး ထောင်ထောင်မောင်းမောင်း ပါပဲ။ ညစဉ် အရက်သောက်တတ် သလို စရိုက်ကြမ်းတယ်လို့ သတ်မှတ်ထားကြတယ်။ ဆေးရုံတက်တဲ့ မီးဖွားလူနာတွေရဲ့ အဝတ်အစားတွေ အဓိကကတော့ ထမိန်တွေကို အတင်းကို ယူလျှော် တတ်တယ်။ အဓိကက ငွေရဖို့ ဆိုပါတော့။ ဆေးရုံမှာ ခရမ်းရောင် ဝတ်တဲ့ သန့်ရှင်းရေး လုပ်သလို ဆေးရုံမှာလည်း သူ့အသံ အဆူညံဆုံးပါတဲ့လေ။ စရိုက်ကြမ်းတော့ အော်ကျယ်အော်ကျယ် ပြောတတ်တယ်လို့ ဆိုလိုချင်တာပါ။ သူက ဆေးရုံသန့်ရှင်းရေး လုပ်တဲ့ အပြင် သူ့ရဲ့ အဓိက ဝင်ငွေရတဲ့အလုပ်က လူသေတွေကို ရင်ခွဲတဲ့ အလုပ်ပါပဲ။
လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ရဲ့ လူသေတစ်လောင်း ရင်ခွဲနှုန်းက ၂သောင်းပါ။ သူက လူသေတစ်လောင်း ရင်ခွဲပေးတိုင်း ငွေ ၂ သောင်းရပါတယ်။ အခုချိန်မှာ ဒီ့ထက်တော့ ဈေးများမယ်လို့ ထင်တာပါပဲ။ အရင်က လူသေရင်ခွဲ တဲ့အလုပ်ကို သူ့ယောကျာ်း လုပ်ခဲ့တာပါ။ သူ့ယောကျာ်းဆုံး သွားတော့ သူကဆက်ပြီး လုပ်ကိုင်တယ်ပေါ့။ အဲဒီအချိန်က ဆေးရုံမှာ လူသေရင်ခွဲတဲ့သူက နှစ်ယောက်ရှိပါတယ်။ အဲဒီအဘွားကြီးရယ် နောက်ထပ် ကုလားတစ်ယောက်ရယ် ရှိတယ်။ လူသေတစ်လောင်း ခွဲတိုင်း နှစ်သောင်းရတော့ သူတို့ နှစ်ယောက်က လုပြီးတောင် ခွဲရတယ်ဆိုပဲ။ အစ်မကိုပြောရင်း ကုလားထက်ဦးအောင် သော့ဖွက်ထားရတယ်လို့ ပြောပြီးသူ့ရင်ဘတ်ထဲမှာ ဖွက်ထားတဲ့ ရင်ခွဲရုံသော့ ကိုပါ ထုတ်ပြခဲ့သေးတယ်တဲ့။ ဈေးကွက်လုရတဲ့ သဘောနဲ့ တူပါတယ်။
သူ့လိုပဲ ကုလားကလည်း သူဦးတဲ့အခါ ရင်ခွဲရုံ သော့ကို ဖွက်ထားတတ်တယ်။ တစ်ခါတော့ လူသေတစ်လောင်းကို မနက်မှ ရင်ခွဲမယ် ဆိုပြီး ကုလားက သော့ဖွက်ထားတယ်တဲ့လေ။ ဒီတော့ အဲဒီအဘွားကြီးက ည ၁၂ နာရီလောက် ရင်ခွဲရုံ ပြတင်းပေါက်ဖျက်ဝင်ပြီး လူသေကိုရင်ခွဲတယ်တဲ့။ ဒါတွေက အဲဒီ အဖွားကြီး ကိုယ်တိုင် လူနာစောင့်တဲ့ ကျွန်တော့်အမကို ပြောပြခဲ့တာပါ။ (မနက်ရောက်တော့ ကုလားလည်း ငွေ ၂သောင်းပျောက်သွားတော့ ရင်နာမှာပါပဲ။) သူနဲ့ ကျွန်တော့်အစ်မ စကားတွေ ပြောရင်း အစ်မက ထုံစံ အတိုင်း အဒေါ် မကြောက်ဘူးလား မေးတာပေါ့။ ငါ့ကိုသူတို့ကတောင် ပြန်ကြောက်ရမှာပါတဲ့ဆိုပြီး ပြန်ဖြေတယ်။
လူသေတွေကို ရင်ခွဲတဲ့အခါ အတွင်းကလီစာတွေ ဘယ်မှာ သွားထားလဲ မေးတော့ ရင်ခွဲရုံ ပါတ်ဝန်းကျင် တစ်ဝိုက်မှာ မြုပ်ထားတယ် လို့ပြန်ဖြေပါတယ်။ ဒါနဲ့ အစ်မလည်း ဆက်မေးတယ်တဲ့။ အဒေါ့်ကို သရဲ မခြောက်ဘူးလား မေးတော့ အဘွားကြီး ပြန်ဖြေတာက တစ်ခါကတော့ အိမ်မက်ပေးတယ်တဲ့။ ဘယ်လိုအိမ်မက် လည်းဆိုတော့ အဘွားကြီးက လူသေတွေ ရင်ခွဲတိုင်း လူအဆီ တွေကို အိမ်ယူလာတတ်တယ်။ တစ်ခါတော့ လူဆီကို အိမ်ယူလာပြီး အုန်းမှုတ်ခွက်နဲ့ ထည့်ချက်တယ်တဲ့ လူဆီကဆေးဖက်ဝင်တယ်တဲ့လေ။ ညရောက်တော့ ကာယကံရှင်က သူ့အဆီတွေ လာပြန်ထား ဆိုပြီး ရက်ဆက် အိမ်မက် မက်တာနဲ့ သွားပြန်ထားပေး လိုက်ရတယ်ဆိုပဲ။
ဘယ်မှာ ဘယ်လိုပြန်ထား ထားလည်းတော့ မသိပါဘူး။ ထင်တာတော့ ကလီစာတွေနဲ့ အတူ ပြန်ထည့်မြုပ်တာနဲ့ တူပါရဲ့။ ဒီလောက်ဆို သူ့စရိုက်ခပ်ကြမ်းကြမ်းကို မှန်းလို့ ရနိင်ပါတယ်။ ဒါတွေက အဘွားကြီး ကိုယ်တိုင် ပြောပြတာကို ကျွန်တော့် အစ်မက ပြန်ပြောပြတာပါ။ အခုဖြစ်နေတဲ့ လူသေအလောင်းတွေ က အစိတ်အပိုင်းတွေ ပျောက်ပုံကို ဆက်မေးဖြစ်တော့ တိရိစ္ဆာန်ကိုက်သလို သွားရာ တွေ မရှိဘဲ ဓါး ဒါမှမဟုတ် ထက်မြတဲ့ အရာဝတ္ထုနဲ့ လှီးသလို တိတိရိရိ ပြတ်တာတွေတဲ့။ နောက်ဆုံး ဖြစ်တာက ရေနစ်သေတဲ့ အလောင်းမှာ အသားတစ်ချို့ မရှိတာတဲ့လေ။ ဟိုထင်ဒီထင်နဲ့ မြို့နေလူထုလည်း ထိတ်လန့်ရတယ်လို့ ပြောပါတယ်။ စီစီတီဗီကင်မရာတွေ တပ်တယ်လို့ ပြောပေမယ့် အခုထိ မတပ်ရသေးဘူးလို့လည်း ပြောကြပါတယ်။
အဘွားကြီးကို ပိုပြီး မသင်္ကာဖွယ်ရာ ဖြစ်ရတဲ့ အကြောင်းကလည်း ရှိပါတယ်။ အဲဒါကတော့ အဘွားကြီး ကိုယ်တိုင်က အိမ်နီးနားချင်းတွေကို လူသားစားကောင်းတယ်လို့ ပြောဖူးတယ်တဲ့လေ။ ဒီတော့ အဘွားကြီးကို ရဲစခန်းခေါ်စစ်တယ်လို့ ပြောကြပါတယ်။ မြို့ကလူတစ်ချို့ကတော့ ဒီအဘွားကြီးကိုပဲ မသင်္ကာ ဖြစ်နေကြတာပါပဲ။ တစ်ခြားသတင်းတွေ အရတော့ အဘွားကြီးကို သရဲဝင်ပူးပြီး ဒီလိုတွေ လုပ်တယ်လို့လည်း ပြောကြပါတယ်။ တစ်နေရာ တစ်မျိုးနဲ့ သတင်းတော့ စုံနေတာပါပဲ။ အခုချိန်မှာ ဘယ်သတင်း အမှန်ရယ်လို့တော့ ကောက်ချက်ဆွဲဖို့ မလွယ်သေးပါဘူး
မနေ့က ကျွန်တော့်အကို ဇနီးကိုယ်တိုင် အိမ်ပြန်လာရင်း မြင်ခဲ့တာတော့ ရင်ခွဲရုံနားမှာ ကားနောက်ခန်းကို ဖွင့်ပြီး အဲဒီအဘွားကြီးနဲ့ လူတစ်ချို့ကို ကားပေါ်ခေါ်တင်နေတယ်တဲ့။ ကားပေါ်တင်တဲ့သူက သန်လျင်က နတ်စင်တစ်ရာ ဆရာတော်ပါ။ နတ်စင်တစ်ရာ ဆရာတော်က ပရောဂ တွေလည်း နိင်နင်းတယ်လို့ နာမည်ကြီးပါတယ်။ ဒီတော့ သရဲဝင်ပူးတယ်ဆိုတဲ့ သတင်းကလည်း ဖြစ်နိင်ချေ ရှိနေပါတယ်။ စကားတို့ရဲ့ ထုံးစံအရ ကားတတ်တဲ့ သဘောလည်း ရှိနေတော့ ဘာကိုမှ ကောက်ချက်ဆွဲလို့လည်း မရပါဘူး။
ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တဲ့ ကျွန်တော့် အစ်ကိုကိုတော့ ခိုင်မာတဲ့ သတင်းစုံစမ်းပေးဖို့ မှာထားပါတယ်။ တိကျသေချာတာ သိလာခဲ့ရင် ဒီပို့စ်လေးကိုပဲ ထပ်ဖြည့်ပြီး တင်ပါ့မယ်။
http://www.myitkyoeinn.com/2010/04/blog-post_19.html
Sunday, April 18, 2010
သံလျှင်က လူသေအလောင်းကအသားကို..ဘယ်သူစားသလည်း.
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment