Sunday, April 18, 2010

ကြေကွဲဖွယ် ဝေးနေရတဲ့ ဘ၀များ..


Youtube ကတွေ့ တဲ့ video လေးပါ.. နိုင်ငံရေးလောကနဲ့ ဘာမှမဆိုင်တဲ့ သာမန်..မိသားစုကလေးတခုပါ။
ပြုံးနေတဲ့ သမီးကလေးနဲ့ ဇနီးနဲ့ ..ဘယ်လောက်ချစ်စရာကောင်းတဲ့ မိသားစု ဘ၀ကလေးပါလဲ..
ဒီလိုဘဲ..ကမ္ဘာ တဘက်ဆီ အဝေးမှာ..ချစ်သူမိသားစုနဲ့  ခွဲခွာပြီး..
ပညာရှာနေရတာဘဲဖြစ်ဖြစ်..ဥစ္စာရှာနေရသူဘဲဖြစ်ဖြစ်..ရင်ထဲ ဘယ်လောက်နာကြင် ခံစားပူဆွေးရမယ် စဉ်းစားစာနာကြည့်ကြပါ။
အခုခေတ်မှာ..ပြည်တွင်း မှာ သာမန်မိသားစု လောက်ငှစွာ စားရအောင် ရှာဖွေနိုင်ခြင်းမရှိခြင်း..အလုပ်အကိုင်ရှားပါးခြင်း..ပညာရေးအဆင့်အတန်း.နိုမ့်ပါးခြင်းစတဲ့အရာတွေ ကနေ ပြည်ပကို မိသားစုနဲ့ ခွဲပြီး.အလုပ်ရှာဖွေ လုပ်ကိုင်ရခြင်း။ အလုပ်အတွက် မျှော်ကိုး ပညာသင်ကြားရခြင်းစတဲ့..နောက်ဆက်တွဲ ဆိုးဝါးတဲ့ မိသားစု ရဲ့ နာကြင်မှုတွေကို ငွေနဲ့ လဲလှယ်လိုက်ရတယ်ဆိုတာ ပြည်ပရောက် သူတိုင်းအသိပါ။

ဒီလို ကျနော်တို့ ရဲ့ လက်ထက်တင်သာမက..နောင်လာမဲ့ မျိုးဆက်တွေ အထိပါ..ဘယ်လောက်ကြာကြာခံစားနေရဦးပါမလဲ..စဉ်းစားပြီး ဒီစာရေးပါတယ်.
ဒီမိသားစု ဟာ ဘယ်သူကျနော်တို့ မသိပါ။ နိုင်ငံရေးနှင့်လည်း သက်ဆိုင်ခြင်းအလျှဉ်းမရှိ..ချစ်စဖွယ် လူမမည် သမီးလေးနဲ့ ဇနီး..အမေ အဒေါ်အမ အဖိုး အကို ညီ တွေရဲ့ လွမ်းဆွတ်တဲ့ မျက်နှာများနဲ့ ပြည်ပရောက် သာမန်လူတဦးရဲ့ ကြေကွဲလွမ်းဆွတ်စရာ မိသားစု လေးတခုသာပါ။
ဒီလိုဘဲ ပြည်ပရောက် ညီအကို မောင်အမ..တွေ အားလုံး ဖြစ်နေ ခံစားနေရတဲ့ လွမ်းဆွတ်ကြေကွဲမှုကလေးတွေ အတွက်..ကျနော်တို့ စိတ်မကောင်းကြပါခင်ဗျာ..
နေရောင်တွေ သာမဲ့ရက်..အမှောင်တွေ ပယ်မဲ့ရက်..ဒီတရက်ရက်မှာ ပြင်ပရောက် မြန်မာတွေ ..ရင်ကော့ခေါင်းမော့ပြီး..အမိမြေကို ပြန်နိုင်မဲ့ရက်..မြန်မြန်ရောက်နိုင်ပါစေ ဆုတောင်းမေတ္တာ ပို့ သလိုက်ပါတယ်။
ကျနော်တို့ အားလုံး..ဖန်ကွဲတွေ လို မြန်မာပြည်အပြင်ဘက် အနှံ့အပြားရောက်ရှိနေရပေမဲ့ မြန်မာပြည်ကို ချစ်ကြပါသည်.. လွမ်းဆွတ်ပါသည်။ တနေ့ မှာ ပြန်ကြမည်ဖြစ်ပါသည်။..
အားလုံး အားတင်းထားကြပါခင်ဗျား..အမှောင်တွေ ကင်းမဲ့နေ့ ရက် အထိတိုင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်