၁၃၇၁ ခုနှစ် မှ ၁၃၇၂ ခုနှစ်သို့ ကူးပြောင်းမည်ဖြစ်သော အတာသင်္ကြန်ရက်များအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဆောင်ရွက်မည့် လုပ်ငန်းများ အကြောင်းအား မေးမြန်းရန်အတွက် အသင်းတည်ရှိရာ အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်ပြီး အသင်း၏ ဥက္ကဌ ဦးကျော်သူ အား မေးခွန်းအချို့ မေးမြန်းခဲ့ပါသည်။
ဘားမား ။ ။ မင်္ဂလာပါ ကိုကျော်သူ
ကျော် ။ ။ ဟုတ်ကဲ့ .. မင်္ဂလာပါ။
ဘားမား ။ ။ ဒီ ၂၀၁၀ သင်္ကြန်ရက်တွေမှာပေါ့ ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း အနေနဲ့ ဘယ်လို လုပ်ငန်းတွေ ဆောင်ရွက်သွားမှာလဲ ဆိုတာလေး သိပါရစေ။
ကျော် ။ ။ သင်္ကြန်တွင်းမှာ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်နေကြအတိုင်း နာရေးကူညီမှုလုပ်ငန်း တွေကိုဘဲ လုပ်သွားမှာပါ။ လူများတွေကတော့ နှစ်သစ်ကို အတာသင်္ကြန်ရေနဲ့ ကြိုကြတယ်ပေါ့။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းကတော့ သင်္ကြန်အကြိုနေ့မှာ ရန်ကုန် ကမာရွတ် လှည်းတန်းက အင်းလျားရွာသစ်ကျောင်း ဆရာတော်ကြီးရဲ့ ဈာပနကို ကူညီပို့ဆောင်ရင်းနဲ့ နှစ်သစ် မင်္ဂလာ အတာသင်္ကြန်ကို ကြိုဆိုဖွင့်လှစ်ခဲ့ပါတယ်။ ကျန်တဲ့ ရက်တွေမှာလဲ သေဆုံးသွားတဲ့ လူတွေရဲ့ ဈာပနကိုလည်း ကျွန်တော်တို့ ပုံမှန် လုပ်နေကြအတိုင်းပဲ ဆက်လုပ်သွားမှာပါ။
ဘားမား ။ ။ အခြား ကုသိုလ်ဖြစ်အနေနဲ့ရော ဒီသင်္ကြန်တွင်းမှာ ဘယ်လိုအစီအစဉ်တွေများ ရှိပါသေးလဲ။
ကျော် ။ ။ ကျွန်တော်တို့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းက ၀န်ထမ်းတွေနဲ့ လုပ်အားပေးတွေကို (၁၀.၄.၂၀၁၀) ဒုလ္လဘရဟန်းခံ ပြုလုပ်ပေးခဲ့ပါတယ်။ ပြည်မြို့ ရွှေပေါက်ပင်တောရ ကျောင်းတိုက်မှာ ရွှေပေါက်ပင် ဆရာတော် ကြီးမှူးပြီး ဒုလ္လဘရဟန်းခံပွဲ ပြုလုပ်ခဲ့ပါတယ်။ ၀န်ထမ်းရော လုပ်အားပေးများရော အားလုံး (၉) ပါးကို ရဟန်းဝတ်ပေးခဲ့ပါတယ်။ ဦးဇင်းတွေ အားလုံးကလည်း သင်္ကြန်တွင်း အပါအ၀င် (၁၀) ရက် တိတိ ၀တ်ပြီး အရဟံဂုဏ်တော် ရှစ်သောင်းလေးထောင် ကျင့်စဉ် ၀င်ကြမှာပါ။
ဘားမား ။ ။ နှစ်ဆန်း (၁) ရက်နေ့မှာရော ဘယ်လို ကုသိုလ်မျိုးတွေ ပြုလုပ်ဖို့ ရှိပါသေးလဲ။
ကျော် ။ ။ ကျွန်တော်တို့ နှစ်ဆန်း (၁) ရက်နေ့မှာတော့ စာနယ်ဇင်းက စာပေအနုပညာရှင်တွေက ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ကုသိုလ်ဖြစ် လုပ်အားဒါန လာပြုကြပါလိမ့်မယ်။ ကျွန်တော်တို့ အသင်းရဲ့ သတင်းတွေကို ဖြန့်ဝေပေးတဲ့ ဒီ စာပေအနုပညာရှင်တွေကို ကျွန်တော်တို့က ပြန်ပြီး ကျေးဇူးဆပ်တာပါ။ နှစ်ဆန်း (၁) ရက်နေ့ လုပ်အားလာပေးမယ့် စာပေအနုပညာရှင်တွေကို မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) အလင်းတန်း ဂျာနယ်တိုက် အရှေ့မှာ စုရပ် စီစဉ်ထားပါတယ်။ အဲဒါကနေမှ ကျွန်တော်တို့ နာရေးကူညီမှုအသင်းက ကားနဲ့ သွားရောက်ပြီး ကြိုမှာပါ။ အဲနေ့မှာ လုပ်အားလာပေးကြတဲ့ စာပေအနုပညာရှင်တွေနဲ့ လုပ်အားပေးအားလုံးကို ကျွန်တော်တို့အသင်းကနေ ထမင်းအကျွေးအမွေး စီစဉ်ထား ပါတယ်။
ဘားမား ။ ။ ကိုကျော်သူက အနုပညာရှင် တစ်ယောက်ဆိုတော့ သင်္ကြန်တွင်းမှာ ရေကစားမဏ္ဍပ်တို့ ဖျော်ဖြေရေး မဏ္ဍပ်တွေမှာ သွားပြီးတော့ ဖျော်ဖြေဖို့ရော အစီအစဉ် ရှိပါသေးလား။ ဒါမှမဟုတ် စိတ်ပျော်ရွှင်ဖို့ အတွက်ရော ဘာတွေများ လုပ်မလဲဆိုတာလေး သိပါရစေ။
ကျော် ။ ။ ဖျော်ဖြေရေး မဏ္ဍပ်တွေ ဘာတွေမှာ သွားဖျော်ဖြေဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ အရင်ကတော့ ကျွန်တော်ဟာ ရုပ်ရှင်အနုပညာရှင် တစ်ယောက်ပါ။ အခုတော့ ရုပ်ရှင်ရိုက်ခွင့် ပိတ်ထားတာလည်း (၃) နှစ်ထဲ ရောက်တော့မယ်။ ကျွန်တော်ရဲ့ လူမှုရေးလုပ်ငန်းတွေကိုပဲ ဦးစားပေး လုပ်သွားမှာပါ။ မနက် အသင်းကိုလာတဲ့ ၀န်ထမ်း ကြို/ပို့ ကားလေးကိုပဲ ရုံးအ၀င်ပေါက်ကနေ စောင့်ပြီးတော့ ၀န်ထမ်းတွေကို အတာရေနဲ့ ကြိုဆို ပက်ဖျန်းရင်းနဲ့ပဲ ကျွန်တော် ပျော်ရွှင်မှုကို ရရှိအောင် ဖန်တီးနေရပါတယ်။ သင်္ကြန်ရက်အတွင်းမှာလဲ အသင်းမှာ လာပြီး လုပ်အားပေးကြတဲ့ လုပ်အားပေးတွေနဲ့ ၀န်ထမ်းတွေကို မုန့်လုံးရေပေါ်၊ မုန့်လုပ်ဆောင်း၊ ရွှေရင်အေး၊ ထမင်း+ဟင်း၊ အကြော် ကျွေးမွေးဖို့ စီစဉ်ထားပါတယ်။
ဘားမား ။ ။ ကိုကျော်သူက အရင်တုန်းကတော့ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တစ်ယောက် ဖြစ်တယ်ပေါ့။ အခုတော့ ရုပ်ရှင်ရိုက်ခွင့်ကလည်း အပိတ်ခံထားရတော့ ရုပ်ရှင်အနုပညာရှင် တစ်ယောက်အနေနဲ့ မဟုတ်ဘဲနဲ့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ သူတစ်ယောက်အနေနဲ့ ပြည်သူတွေကို ဘယ်လို မေတ္တာတုံ့ပြန် စကားလေးများ ပြောချင်ပါသလဲ။
ကျော် ။ ။ ခုဆိုရင် ကျွန်တော်က ရုပ်ရှင်လည်း ရိုက်ခွင့်လည်း မရှိတော့ဘူးဆိုတော့ လူမှုရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် ပိုပြီး လုပ်သွားမယ်။ ကျွန်တော်က အခု လူမှုရေးလုပ်ငန်း သက်သက်ပဲ လုပ်နေတာပါ။ ဒီလို အသုဘ ချပေးနေတဲ့ လူတစ်ယောက်ကိုတောင်မှ မနာလို မရှုစိမ့်ကျတဲ့ သူတွေ၊ တိုက်ခိုက် အနှောက်အယှက် ပေးနေကြတဲ့ လူတွေ အများကြီးရှိတယ်။ ဥပမာ - ကျွန်တော် လူမှုရေးလုပ်ငန်း လုပ်ဆောင်မှုတွေကို တင်ပြထားတဲ့ Facebook ၀က်ဆိုဒ်ရှိ Kyawthu`s Fan နှင့် အသင်းရဲ့ အီးမေးလ်ဖြစ်တဲ့ ffss.yangon@gmail.com ကိုတောင်မှ အပိတ်ခံရအောင် တိုက်ခိုက်နှောက်ယှက်ကြတယ်။ ကျွန်တော် ဘုရားဟောခဲ့တဲ့ တရားစကားနဲ့ ပြောရမယ်ဆိုရင် ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်လို့ ပြောချင်တယ်။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်။ ကျွန်တော်ကို အားပေးနေတဲ့ ပရိတ်သတ်ရော ပြည်သူတွေ အားလုံးကိုရော ကျွန်တော်အနေနဲ့ ပြောချင်တာက -
ကိုယ့်လမ်း … ကိုယ်သွား
ကိုယ့်အလုပ် … ကိုယ်လုပ်
ကိုယ့်တာဝန် … ကိုယ်ကြေ
ကိုယ့်သီလ … ကိုယ်လုံ
ကိုယ့်သမိုင်း … ကိုယ်ရေး
လို့သာ ကျွန်တော် ခံယူထားတယ်။ အဲဒီ ခံယူချက်လေး အတိုင်းလည်း လူတွေအားလုံး လိုက်နာနိုင်ရင် ပိုကောင်းပါလိမ့်မယ်လို့ ကျွန်တော် ပြောလိုက်ပါရစေ။
ဘားမား ။ ။ အခုလို မေးမြန်းသမျှ မေးခွန်းလေးတွေကို ဖြေကြားပေးတဲ့အတွက် ကိုကျော်သူကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
ကျော် ။ ။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ရင်ထဲက စကားလေးတွေကို ဖွင့်ဟ လိုက်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
(ပေးပို့ပေးသူ Burma Paparazi အားကျေးဇူးတင်ပါသည်.)
Thursday, April 15, 2010
အတာသင်္ကြန်ရက်များအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဆောင်ရွက်မည့် လုပ်ငန်းများ...
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment